အရမ်းချစ်တဲ့ ချစ်သူတစ်ယောက်အကြောင်း
တကယ်တော့ မြန်မာပြည်ဆိုတာ
အရမ်းချစ်ပြီး ဘယ်လိုမှလက်ထပ်လို့မဖြစ်နိုင်တဲ့
မိန်းမတစ်ယောက်ပေါ့ …
ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ ...
၂၁ ရာစုမှာ internet ကို
ဆန်တစ်ပြည်လောက်မှ တန်ဖိုးမထားတဲ့ မိန်းမ ...
အမှောင်ထဲမှာပဲ ပျော်ပိုက်ပြီး
ညတွေမှာ မီးမလင်းနိုင်တဲ့ မိန်းမ ...
ခဏခဏပြင်ပြီး အညာခံနေရတဲ့
နှစ်သုံးဆယ်စီမံကိန်းပညာလောက်ပဲတတ်တဲ့ မိန်းမ ...
ပြည်ပလုပ်အလှပြင်ကိရိယာ ပြည်ပကနည်းပညာနဲ့
ကိုယ့်ကိုယ်ကို အလှဖန်တီးရှင်ပါလို့
စက်မူဇုန်ထဲကနေ ကြုံးဝါးနေတဲ့ မိန်းမ …
တတ်သမျှပညာတွေ ရှိသမျှလုပ်အားတွေနဲ့
ပြည့်ပြည့်ဝဝ လုပ်ကျွေးတာတောင်
လက်ဖက်ရည်ဖိုးလောက်ပဲ ပြန်ပေးချင်တဲ့ မိန်းမ ...
သည်းခံယူပြီး ပြုပြင်ပေးချင်တာတောင်
အုပ်ထိန်းသူက လက်သင့်မခံတဲ့ မိန်းမ ...
ယုတ်မာကောက်ကျစ်ပြီး အကြံပက်စက်လွန်းတဲ့
ပထွေးရဲ့တာဝန်ယူမူကို ခံထားရရှာတဲ့ မိန်းမ …
အုပ်ထိန်းသူတွေ ကိုယ်တိုင်က
ပြည့်တန်ဆာဇာတ်သွင်းခြင်းကို
မသိမသာ ခံနေရရှာတဲ့ မိန်းမ ...
သားသမီးတွေကို နွေးနွေးထွေးထွေးချစ်တတ်ပေမယ့်
ပထွေးမျက်နှာကြည့်ပြီး အသက်ရှူနေရရှာတဲ့ မိန်းမ …
ဒီလိုမိန်းမမျိုးနဲ့ကျွန်တော်
ဘယ်လိုလက်ထပ်လို့ဖြစ်နိုင်ဦးမှာလဲဗျာ ...
ဘယ်လိုပဲ ရည်းစားတွေထပ်ပြီးထားထား
သူ့ကိုတော့ တစ်နေ့မှမေ့မရနိုင်တာ အမှန်ပါပဲ ...
တကယ်လို့များ ...
သူ့ပထွေးကြီးမရှိတော့ဘူးဆိုရင် …
လက်ဖက်ရည်ဖိုးလောက်ပဲ ပေးပေး
ပြည့်တန်ဆာပဲဖြစ်နေပါစေ
အရာရာကိုပြုပြင် လက်ထပ်ချင်တဲ့ကောင်ပါ ...
တကယ်တော့ ...
ကျွန်တော့်ချစ်သူ မြန်မာပြည်ဟာ
စိတ်သောကတွေကြုံတိုင်းမှာ
အဖေကိုလွမ်းဆွတ် ငိုကြွေးတတ်တဲ့
အရမ်းလှပတဲ့ဗီဇတွေကို
ပထွေးက အနိုင်ကျင့် အစော်ကားခံလိုက်ရတဲ့
ချစ်စရာကောင်းတဲ့ မိန်းမတစ်ယောက်ပါ ...
အခုတော့ ကျွန်တော် မိဘသဘောတူထားတဲ့ ချစ်သူ (singapore) နဲ့ပဲ တွဲနေရတယ်...သူ့ကို မချစ်ပေမယ့်.... အရမ်းချစ်ရတဲ့ ချစ်သူ (myanmar) ကိုဆက်ပြီးလက်တွဲ နေဖို့က ဘယ်လိုမှမဖြစ်နိုင်တာ....
Author : Singapore နဲ့ချစ်သူဖြစ်နေသူတစ်ဦး
Former ABSDF Chairman Htun Aung Gyaw Joined United Democratic Party of Myanmar
နှစ်မလက်လျှော့ နေလေတော့
ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,13th,2008
သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်
( 1 )နိုဘယ်လ် ထိပ်သီး ညီလာခံ မြန်မာ့အရေး အလေးပေး
( 2 )The UN must not admit defeat under the military dictators of Burma
( 3 )Looking Beyond 2010 Election in Burma
( 5 )အဲန်အယ်လ်ဒီ (လွှတ်မြောက်နယ်မြေ) က နိုင်ငံတကာ လစ်ဘရယ်အဖွဲ့ ၀င်ခွင့်လျှောက်
( 6 )Nobel laureates launch appeal for Suu Kyi
( 7 )'Myanmar arrested 308 drug peddlers in November'
( 8 )Myanmar working on Suu Kyi appeal
( 9 )Myanmar releases former dictator's daughter from house arrest
( 10 )Nobel laureates urge action for Suu Kyi's release
ခေါင်းမာမှုနှင့် သည်းခံမှု ခြားနားချက်
သျှမ်းသံတော်ဆင့်
သည်းခံခြင်း (သို့) ခန္တီတရားသည် ခေါင်းဆောင် အကြီးအကဲတို့တွင် ရှိရမည့် ကျင့်စဉ်တရပ် ဖြစ်၏။ သည်းခံမှုရှိသော ခေါင်းဆောင်ကား တရားဓမ္မ လက်ကိုင်ထားသူ ဖြစ်သည်။ နိုင်ငံ့ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဘဲနှင့် အာဏာရာထူးတည်မြဲရေးအတွက် စွဲလန်းဖက်တွယ်ရန်သာ ကြိုးစား ကြံစည်ကြသူများကိုမူ ခန္တီတရားရှိသူထက် အရေထူခေါင်းမာသူ မိစ္စာ ဒိဌိအဖြစ် သံသယရှိရပေမည်။
သည်းခံခြင်း (သို့) ခန္တီတရားဆိုသည်မှာ မိမိ၏ပကတိ သဘာ ၀ စိတ်နေစိတ်ထားကို ထိန်းသိမ်းနိုင်သည့်အနေ အထားဖြစ်၏။ မိမိ မလိုလားမနှစ်သက်သည့် အချင်းအရာအမှုကိစ္စ၏ ထိပါးရိုက်ခတ်မှုကို မည်သို့ပင်ခံစားရပါစေ၊ မလှုပ်မရှားမလွှင့်မပါး၊ ခိုင်မာလေးနက်စွာရပ် တည်နိုင်ခြင်းဖြစ်၏။ မိမိအပေါ်ဝေဖန်ထောက်ပြမှု၊ ဖိအားပေးတိုက်တွန်းမှု၊ ထိပါး ဂယက်ရိုက်ခတ်မှုအပေါ်မခံမရပ်နိုင်ဘဲ နေ့စဉ်နှင့်အမျှ ရှူးတူးရှဲတဲ တုန့် ပြန်တတ်ခြင်းသည် သည်းခံခြင်း၊ ခန္တီတရားနှင့် လားလားမျှမအပ်စပ် မလျော်ညီ ဆန့်ကျင်ဖီလာ ဖြစ်၏။ ခေါင်းမာစွာ မာန်မာနထောင်လွှား ခြင်းသာ ဖြစ်သည်။( ဆက်ဖတ်ရန် ) ခေါင်းမာမှုဆိုသည်မှာအဘယ်နည်း။ အနက်အဓိပ္ပါယ်ဖွင့်ဆိုရ လျှင် - နားထောင်နာယူခြင်း၊ လက်ခံစဉ်းစားခြင်း၊ လက်ကမ်းကြိဆိုခြင်းအလျဉ်းမရှိ၊ ထက်မြက်လိမ္မာမှုနတ္ထိဖြစ်၏။ ထို့ထက်မက မတည်ငြိမ် ခြင်း၊ ကျွတ်ဆတ်ခြင်း၊ အပူအအေးဓါတ်မခံစားနိုင်ခြင်း၊ နူးညံ့သိမ်မွေ့မှု မရှိခြင်း၊ အရေထူခြင်း၊ မျက်နှာပြောင်တိုက်ခြင်း၊ ဟီရိသြတပ္ပကင်း မဲ့ခြင်း စသည်များစုဝေးနေသော နေရာဖြစ်၏။ ခေါင်းမာမှုကို မောက်မာခြင်းဟုလည်း ခေါ်ဆိုနိုင်သည်။
အရေထူ ခေါင်းမာခြင်းသည် အကျင့်ပါစွဲမြဲ သော စရိုက်ဆိုးဖြစ်သည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တနိုင်ငံလုံးပြည်သူ များအနှစ် ၂၀ ကျော်ကြာ အော့နှလုံးနာ၊ ရွံရှာမုန်းတီး နာကျည်းစက် ဆုပ်နေသည်ကို မသိချင်ယောင်ဆောင်ခြင်း၊ မသိကျိုးကျွန်ပြုခြင်းသည် အရေထူမှုဖြစ်၏။ လယ်သမား၊ အလုပ်သမား လက်လုပ်လက်စား လူတန်းစားမရွေး ကျေးလက်မြ့ပြ၀န်ထမ်းလောက ခပ်များများက ဒင်းတို့အား မလိုလား ဖယ်ရှားတွန်းလှန်ပစ်ရန် ကြံစည်ကြိုးပမ်းသည် ကိုအကြမ်းဖက်နှိပ်ကွပ်ခြင်းသည် ခေါင်းမာမိုက်မဲမှုဖြစ်၏။
စစ်အာဏာရှင်စနစ်ပြောင်းလဲပစ်၊ စစ်အာဏာရှင် ယန္တယားဖယ်ရှားပစ်၊ ဒီမိုကရေစီတိုင်းပြည်သစ်ထူထောင်၊ လူထု ဆန္ဒအကောင် အထည်ဖေါ်ဟု ကြွေးကြော်တောင်းဆိုကြသည်ကို မျက်စိစုံမှိတ် အခွင့် အရေးပိတ်ပင်နေခြင်းကား၊ သေနတ်အားကိုး မင်းဆိုးမင်းညစ်တို့၏ကျင့်စဉ် စရိုက်ဉာဉ်ဖြစ်တော့သည်။ ဒင်းတို့၏ အရေထူခေါင်းမာမှု၊ မိုက်တွင်း နက်မှုသည် သည်းခံခွင့်လွတ်မှု ခန္တီတရားနှင့် လားလားမျှ မသက်ဆိုင်၊ ကိုယ်ချင်းစာမှုနှင့် အလျဉ်းမျှ အကြုံးမ၀င်၊ ကောင်းကင်နှင့် မြေလွှာပမာ ဖီလာဆန့်ကျင်ဖြစ်တော့သည်။
၁၉၈၈ စက်တင်ဘာ ၁၈ ရက်စစ်တပ်မှတတိယမ္ပိအာဏာသိမ်း ခဲ့ပြီးနောက်ပိုင်း ဆယ်စုနှစ် ၂ ခု ကာလအတွင်း ဗိုလ်သန်းရွှေ စစ်အုပ်စု ဓါးမိုးအုပ်ချုပ်မှုကို အချို့တပ်မတော်အရာရှိများ လက်သင့်မခံဘဲ ပြုပြင် ပြောင်းလဲစေလို၏။ ဗိုလ်မှူးကြီးအေးမြင့်၊ ဗိုလ်မှူးကြီးစိုင်းဝင်းကျော် ၊ ဗိုလ်မှူးဇော်ထွန်း၊ ဗိုလ်မှူးအောင်လင်းထွဋ် စသည့် တပ်မတော်အရာ ရှိ အနည်းစုက ကမ္ဘာ့ဒီမိုကရေစီရေစီးကြောင်းနှင့်အညီ အရှိအတိုင်း အမှန်အတိုင်း တွေးခေါ်မျှော်မြင်တတ်ကြ သော်လည်း နအဖထိပ်သီး များနှင့် ဗမာစစ်တပ်အရာရှိအချို့မှာ သည်းခံမှုနှင့်အရေထူခေါင်းမာမှုကို ခွဲခြားသိမြင် တတ်ခြင်းမရှိကြသေးပေ။
အကြောင်းမှာ ၀မ်းဗိုက်အပါအ၀င် ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးအပေါ် ဦးနှောက်က ဦးဆောင်ကွပ်ကဲရမည့် အစား၊ ဒင်းတို့၏ဦးနှောက်ကို ဒင်းတို့၏၀မ်းဗိုက်နှင့်အိတ်ထောင်(ပိုက်ဆံအိတ်) က ဦးဆောင်စေခိုင်းနေသော ကြောင့်ဖြစ်၏။ ဤသို့ဖြင့် သည်းခံခွင့်လွှတ်ခြင်း ကိုယ်ချင်းစာတတ်ခြင်းထက် အရေထူခေါင်းမာခြင်းက ၎င်းတို့ အတွေး အမြင်အယူအဆအပေါ် လွှမ်းမိုးခြယ်လှယ် ချုပ်ကိုင်နေခြင်းဖြစ်သည်။
သည်းခံခွင့်လွှတ်ကိုယ်ချင်းစာမှုနှင့် အရေထူခေါင်းမာမှု၊ ဤ သဘောတရားနှစ်ခုကို ဗိုလ်သန်းရွှေစစ်အုပ်စု နားလည် သဘောပေါက် မှု မရှိမချင်း၊စဉ်းစားဝေဖန်ခွဲခြမ်း စိတ်ဖြာတတ်မှုမရှိမချင်း၊ ဗမာပြည်တွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု သည်လည်း ခက်ခဲရှည်ကြာ သံသရာ လည်နေဦးမည်ဟု မြင်ယောင်မိပါကြောင်း။
လေးဖြူ၏ "ဘင်္ဂလား ပင်လယ်အော်" ထွက်ပြီ
မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဒီဇင်ဘာလ 12 2008 ချင်းမိုင်။ ။ နိုင်ငံကျော် ရော့ခ်အဆိုတော် လေးဖြူ၏ ဘင်္ဂလားပင်လယ်အော် သီချင်းအယ်လ်ဘမ်အသစ် မကြာသေးခင်က ထွက်ရှိလာခဲ့သည်။
တေးရေး မောင်မောင်ဇော်လတ်၊ လင်းလင်း၊ နောနော်နှင့် ရယ်ဂျီတို့ ရေးဖွဲ့ထားသည့် သီချင်း ၁၃ ပုဒ်ပါ အယ်လ်ဘမ်သည် ဒီဇင်ဘာ ၈ ရက်နေ့က စတင်ရောင်းချခဲ့သည်။ သတ်မှတ်ဈေးနှုန်းမှာ ၁၈၀၀ ကျပ်ဖြစ်သော်လည်း အချို့ ဈေးနှုန်းတင်ပြီး ၂၅၀၀ ကျပ်အထိပင် ရောင်းနေသည်ဟု သိရသည်။
စေတနာရှင်များ အလိုရှိသည်
ပူဇော်ထိုက်သူကိုပူဇော်ခြင်းသည်ကောင်းမြတ်သောမင်္ဂလာတစ်ပါးဖြစ်သည်။
ကျွန်ုပ်တို့ သည် ရန်ကုန်မြို့လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ အင်္ဂါထောင့်တွင် အပတ်စဉ် စနေနေ့ တိုင်း မြတ်စွာဘုရားရှင်အားအမှူထား၍ သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်း ဆပ်ကပ်လှူဒါန်းလျှက်ရှိပါသည်။သို့ ပါ၍ ကျွန်ုပ်တို့  နှင့်အတူ လုပ်အားဒါန ပါဝင်လိုသူများအနေနှင့် ကျွန်ုပ်တို့ ၏ ရွှေတိဂုံစေတီတော် စနေနေ့ အသင်းတွင် အသင်းဝင်အဖြစ်လျှောက်ထားပါဝင်ကုသိုတော်ယူနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ။
လုပ်အားဒါန ပါဝင်လှူဒါန်းလိုသူများအနေနှင့်ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ အုပ်ထိန်းသူ၏ ခွင့်ပြုချက်လက်မှတ်များနှင့်အတူအောက်ဖော်ပြပါစေတနာရှင်များထံတွင် ဆက်သွယ်၍စုံစမ်း ၀င်ရောက်ဒါန ပြုနိုင်ပါတယ်ခင်ဗျာ။
အသင်းဝင်ရောက်လိုသူများသည် တစ်လတွင်အပတ်စဉ် မလာရောက်နိုင်ပါကအနည်းဆုံး နှစ်ပတ်တွင် နှစ်ကြိမ်လာရောက်၍ လုပ်အားဒါန ပြုရမည်ဖြစ်ပြီး အသင်းဝင်ကြေးမှာ တစ်လလျှင် ၁၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်သည်။
ဆက်သွယ်ရန်
Lwanwai.myanmar@yahoo.co.uk
phoemyint@yahoo.co.uk
sharponetaw@gmail.com
chitlwanwai123@gmail.com
demon15891@gmail.com
မှတ်ချက်- ကျွန်ုပ်တို့သည် စေတနာရှင်လူငယ်များဖြစ်ပါသောကြောင့် ကုသိုလ်တော်ပါဝင်လိုသူများ(အသင်းဝင်ရောက်လိုသူများ) အနေနှင့်နိုင်ငံရေးနှင့် သက်ဆိုင်သော လှုပ်ရှားမှုမျိုး မပြုလုပ်ပါကြောင်းနှင့် ပြုလုပ်ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
သာသနာတော်အရှည်တည်တံ့ခိုင်မြဲလိုသူများကိုယ်စား
လွမ်းဝေ
You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.