ဖုန်း
အခုရက်ပိုင်း မနက်စောစော အိပ်ယာထ ကုသိုလ်ကောင်းမှုလေးတွေလုပ်ထားတော့ လူက စိတ်ကြည်လင်ပြီး လန်းဆန်းနေတယ်....မပြောချင်တော့ပါဘူးဗျာ ( ပြောမှာပဲ ) မနက်က အစောကြီး ဖုန်း ၂ လုံးဝင်လာပါတယ် ဖုန်းသာဆောင်ထားတယ် အပြင်ကိုလည်ဲး သိပ်မခေါ်ဖြစ် ဖုန်းမသုံးတာကြာနေပြီးး သူဌေအိမ်း က အစ်မကြီး ( ကရင် ) တွေကတော့ သူတို့ အိမ်နဲ့  ဆက်သွယ်ရင် ကျနော့် ဖုန်းနဲ့ ပဲဆက်သွယ်ကြပါတယ်...။
မနက်အစောကြီးဝင်လာတဲ့ဖုန်းတွေ
ပထမဖုန်း.....6.16 AM
ဖုန်းသံကြားတာနဲ့ ဖွင့်လိုက်ပြီးးး
ဖြေ။ ။ဟယ်လို
မေး။ ။အဲ့ဒီမှာ ကရင်မ ရှိလားးး
( ဟားးး လူက အိပ်ချင်မူးတူးနဲ့  လန့် သွားတာပဲ)
ဖြေ။ ။ဗျာ ...ဘယ်က ကရင်မ လဲ
မေး။ ။နင်တို့  အိမ်က ကရင်မပဲ ကရင်မကို အခုခေါ်ပေးး
ဖြေ။ ။ အစ်မ စကားပြောတာ ဖြေဖြေပြောပါ အစ်မပြောတဲ့ ကရင်မ ဆိုတာကို ကျနော် က ဘယ်လိုသိမှာလဲ ဒီအိမ်မှာက ကရင်တွေ အများကြီးပဲလေ...
မေး။ ။ဟေး...ငါက တိုးတိုးတွေ ၊ဖြေဖြေတွေ မပြောတတ်ဘူး ကရင်မ ကိုခေါ်ပေးဆိုခေါ်ပေး အဲ့ဒီ ကရင်မနာမည် *ပန်းဖြူ *
ဖြေ။ ။ ဘယ်က ပန်းဖြူလဲ ပန်းဖြူလည်း မသိဘူး ပန်းနီ လည်း မသိဘူး စောစောစီးစီးဗျာ
( ကျနော်လဲ ဒေါသထွက်သွားတော့ သူအော်သလိုအော် ပြီးဖုန်းပိတ်လိုက်တယ် စဉ်းစားကြည့်လေဗျာ မြန်မာ လူမျိုးချင်းစကားပြောတာပဲ အကျိုးသင့်အကြောင်းသင့်ပေါ့ အခုဟာ က အရက်ကြွေးလာတောင်းနေသလိုပဲ စိတ်ပျက်လိုက်တာ )
ဒုတိယဖုန်း......8.05 AM ( အလုပ်သွားမလို့ ပြင်ဆင်နေတဲ့ အချိန် )
ဖုန်းဝင်လာတော့ မနက်က အရှိန်ကမကုန်သေးဘူ့း လူကသိပ်စိတ်မကြည်တာနဲ့ 
ဖြေ ။ ။ ဟုတ်ကဲ့ ....ပြောပါ
မေး ။ ။ ဟယ်လို...မမျိုး ကို ခေါ်ပေးပါ မမျိုးရှိလား
ဖြေ ။ ။ဘယ်က မမျိုးလဲဗျ နာမည်မှားနေတယ် ထင်တယ် ကျနော် ကိုမျိုးပါ
မေး ။ ။ မင်းက ဘယ်ကလဲကွ
ဖြေ ။ ။ အော်....ကျနော် မဲဆောက်ကပါ ဘာကိစ္စရှိလို့ လဲမသိ
မေး ။ ။ သေချာပါပြီး ငါသတင်းရလို့ ဖုန်းဆက်တာ ကွ မမျိုး ဆိုတာ ငါ့မိန်းမပဲ မင်းနဲ့ အတူတူ ရှိနေတယ်ဆိုတာ ဟုတ်နေပါပြီးးး
ဖြေ။ ။ ဘာ...
ဘာတွေ လာပြောနေတာလဲ အစ်ကို့ မိန်းမ မမျိုးဖြစ်တာနဲ့  ကျနော်နဲ့  ဘာဆိုင်လို့ လဲဗျ...
( အလကား သက်သက် ဒုသနသော ကံထိနေပြီး )
မေး ။ ။ ဟေ့ကောင် မင်းဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ ငါ့မိန်းမကို အခုခေါ်ပေး သူ့ ကိုဖုန်းပေးလိုက်စမ်း
ဖြေ ။ ။ ဟား ဒီနေ့ မနက်ဘာတွေ လာဖြစ်နေတာလဲ ကွာ
ဒီမှာ အစ်ကို့ ပါသာ ကိုယ့်မိန်းမ ကိုရှာချင်ရင် ဆိုင်းဘုတ်မှာ နာမည်ရေးပြီး လိုက်ရှာဗျာ
ကျနော့် ကိုအမှုလာမပက်နေနဲ့ 
ကိုယ်ခေါ်တဲ့ဖုန်း နံပါတ်ကိုလဲသေချာ စစ်အုံး ရူးကြောင်ကြောင် လာလုပ်မနေနဲ့ ....
( ကိုယ့်ပါသာ အေးဆေးနေ နေရင်နဲ့ သူများမယာ အကြောင်သွားရိုက်နေတာကျနေတာပဲဗျာ ဒီကကောင်က လူပျိုစစ်စစ် ရေတစ်စက်တာင် မရောရသေးဘူးဗျ (ဟီးဟီးး) )
ရေးခဲ့ဖူးတဲ့ အဟောင်းတစ်ပုဒ် ဒီမနက်လည်း ထိုနည်းတူစွာ ဖုန်းတစ်လုံးဝင်လာတော့ သတိရပြီး ပြန်တင်လိုက်တား) ကြွက်ခုတ်တာပေါ့နော့် ။
You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.