Wednesday, October 8, 2008

[ဒီရေ] 2 New Entries: မြေကြီးပေါ်မှာထိုင်ပြီး စာသင်နေကြရသော မုန်တိုင်းဘေးဒဏ်သင့်ဒေသမှ ကလေးသူငယ်များ ဘ၀။

မြေကြီးပေါ်မှာထိုင်ပြီး စာသင်နေကြရသော မုန်တိုင်းဘေးဒဏ်သင့်ဒေသမှ ကလေးသူငယ်များ ဘ၀။

နာဂစ်မုန်တိုင်းဘေးသင့်ရာ ဒေသတွင် ပြန်လည်တည်ဆောက်ထားသော စာသင်ကျောင်းများမှာ အခြေအနေ အထိုင်မကျသေးကြောင်း သိရှိရပါတယ်။

အချို့ သောကလေးတွေမှာ ထိုင်စရာခုံနှင့် စာသင်စရာစားပွဲခုံ မရှိသောကြောင့် ကျောင်းခန်းအတွင်း မြေကြီးပေါ်တွင် ထိုင်နေရဆဲ ဖြစ်ပါတယ်။

အချို့ သော စေတနာရှင်များမှ အလှူငွေကောက်ပြီး ထိုင်ခုံများ ရိုက်ပေးနေရသော်လည်း လုံလောက်မှု မရှိသေးကြောင်း သိရှိရပါတယ်။

အကူအညီပေးလိုသည့် အလှူရှင်များနှင့် စေတနာရှင်များအား နာဂစ်မုန်တိုင်းဘေးသင့်ဒေသရှိ ဒုက္ခရောက်နေသူများနှင့် ကလေးသူငယ်များအား ဆက်လက် ကူညီပံ့ပိုးပေးကြပါရန် ၄င်းတို့  ကိုယ်စား မေတ္တာရပ်ခံအပ်ပါတယ်။

ထို့ အတူ အခြားသော ဆရာဆရာမများနှင့် ကျောင်းသားမိဘများအားလည်း သားသမီးချင်း၊ တပည့်ချင်း ကိုယ်ချင်းစာသောအားဖြင့် အဆိုပါဒေသများရှိ ကလေးသူငယ်များ ပညာရေးအတွက် ၀ိုင်းဝန်းကူညီပေးကြပါရန်ကိုလည်း မေတ္တာရပ်ခံအပ်ပါတယ်။




ဓါတ်ပုံ အား ကလစ်နှိပ်၍ အကြီးချဲ့ကြည့်နိုင်ပါသည်။
ဤပို့စ် အား ကိုနစ်နေမန်း ဆီမှ ရယူမျှဝေပါသည်။

လေယဉ် ပျက် ကြ ပြန် ပြီ

လွန်ခဲ့တဲ့ ၃ ရက် က မြန်မာ လေကြောင်းပိုင် တွင် ဖေါ်က F-27 လေယာဉ်ပျံ- လားရှိုးအတက်မှာ ပျက် ကြတယ်။ လားရှိုး အတက်မှာ ဖြစ်တယ်။ လေယာဉ်ပေါ်မှာ ပါတဲ့ ခရီးသည်အားလုံး ၂၇ ဦး စလုံးသေဆုံးပါတယ်။ မြန်မာပြည်မှာသုံးတဲ့ဖေါ်ကာတွေဟာ သန်းရွှေနဲ့ သက်တူ ရွယ်တူလောက်ရှိပါတယ်။ အလွန်အမင်းကိုအိုမင်းရင့်ရော်နေပါတယ်။

အသက် ၈၂ နစ်ကျော်ပြီဖြစ်တဲ့ဦးသန်းရွှေ ကိုဆေးဝါး တွေနဲ့ ကျားကန်ထားပေမဲ့ ဖေါ်ကာ တွေခမြာမှာတော့ မိုးထဲရေထဲမှာ စနစ်တကျ Maintenance မရှိကြရှာပါဘူး။ မြန်မာပြည်နဲ့ အင်ဒိုနီရှားမှာပဲ ဖေါ်ကာ ၂၇ ကို သုံးတုန်း ဖြစ်ပါတယ်။ ဒါတွေက Foker 70 series တွေဖြစ်ပါတယ်။ အခုနိင်ငံတကာမှာသုံးနေတာကတော့ ပိုမိုစိတ်ချရတဲ့ Foker ( F-80, 100 ) ဂျက် အမျိုးစားတွေကိုပဲသုံးကြပါတယ်။ သေခြင်ရင် စိန်မစားနဲ့  မြန်မာ့ လေကြောင်းလိုင်း ကိုသာစီးတော်မူကြပါ လို့ ကြေညာပါရစေ။ လေယာဉ် ပျက်ကြသွားတဲ့အတွက် လေယာဉ် လက်မှတ်တွေလည်း ၀ယ်လို့ မရဘူးလို့ သိရပါတယ်။

လေယာဉ်ပျက် တဲ့သတင်း ကိုထုံးစံ အတိုင်း အမှောင်ချထားပါတယ်။

ကိုမိုးသီးဇွန် ဘလော့ဂ်မှ ပြန်လည်မျှပါသည်။ ကိုမိုးသီးဇွန်အားကျေးဇူးတင်ပါသည်။

You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.