Wednesday, October 8, 2008

[Laminkhin] 1 New Entry: မောင်စူးစမ်းရဲ့  ဒုတိယ ဆောင်းပါးဝေဖန်ချက်

မောင်စူးစမ်းရဲ့  ဒုတိယ ဆောင်းပါးဝေဖန်ချက်

မော်ဒါန်ဂျာနယ်မှာ မောင်စူးစမ်း (ဦးချမ်းအေး) က မြန်မာ့နိုင်ငံရေးနဲ့ ထိုင်းနိုင်ငံတို့ ကို ဆက်စပ်ဝေဖန်
ပြခဲ့ပါတယ်။ သူ့ ဆောင်းပါးအချုပ်က ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးသမားတွေဝင်ရောက်ယှဉ်ပြိုင်
သင့်ကြောင်း အကြံပြုထားတယ်။ စစ်အစိုးရကို အိမ်စောင့်အစိုးရနေရာမှာ ထားရှိပြီး ရွေး ကောက်ပွဲ
ွဝင်ကြဖို့ တိုက်တွန်းထားတယ်။

မောင်စူးစမ်းအဆိုအရ လက်ရှိစစ်ကောင်စီနဲ့  အတည်ပြုလိုက်တဲ့ ဖွဲ့ စည်းပုံဥပဒေတို့ ကို တသီးတခြား
ကြည့်မြင်တဲ့ ချဉ်းကပ်မှုဖြစ်တယ်။ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း စစ်အာဏာရှင်စနစ်နဲ့ ဖွဲ့ စည်း
ပုံသစ်တို့ ဟာ တဆက်တစပ်တည်း ဖြစ်ကြသလို ၂၀၁၀ ရွေးကောက်ပွဲဟာလဲ အာဏာ ရှင်စနစ်ကို
ရွေးကောက်ပွဲမှတဆင့် ဆက်လက်ဖေါ်ဆောင်နိုင်ဖို့ ကြိုးပမ်းချက်မျှသာ ဖြစ်တယ်ဆိုတာ မောင်စူးစမ်း
မသိမဟုတ် သူ့ အတ္တအကျိုးစီးပွားကို အခြေခံပြီး နိုင်ငံရေး မှိုင်းလုံးလွှတ်နေခြင်း မျှသာဖြစ်ပါတယ်။

ကျွန်တော်ရဲ့ ပထမ ဆောင်းပါးမှာဖော်ပြခဲ့သလို သူဟာနိုင်ငံရေးအမှားတွေကိုဆက်လက်ကျူးလွန်နေ
ခြင်းမျှသာဖြစ်ပါတယ်။ သူ့ ရဲ့ ဒုတိယ ဆောင်းပါးမှာတော့ မြန်မာနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့  ရဲ့ နိုင်ငံရေး
ကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။ ပါကစ္စတန်မှာက အာဏာရှင် ဗိုလ်ချုပ်ကြီး မူရှာရက်ကို ဖြုတ်ချနိုင်ဖို
့ရွေးကောက်ပွဲ အနိုင်ရပါတီတွေက ကြိုးပမ်းနေကြတယ်။
သမတက ပါတီစုံရွေး ကောက်ပွဲကို ကျင်းပပေးခဲ့တယ်။ ရလဒ်တွေကိုလဲ အသိအမှတ်ပြုခဲ့တယ်။ ပြည်
သူတွေရဲ့  ဒီမိုက ရေစီလှုပ်ရှားမှုတွေကို ခွင့်ပြုထားတယ်။ မြန်မာဗိုလ်ချုပ်တွေက ရွေးကောက်ပွဲရလဒ်
ကို အသိအ မှတ်မပြုသလို လူထုလှုပ်ရှားမှုတွေကိုလဲ ရက်စက်စွာ ဖြိုခွဲဖျက်ဆီးကြတယ်။ သာသနာ
ဆန့် ကျင် ရေး ပြည်သူ့ ဆန့် ကျင်ရေး လုပ်ရပ်တို့ ကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့်
့်မို့  မူရှာရက်နဲ့ ဗိုလ်ချုပ်သန်းရွှေတို့ ရဲ့  မူဝါဒတွေဟာ လုံးဝကွဲလွဲခြားနားကြတယ်။ မတူညီတဲ့ နိုင်ငံတွေ
ရဲ့ ပကတိရုပ်ဘ၀ အခြေအနေတွေကို ရောထွေးသွားအောင် မောင်စူးစမ်းကြိုးပမ်းခြင်းဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံရေးကွင်းသစ်လို့ ဆိုတယ်။ ပလေယာသစ်တွေ ပါဝင်ကစားသင့်ကြောင်း
အကြံပြုထားတယ်။ လုံးဝမှားယွင်းတဲ့ အတွေးအမြင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရေးရဲ့  အဓိက ပြဿနာက ဗြူရိုကရက် အရင်းရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်တို့ နေရာမှာ
ဈေးကွက်စီးပွားရေးစနစ်နဲ့  ပါတီစုံဒီမိုကရေစီစနစ်တို့  ဖော်ဆောင်နိုင်ဖို့ လုံးပမ်းနေခြင်းဖြစ်ပါ တယ်။
လက်ရှိ န.အ.ဖ အစိုးရနဲ့ လာမဲ့ ရွေးကောက်ပွဲမှတဆင့် တက်လာမဲ့အစိုးရတို့ ဟာပုံသဏ္ဌန် အား ဖြင့် ခြားနားကောင်းခြားနားနိုင်သော်လည်း အနှစ်သာရအရ အာဏာရှင်အစိုးရ မျိုးသာဖြစ် နိုင်ပါတယ်။
ဘာ့ကြောင့်ဆိုတော့ တပ်မတော်က အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းမှာ ပါဝင်မှာ ဖြစ်ပါတယ်။

သမတ (၃) ဦးလွှတ်တော် ဥက္ကဌ (၂) ဦး ကာကွယ်ရေးဝန်ကြီး ပြည်ထဲရေးဝန်ကြီးတို့  အပါအ၀င်
ဝန်ကြီး (၄) ဦးတို့ ဟာစစ်ဦးစီချုပ်သဘောတူမှသာဝန်ကြီးများဖြစ်နိုင်ပါတယ်။ အမျိုး သားကာကွယ်
်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ ဝင် (၁၁)ဦး တို့ ဟာ ကြဉ်း-ရေ-လေ စစ်ဦးစီးချုပ်(၃)မျိုးနဲ့ ဝန်ကြီးအဖွဲ့ 
ဝင်တို့ ဟာ စစ်တပ်ရဲ့ ရုပ်သေး အဖွဲ့ ဝင်များသာဖြစ်နိုင်ပါလိမ့်မယ်။

မြန်မာ့နိုင်ငံရေးမှာ ပကတိတိုင်းပြည်ရဲ့  အခြေအနေအရ နိုင်ငံတော်အာဏာ (၃)ရပ်ကို လွှတ်တော် (၃)
ရပ်ကသာချုပ်ကိုင်ရမှာဖြစ်ပါတယ်။သမတများ လွှတ်တော်ဥက္ကဌများနဲ့ ဝန်ကြီးအဖွဲ့ တို့ ဟာလွှတ်တော်
တွေရဲ့ ဆုံးဖြတ်ချက်များကို သာ-နာခံကြရမှာ ဖြစ်ပါတယ်။ အနောက်တိုင်း ဒီမိုကရေစီ ရဲ့ အနှစ်သာရက
အာဏာ(၃)ရပ်ကို လွှတ်တော်များကသာ ပိုင်ဆိုင်ခြင်းဖြစ်ပါတယ်။

(ပါကစ္စတန် နိုင်ငံနဲ့ ပတ်သက်ပြီး မောင်စူးစမ်းက (၁)စစ်ဖက်အာဏာရှင်စနစ်ကို ရွေးမလား? အ ရပ်သား
အစိုးရစစ်စစ်ကိုရွေးမလား? စစ်တပ်ကိုယ်စားပြုမှုပါဝင်သော အရပ်သားအစိုးရကို ရွေးမ လား? ဆိုပြီး
မေးခွန်းထုတ်လိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အကြွင်းမဲ့ငြင်းဆိုခြင်းမ ဟုတ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးပြုလုပ်ဖို့  တောင်းဆိုနေခြင်းမျှသာဖြစ်ပါတယ်။ ဒီ/ချုပ်က လွှတ်တော်ခေါ်
ပေးပါ။ နိုင်ငံရေးသမားတွေလွှတ်ပေးပါ။ လွှတ်တော်ကတဆင့် လက်ရှိစစ်ကောင်စီ အစိုးရကို တရားဝင်
အစိုးရအဖြစ် အတည်ပြုပေးမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအခြေခံတဲ့ စားပွဲဝိုင်းဆွေးနွေးပွဲတွေ
ကျင်းပပေးဖို့ ရပ်ခံတင်ပြနေခြင်းဖြစ်တယ်။ စစ်ကောင်စီကို အကြွင်းမဲ့ဖျက် သိမ်းပစ်ဖို့ တောင်းဆို နေခြင်း
မဟုတ်ပါ။

စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကိုကျင့်သုံးမယ် ဆိုပြီးလွှတ်တော်မှတဆင့်အာဏာရှင်စနစ်ရေ ရှည်တည်
တံ့မှု ကြိုးပမ်းနေခြင်းကို ဆန့် ကျင်ကန့် ကွက်နေတာဟာ ဒီ/ချုပ်ရဲ့ သဘောထား ဖြစ်ပါ တယ်။

ဒါ့ကြောင့်မို့ ဒီ/ချုပ်ရဲ့  မူဝါဒက လွှတ်တော်ခေါ်ပေးရမယ် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရ မယ်
စစ်ကောင်စီက စားပွဲဝိုင်း ဆွေးနွေပွဲတွေ စတင်ကျင်းပပေးမယ်ဆိုရင် အမျိုးသားရင်ကြားစေ့ ရေးဟာ တ
ဆင့်စီ အောင်မြင်နိုင်တယ်။ နိုင်ငံတကာရဲ့ ထောက်ခံကူညီမှုတွေ ရရှိနိုင်တယ်လို့  ဒီ/ချုပ်ကယူဆတယ်။
စစ်ဗိုလ်တချို့ ပါဝင်တဲ့ အရပ်သား အစိုးရပေါ်ပေါက်ရေးအတွက် ဒီ/ချုပ်က ကြိုးပမ်းနေခြင်းမျှသာ ဖြစ်ပါ
တယ်။

လက်ရှိမြန်မာ့နိုင်ငံရေးက အသွင်ကူးပြောင်းရေးကာလ ဖြစ်ပါတယ်။ ဒီ/ချုပ် လူမျိုးစု ခေါင်းဆောင် များ
၈၈ မျိုးဆက်သစ်ကျောင်းသားများပါဝင်တဲ့ စားပွဲဝိုင်း ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ပြည်သူတွေ က ကြိုး
ပမ်းနေခြင်းဖြစ်ပါတယ်။

တပ်မတော်အနေနဲ့  ဖိနှိပ်မှု ဖမ်းဆီးမှုတွေကို လုံးဝရပ်ဆိုင်းပြီး စီးပွားရေးအရ နိုင်ငံရေးအရ အုပ် ချုပ်ရေး
အရ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အတည်ပြုထားတဲ့ ဖွဲ့ စည်းပုံဥပဒေ သစ်ကို ရပ်ဆိုင်း
ထားရှိပြီး လွှတ်တော်ခေါ်ယူရေးကို စတင်လုံးပမ်းအားထုတ်ရမှာ ဖြစ်ပါတယ်။ မြန် မာ့နိုင်ငံရေးကွင်းသစ်မှာ
ပလေယာ သစ်တွေပါဝင်ကစားကြဖို့  လုံးဝမဟုတ်ပါ။

ဦးချမ်းအေး (မောင်စူးစမ်း) ဟာ အသက်(၈၀) ကျော်ခဲ့ပြီး (၈၀)မပြည့်သေးတဲ့ အမျိုးသားရေး ဦးဝင်းနိုင်
က သူ့ ဘ၀တသက်တာနိုင်ငံရေးလုပ်ငန်းများမှ ထာဝရ အနားယူပြီလို့ ကြေညာလိုက်ပြီး ပြီိ။ သူ့ ရဲ့ ရိုးသား
ဖြောင့်မတ်မှုကို လေးစားကြရမှာ ဖြစ်ပါတယ်။ ဦးချမ်းအေးက ဘယ်လမ်းရွေးမလဲ?

သခင်တင်မြ ဦးချစ်လှိုင် (ကိုကိုမောင်) နဲ့  အေးလွင်တို့ ရဲ့ နောက်မြီးဆွဲအဖြစ် ဘာ့ကြောင့်အသုံး တော်ခံ
ံနေရပါသလဲ?နိုင်ငံရေးသမားတွေ ပြည်သူတွေ ထုံထိုင်းတွေဝေနိုင်တဲ့ အတွေးအမြင်အမှားတွေကို ဖြန့်ဖြူး
နေရပါ သလဲ? စစ်ဝါဒီတွေကို အဘယ့်ကြောင့် အလှချယ်ပေးနေရပါသလဲ?

ထိန်တော / ရေဝေးတို့ နဲ့ အလွန်နီးစပ်နေပြီဖြစ်တဲ့ " ကလောင်အိုကြီး "ကို စိတ်ပုတီနဲ့ ရိပ်ကြီးခိုဖို့  အားပေး
တိုက်တွန်းလိုက်ရပါတယ်။

စိန်ကျော်ဝင်း

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.