Wednesday, October 8, 2008

[နတ်သမီးလေးရဲ့ ပုံပြင်] 1 New Entry: နံရံတွေပေါ်မှာ

နံရံတွေပေါ်မှာ

အကာမဲ့နံရံ တွေနဲ့ကာရံထားတားတဲ့
ဆုံးမရှိတဲ့ လေဟာပြင်ထဲမှာ
လွင့်မျောနေတဲ့
ရေစီးကမ်းပြို အနာဂတ်တွေ
ဟိုးအဝေးက နံရံတွေပေါ်မှာ
အလွမ်းတွေရေးထားတယ်ထင်တယ်.
ကွဲအက်နေတဲ့ လှောင်ရယ်သံတွေကြားမှာ
အစွမ်းကုန်ပွင့်နေတာ
ပုစ္ဆာတစ်ပုဒ်တော့ မဟုတ်ဘူး
ဟာသတစ်ပုဒ်ပဲဖြစ်လိမ့်မယ်။....။
ခံစားမနေပါနဲ့
နာရီတွေကြောင့်တော့ ဖြစ်မယ် မထင်ဘူး
မိုးသားအောက်မှာ
လွင့်မျောနေတဲ့
တိမ်တိုက်မှာ ရာသီတော့ ရှိတာပေါ့
သည်းရင်လည်း မိုးရာသီပေါ့..
မရွာတော့လည်း နွေနေပူပူမှာ
ကျောကော့အောင် ခံစားနေခဲ့ဖူးတော့
သွေးစုတ်နေတဲ့
ခပ်ချဉ်ချဉ် ခြင်စုတ်ကို ပဲ
အော်ဆဲထားလိုက်ဦးမယ်
စကားပုံတွေက
စာအုပ်တွေကြားမှာပဲ..
အင်းလေ..
အဲဒီကြားထဲကပဲ....
ကြားထဲကပဲ..
ကြားထဲကပဲ...
မြင်နေရတာ တစ်ခုတော့ရှိတယ်
အဖန်ဖန် တစ်ရာမက
အ၀ါးခံထားရတာ
စကားလုံးခပ်ဆွေးဆွေးတစ်ခု
လှမ်း ပြုံးပြနေလေရဲ့..

အောက်မှာဖွက်ထားချင်တာက ဒီစာနေရာမှာရေးပါ

You received this email because you are subscribed to the real_time feed for http://www.natthimilay.com/feeds/posts/default. To change your subscription settings, please log into RSSFWD.