Sunday, December 14, 2008

[ကပ်ပါပေ့ ပီကေရယ်] 1 New Entry: သင်ခန်းစာ

သင်ခန်းစာ

အခန်း (၁)

ကျနော် ဒီလမ်းအတိုင်း လျှောက်လာခဲ့တယ်။ လမ်းဘေးတစ်ဖက်မှာ အင်မတန် နက်တဲ့ ကျင်းကြီး တစ်ကျင်း ရှိတယ်။ ကျနော် အဲဒီကျင်းထဲ ပြုတ်ကျသွားတယ်။ အောင်မယ်လေး ... ပြန်တက်လာနိုင်ဖို့ အတော်လေး ကြိုးစားလိုက်ရတယ်။ ဘာပဲ ဖြစ်ဖြစ် ကျနော့် အမှားပါ။

အခန်း (၂)

အရင်လမ်းအတိုင်း လမ်းလျှောက်လာခဲ့တယ်။ ကျနော် စောနက ကျင်းထဲ ထပ်ကျတယ်။ ဒီတစ်ခါလည်း အပေါ်ရောက်ဖို့ အတော်လေး ကြိုးစားလိုက်ရတယ်။ ဒါတော့ ကျနော်လည်း မတတ်နိုင်ဘူး။

အခန်း (၃)

ဒီလမ်းကိုပဲ ထပ်လျှောက်နေမိတယ်။ စောန ကျင်းထဲလည်း နောက်တစ်ခေါက် ထပ်ကျပြန်ရော။ အကျင့်ကြီးကို ဖြစ်လို့။ ကျနော်ကိုက အမှတ်မရှိတာပါ။ ချက်ချင်းပဲ အမြန် ရအောင် တက်လိုက်တယ်။

အခန်း (၄)

ကျနော် ဒီလမ်းကိုပဲ ထပ်လျှောက်မိပြန်ပြီ။ တွင်းနက်ကြီးကို ကျနော် မြင်လိုက်တယ်။ ဘယ်ရမလဲ။ ကျနော် ဘေးက ရှောင်သွားလိုက်တယ်။

အခန်း (၅)

"ဒီလမ်းထဲကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူး" ဆိုတဲ့ သီချင်းလိုပဲ။ ကျနော် တခြားလမ်းကပဲ လျှောက်တော့တယ်။

You received this email because you are subscribed to the real_time feed for http://pikay.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.