ဆရာ့...ဆရာ...ဆရာ့...
ကျနော်လည်းတွေးရင်း အမကြီး မအိန္ဒြာတော့ တူလေးတွေ ကိုင်ထားတဲ့ ဆရာသုံးယောက်ကြား မျက်လုံးလေး လည်ကလည်ဖြစ် နေမလားလို့ စဉ်းစားမိတယ်။ ကျနော်ကသာထင်နေတာပါ တကယ်တော့ အမကြီး ရဲ့ဆလင်းဘတ် အိတ်ထဲမှာလည်း တူလေးတစ်ချောင်း ပါချင်ပါနေမှာ…အဲဒီအချိန်များ အရက်ကြိုက်တဲ့ ဆရာကိုရင်၊ ဆရာဆိုးသွမ်း၊ ကြွက်ထောင် တဲ့ ဆရာဒူကဘာ၊ ဓါးသွေးနေတဲ့ ဆရာမိုးကြယ်၊ တောင်ပေါ်တက်နေတဲ့ ဆရာတောင်ပေါ်သား၊ ခံစားချက်ပြင်းပြင်းနဲ့ ကဗျာတွေဖွဲ့တက်တဲ့ ဆရာကောင်းကင်ကို၊ ဗေဒင်ပညာမှာ က၀ိတစ်ဆူဖြစ်တဲ့ ဆရာရမ်းဂမ်း၊ အတွေးကောင်းအရေးကောင်းတဲ့ ဆရာအိုင်လွယ်ပန်၊ အဘိဓါန်ကြီး တကုတ်ကုတ်ရေးနေတဲ့ ဆရာ စိုင်းခမ်းထွန်း၊ နှင့် အခြားအခြားသော ဘလော့ဂ်ဂါ ဆရာကိုကို၊ ဆရာမမတွေ ဆုံပြီး တစ်ယောက်ကို တစ်ယောက်ကို "ဆရာ့ ဆရာ ဆရာ" တွေ မိုးမွန်အောင်ပြောနေကြရင် ဘယ်လိုများနေမလည်း ကျွန်တော်တွေးမိတယ်ဗျ။ ဘယ်လိုပဲ ပြောပြောပါဗျာ ဟာသလေးထဲက ဆရာကတော့ သူ့ကိုယ်သူ သေချာပြောပြီး ပြန်သွားတယ်ဗျ...။ အချို့သော ဆရာတွေကတော့ တူလေးတွေ ခါးကြားချိပ်ပြီး လူနာရှင်ရဲ့ ပစ္စည်းတွေကုန်တဲ့ အထိ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်မလို၊ ဒီဟာလုပ်မလိုနှင့် လူနာသာမျက်ဖြူလန်တဲ့အထိ အိမ်ဦးခန်းမှာတတ်ပြီး တတ်ရောင်ကား လုပ်ရင်း၊ ရိုက်စားလုပ် တတ်ကြတယ်ဗျိုး...။ (စကားချပ်) ဘလော့ဂ်ဂါမမများကို ဆရာတပ် တစ်ယောက်ချင်းကြည်စယ်လိုသော်လည်း "ဖိုးမောင်ရယ် မင်းဟာက အမြင်မတော် ဆင်တော်ခလောက်ဆွဲသလို"ဟု ကဲ့ရဲ့စကားဆိုမည်ကို စိုးရွံ့၍၄င်း အကြောင်းမဟန်က အထောင်းခံရမည်ကို လန့်တော်မူ၍၄င်း၊ မကြည်မသာ အတည်နွာကြမည့်အရေး တွေးပူသဖြင့်၎င်း၊ အကြမ်းပတမ်းနှင့် ၀ရမ်းထုပ်ကာ ဖမ်းမည့်အရေးကို ကြောက်တော်မူ၍၄င်း... ဆရာပန်၊ ဆရာချို၊ ဆရာဗေ၊ ဆရာရာ၊ ဆရာဝါ၊ ဆရာသက်၊ ဆရာကေ၊ ဆရာဝေ၊ ဆရာအိ၊ ဆရာမိ၊ ဆရာခင်သားအမိ အစရှိသဖြင့် အမည်ရရှိနိုင်သည့် ဆရာများကို ချပ်လှပ်ခဲ့ရပါကြောင်း…။ မည်သည့်ဆရာမှ မဟုတ်သော လူသားစင်စစ်ဖြစ်သော ဖိုးမောင် P.S/ ၁၅၀၀ ကိလေသာဝိတ်တန်းကို ကြိတ်မှန်းကာ စိတ်ရမ်းနှင့်ပြိုင်နေသဖြင့်.. ၀ိတ်နာကျပြီး အိပ်ရာမထနိုင်ကာ စာမရေးနိုင် ဖြစ်နေသော.. ဆရာမိုးမောင်အစား မည်သည့် ဆရာမှမဟုတ်သော ကျနော်လည်း အပျင်းပြေပြုံးစရာလေး ရေးလိုက်ပါတယ်ခင်ဗျာ… ချစ်ခင်လို့ ကြည်စယ်ခြင်းပါခင်ဗျာ… အမှားပါလျှင် သည်းခံပေးကြပါ…။
ကျနော်လည်း Blogမှာ တတ်သလောက် မှတ်သလောက်စာလေးတွေရေးရင်း သူငယ်ချင်းတွေ၊ ညီအကို မောင်နှမတွေ တိုးလာတယ်ဗျိုး... ဒါနဲ့ပြောရအုံးမယ်... ဟိုတစ်ရက်က အမကြီး အိန္ဒြာ၊ ညီလေး မိုးမောင်၊ ညီတော် အိမ်မက်ရှင်နှင့် ညီငယ် မိုးမြင့်တိမ်တို့ အလုပ်နားရက်မှာတွေ့ကြတယ်တဲ့... နောက်နေ့ကြတော့ အမကြီးက ကျနော့ကိုသတင်းပေးတယ်... "ဟဲ့ဖိုးမောင်...နင့်ညီတွေနှင့်တွေရတာ ပျော်စရာတော့ကောင်းပါတယ်...ဒါပေမဲ့ ဒီကောင်လေးတွေ ဘာစိတ်ကူးပေါက်နေလဲ မသိပါဘူး...တစ်ယောက်ကို တစ်ယောက် "ဆရာ၊ ဆရာ" ခေါ်နေကြလို့ ကြားထဲက အမြင်ကပ်တယ်ဟ" တဲ့.... အမကြီးက အဲလိုပြောတော့ ကျနော်ကြားဖူးတဲ့ ဟာသလေးတစ်ခု သွားသတိရမိသွားတယ်ဗျ...။
ဒီလိုတဲ့ဗျ... တခါကသားအဖနှစ်ယောက် ရွာတစ်ရွာကို အလည်သွားကြတယ်။ အဲဒီရွာလည်းရောက်ရော..သမီးဖြစ်သူက ခရီးပမ်းပြီး ဖျားပါလေရော။ အဖေလုပ်သူလည်း စိုးရိမ်ပြီး ပြာယာခပ်နေတယ်။ အိမ်ရှင်တွေကလည်း အလုပ်သွားနေတော့ ဆေးဆရာပင့်ဖို့ မေးစရာ လူမရှိဖြစ်နေရော။ မတတ်နိုင်ဘူး...ရွာထဲလျှောက်ကြည့်အုံးမှလို့ စဉ်းစားပြီး အပြင်ထွက်ရှာတာပေါ့။ ရွာထဲရောက်ပြီး လူတစ်ယောက်တွေ့တာနှင့် "ဒီရွာမှာ ဆရာဘယ်နားရှိလဲ" လို့မေးတော့၊ အမေးခံရတဲ့လည်း "ဟိုနားမှာ ဆရာတစ်ယောက်တော့ ရှိတယ်ဗျ၊ ဟိုအိမ်ပဲဗျာ" လို့ပြောပြီး လက်ညှိုးညွှန်ပြလိုက်ပါတယ်... အဲဒါနှင့် အိမ်ရှေ့ရောက်တော့ "ဆရာရှိလားဗျို" လို့လှမ့်းအော်မေးတော့ "ရှိတယ်ဗျို" လို့ပြောသံကြားရင်ပဲ...အရေးကြီးလို့လိုက်ခဲ့ပါ ပြောပြီး ခေါ်ခဲ့လိုက်တယ်... ဒါနဲ့ ဆရာဖြစ်သူလည်း အိတ်ကလေးတစ်လုံးရယ် တူလေးတစ်ချောင်းရယ် ကိုင်ပြီးလိုက်လာတာပေါ့။ အိမ်ရောက်တော့ ဘယ်မှာလဲဗျို့လို့ ဆရာကမေးတော့ နေမကောင်းဖြစ်နေတဲ့ သူ့သမီးလေးကိုပြတယ်။ အဲဒီမှာ ဆရာလုပ်သူက မျက်မှောက်ကုတ်ပြီး ခင်ဗျားကလည်း သေချာမပြော ကျုပ်ကလည်း သေချာမမေးဘဲ လိုက်လာခဲ့တယ်ဗျို့။ တကယ်တော့ ကျုပ်က ဆေးဆရာမဟုတ်ဘူး။ နွားသင်းကွပ်တဲ့ ဆရာဗျတဲ့... အဲဒီမှာ ဖအေလုပ်သူလည်း မျက်လုံးပြူးသွားသလို လူမမာ ကလေးမလေးလည်း မျက်လုံးလေး ကလည်ကလည်ဖြစ်သွားတယ်တဲ့...
You received this email because you are subscribed to the real_time feed for http://happycloud1000.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.