Friday, November 28, 2008

[Laminkhin] 1 New Entry: ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇာ သို့  မွေးနေ့  သ၀ဏ်လွှာ

ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇာ သို့  မွေးနေ့  သ၀ဏ်လွှာ




ဗိုလ်မှူး ချုပ်ဟောင်း ကျော်ဇောသို့ မွေးနေ့ သ၀ဏ်လွှာ

နေ့ စွဲ။ 25-11-2008
အကြောင်းအရာ။ ။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇာ၏ (၈၉) နှစ်မြောက် မွေးနေ့ သ၀ဏ်လွှာ ပေးပို့ ခြင်း။

၃.၁၂.၂၀၀၈ နေ့ တွင် အသက်(၈၉) နှစ်ပြည့်သော မြန်မာပြည်သူတို့ ၏ အကျိုးစီးပွားကိုဆောင်
ရွက်နေသော ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကို မြန်မာနိုင်ငံရေး အကျဉ်းသား သမဂ္ဂ မှ မွေးနေ့ 
့သ၀ဏ်လွှာ ပေးပို့ လိုက် ပါသည်။
ဗိုလ်ချုပ်၏ နှစ်ပေါင်း(၆၀)ကျော် ပြည်သူတို့ အကျိုးစီးပွား အတွက် နိုင်ငံရေး၊ စစ်ရေး တာဝန်တွေ
ကို ရဲစွမ်း သတ္တိ ရှိစွာဆောင်ရွက်ချက်ကို ကျွန်တော်တို့ သမဂ္ဂမှ ဂုဏ်ယူ ချီးကျူးအပ်ပါသည်။

ဗိုလ်ချုပ်ဟာ သူ့ ခေတ်၊ သူ့ အခါက သမိုင်းပေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ
ဖြစ်ပါသည်။ သူ၏ ကိုယ်ကျိုး စီးပွားကို ငဲ့ကွက်ခြင်း မရှိဘဲ တိုင်းပြု ပြည်ပြုလုပ်ဆောင်ချက်များသည်
မြန်မာ့သမိုင်းမှာ ထာဝရ ရှင်သန်နေမည် ဖြစ်ပါသည်။

ဒီနေ့ ခေတ် လူငယ် - လူလတ်အားလုံးတို့ သည် ဗိုလ်မှူးချုပ်၏ ဘ၀ဖြစ်စဉ်တွေကို လေ့လာပြီး
စံပြခေါင်းဆောင် ကြီးအဖြစ် အသိအမှတ်ပြုဖို့  လိုအပ်ပါသည်။
ခေတ်သစ် မြန်မာ့နိုင်ငံရေး သမိုင်းတွင် စစ်အာဏာရှင်စနစ်ကို ဖြိုချဖျက်ဆီးပစ်ပြီး ဒီမိုကရေစီ
နိုင်ငံတော်သစ်ကို တည်ဆောက်ရမည့် အချိန်ဖြစ်ပါသည်။ သမိုင်းအစဉ်လာ ကြီးမားသော မြန်မာပြည်
သူတို့ သည် အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် အကျဉ်းသားများသမဂ္ဂ အပါအ၀င် အဖွဲ့အစည်း
မျိုးစုံတို့  လက်တွဲကြပြီး တိုက်ပွဲဝင်ကြ ဖို့  နှိုးဆော်ရင်း ဤသ၀ဏ်လွှာကို ပေးပို့ လိုက်ပါသည်။




မြန်မာနိုင်ငံရေး အကျဉ်းသား သမဂ္ဂ
ထိုင်း - မြန်မာ နယ်စပ်

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.