Friday, November 21, 2008

[ဆိုးသွမ်း] 1 New Entry: သူမနဲ့လမ်းခွဲဖို့ ( ၂ ) ကြိမ်ပဲ လိုတော့တယ်

သူမနဲ့လမ်းခွဲဖို့ ( ၂ ) ကြိမ်ပဲ လိုတော့တယ်


ငယ်ငယ်ကတည်းက ပတ်သက်ခဲ့တယ်
ဒါပေမယ့် အခုထိကြောက်တုန်း

စိတ်နာလို့ အတွေးထဲက အကြိမ်ကြိမ်မောင်းထုတ်ခဲ့ပေမယ့်
အချိန်တန်တော့ သူမ ကျွန်တော်ဆီ ပြန်လာခဲ့တာပါပဲ

မခေါ်မပြောလို့လည်း မဖြစ်
မိဘသဘောတူလို့ ပေးစားတဲ့ မိန်းမလို
မချစ်ပေမယ့် အောင့်ကာ နမ်းနေရတဲ့ဘဝ

ဒါပေမယ့် သူမနဲ့ ရှေ့ရောက်ရင်
အချိန်တိုင်း ရင်က အမြဲတမ်းခုန်နေခဲ့တယ်
ကာလ အတန်ကြာ မပေးနိင်တဲ့ အကြွေးရှင်ကိုတွေ့သလိုမျိုး
ဒူးမတုန်လောက်ပေမယ့် ရင်ခုန်ရင်း သေလောက်တယ်

သူကတော့ ကျွန်တော်နဲ့တွေ့တိုင်း
ခပ်အေးအေးပဲ
သူပြောချင်တဲ့ စကားတွေပြောမယ်
ပြီးရင် သူမေးသမျှ ကျွန်တော်ပြန်ဖြေဖို့ အလှည့်ပဲ

နောက်ပြီးရင် ကျွန်တော့်ဘ၀ကို
သူဆုံးဖြက်တော့တာပဲ
သူနဲ့တွေ့ဖို့ နောက်ထပ် ၂ ခါပဲ ကျန်တော့တယ်

အဲဒီ ၂ ခါအတွင်း သူကျွန်တော့်ကို ထားသွားမှာလား
ကျွန်တော် သူ့ကို အောင်မြင်တဲ့အပြုံးနဲ့ နုတ်ဆက်နိင်မလားဆိုတာ
မကြာမီလာတော့မယ်



" စာမေးပွဲ "


You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.