စပ်မိစပ်ရာ GN’R
ငယ်စဉ်ကာလ လူပျိုငယ်ဘ၀က ကျနော်တို့သူငယ်ချင်းတစ်သိုက် GN’R (Guns N’ Roses) ကို သိပ်ကြိုက်ကြတာပေါ့။ အင်္ဂလိပ်စာသာ ညံရင်နေမယ် စာသားတွေ ရအောင်ရှာကြ့ အသံသေးအသံကြောင်တွေနဲ့ Axl Rose ပုံစံမျိုးတွေဆိုကြပေါ့။ သင်္ကြန်များကျပြီဟေ့ ဆိုရင် ဂျစ်ကားရှေ့မှာ GN’R စတစ်ကာ ကြီးကို ပလတ်စတစ်လောင်း အရိုးခေါင်း အလံတွေ တကားကားနဲ့ အများ အခေါ်တော့ သရုပ်ပျက် အနောက်တိုင်း ယဉ်ကျေးမူယစ်မှူး ကြသူတွေပေါ့။ ဆံပင်ရှည်ရှည် ကိုယ်ကျပ်ဘောင်းဘီများနဲ့ တွေးမိတိုင်းပြုံးမိပါတယ်။ အဲဒီခေတ်အခါကလည်း GN’R သီချင်းတွေကို တုစုပြုပြီး မြန်မာစာသားများ ထည့်ကြဆိုတော့ အင်္ဂလိပ်အသံမနိုင်ကြတဲ့ (အမှန်တော့ အသံကို မထွက်တတ်တာပါ) ကျနော်တို့တစ်သိုက်မှာ အကြိုက်တွေ တွေ့လို့ပေါ့။ အသဲစွဲ သီချင်းများကတော့ Sweet Child O’ mine, November Rain, Don’t Cry, Welcome to the Jungle.အများကြီး ပါဘဲ။
GN’R ကို ၁၉၈၅မှာ Hollywood Rose ဆိုတဲ့နာမည်နဲ့ Axl Rose ကဦးဆောင်ဖွဲ့ခဲ့တာပါ။ စခါစ တော့ ခွေမထုတ်နိုင်သေးဘဲ ဟိုနားလျှောက်တီးဒီနားလျှောက်တီးပေါ့။ နောက်ဆုံးကျတော့ recording company A&R ကသဘောကျလို့ ခွေထုတ်ပါရစေဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ အဲဒီတော့ Axl ကပိုက်ဆံကြိုယူတဲ့အပြင် A&R executive အမျိုးသမီးက Sunset Strip ခေါ်တဲ့ Hollywood က နာမည်ကြီးတဲ့ လမ်းမှာ ကိုယ်တုံးလုံးနဲ့ လျှောက်ရင် လက်မှတ်ထိုးပေးမယ်လို့ ပြောလိုက်တယ်။ တကယ်လျှောက်လား မလျှောက်လားတော့မသိဘူး။ နောက်ဆုံး သူတို့လက်မှတ်ထိုးလိုက်ကြတယ်။
သီချင်းများက ကောင်းတော့ ခွေထွက်ထွက်ချင်း ပေါက်တာပါဘဲ။ Rock လောကကြီးမှာ GN’R ဟာ ဟုန်းဟုန်းထ အောင်မြင်လာတယ်။ Axl နဲ့ Slash ဟာ လူငယ်တွေရဲ့ အသည်းစွဲ Rock Hero တွေ။ တခြားသော Rock Bands တွေလဲ အောင်မြင်ပါတယ်။ AC/DC, Metallica, Skid Row အစရှိတဲ့ အဖွဲ့တွေလည်း အောင်မြင်ကြပါတယ်။ သို့သော် Axl နဲ့ Slash လို လူသိမများကြဘူး။ Band အနေနဲ့သာ သိကြတယ်။
အောင်မြင်မူရဲ့ဒဏ်ကိုတော့ GN’R လည်းကြာကြာမခံနိုင်ပါဘူး။ မူးယစ် တွေဝေ ပြီးကွဲကြတာ ပါဘဲ။ အဓိကကတော့ Alx နဲ့ Slash ပါဝါပြိုင်ကြတယ်ဘဲဆိုပါတော့။ ၉၃မှာ ကွဲကြတယ်။ ၈နှစ်တာ ကာလအတွင်း စီးရီး ငါးခု ထွက်တယ်။ အားလုံးမှာ နာမည်ကြီးသီချင်းတွေကိုယ်စီနဲ့။ ကွဲပြီးတဲ့အချိန်ကစပြီး Axl ဟာစီးရီးတခုကို သူဘာသာထုတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ နောက်ဆုံး ၁၅နှစ်ကြာပြီးမှာ Chinese Democracy ဆိုပြီးထွက်လာတယ်။
GN’R Chinese Democracy ထွက်မယ်လို့ကြားတာ ၂၀၀၀ခု လောက် ကတည်းက။ Axl ဟိုနားမှာ အမြည်းလေးဆိုပြလိုက်။ အင်တာနက်မှာ ခွေကြမ်းလေးထွက်လိုက်နဲ့။ ငယ်ငယ်က လို အရူးအမူးကြီးမဟုတ်တော့ သိပ်အရေးမထားခဲ့ဘူး။ တခါတလေ ကြုံရင်တော့ သူတို့ဆိုက်မှာ သတင်းလေးဘာလေးဖတ်ပေါ့။ ဒီဇင်ဘာလဆန်းမှာ Chinese Democracy ထွက်လာတော့ အလုပ်တွေများနေတာနဲ့ နားမထောင်ဖြစ်ဘူး။ နောက်ဆုံးကြမှာ နားထောင်ဖြစ်တယ်။ ကောင်းလိုက်တာဗျာ။ ဟိုးတုန်းက အတိုင်း
ကောင်းမြဲကောင်းတုန်း။
ပြောချင်တာက အခုမှလာပြီ။ ရှေ့က စကားတွေခင်းခဲ့တာ။ အခုခေတ်မှာ ၈၀၊၉၀ က နာမည်ကြီးပြီးကွဲခဲ့တဲ့ တီးဝိုင်းတွေဟာ ဘော်ချက်တဲ့အနေနဲ့ ပြန်စုကြ စီးရီးတွေ အသစ်အဟောင်းရောပြန်ထုတ်ကြ။ တချို့လည်း စင်ပေါ်ပြန်ရောက် တချို့လည်း ဒုံရင်းက ဒုံရင်းဘဲ။ အဓိက ကတော့ သူတို့ကို ကြိုက်ခဲ့တဲ့သူတို့ရဲ့ ပရိတ်သတ်ဘဲ။ အသက်တွေကြီးကုန် ပြီလေ။ အရင်တုန်းကလို crazy မဟုတ်တော့ဘူး။ ၃၀-၄၀ တန်းတွေဖြစ်နေပြီ။ အတွေးခေါ်တွေ ပြောင်းကုန်ပြီ။ ငယ်ငယ်တုန်းကလို ရှေ့ဆုံးတန်းမှာ ခေါင်းတွေလက်တွေရမ်းပြီး လိုက်မဆိုတော့ဘူး။ တီးဝိုင်းတွေလည်း ပရိသတ်နဲ့အတူ ပြောင်းလဲဖို့လိုတယ်။ ဘော်ချက်များကတော့ ပရိသတ်ကြီးကို ကလေးတွေလိုဘဲထင်တုန်း။ ခပ်ပေါပေါ ပုံစံတွေလုပ်တုန်း။
GN’R ကတော့ အဲလိုမဟုတ်ဘူး။ ရင့်ကျက်လာတယ်။ စာသားများကတော့ ဟိုးတုန်းကလို ပြောင်မြောက်စေဘဲ။ Axl မမူးတော့ဘူး။ စာသားများဟာ လေးနက်တယ်။ နိုင်ငံရေးအတွေးခေါ်တွေပါတယ်။ သူ့ဘ၀ အကြောင်းတွေပါတယ်။ သူ့ သူငယ်ချင်း Slash အပေါ် မကျေနပ်တာတွေပါတယ်။ အစိုးရကို အစာမကြေတာတွေပါတယ်။ သီချင်းအဆူတွေပါတယ်။် သီချင်းအငြိမ့်တွေပါတယ်။ နားထောင်ပြီးတော့ အတော်ကြီးကျေနပ်တယ်။ စောင့်ရကြိုးနပ်တယ်လို့။
ဒီရောက်ခါစ က ကျနော်တို့မြို့မှာ GNR live show ကြုံတယ်။ ကြည့်ချင်လိုက်တာ ပိုက်ဆံမရှိလို့ မကြည့်ခဲ့ရဘူး။ ဒီတခေါက်တော့ သူတို့များပြန်လာခဲ့ရင် ရှိတာပေါင်နှံပြီး သွားကို ကြည့်အုန်းမယ်။
မြန်မာပြည်မှာတော့ နားထောင်လို့တောင်ရပါမလားမသိဘူး။ Chinese ရယ် Democracy ရယ် ပါတော့ ပြီးပြီးပေါ့။ နားထောင်ချင်တယ် စာသားတွေဖတ်ချင်ရင်တော့
နားထောင်ရန် http://www.deezer.com/#music/album/255900
စာသားဖတ်ရန် http://chinesedemocracylyricsgnr.blogspot.com
GN’R ရှင်သန်ပါစေ။
—ကျော်မိုးဥာဏ်—
You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.