Friday, November 21, 2008

[DeGoLar] 1 New Entry: ♠ Update

♠ Update

နောက်ဆုံးသတင်း

အေဆာပြင်ပြီး ပိုင်ရှင်ကိုပြန်မပေးရသေးသဖြင့် သူများကွန်ပြူတာနှင့် ဂေါ်လီလုပ်နေသည်။

ဟေ့ခ်ျပီကို မနေ့ညက ဖုံးဆက်မေးသေးသည်၊ မရသေးပါ၊ နောက်အပတ်လောက်မှ အပိုပစ္စည်း ရောက်မည်ဟု ပြောပါသည်။

ခရီးသွားချင်စိတ် ပြင်းပြနေသည်၊ စက်ဘီးစီးပြီး စင်္ကာပူကျွန်းပတ်မလား စဉ်းစားနေသည်။

အမေရိကန် စီးပွားရေးဝဲဂယက် အလုပ်ထဲထိ ရိုက်ခတ်လာသည်၊ နှစ်ကုန်တွင် ပိတ်ရက်များမည်၊ မျှော့။

ဖိုတိုရှော့ပ် assignment နှစ်ခုရှိသည်၊ တစ်ခုက ဤပို့စ်ထဲက ပုံထဲရှိ ဓာတ်တိုင်ကို ဖျောက်ပစ်ရန်၊ နောက်တစ်ခုက ဤပို့စ်ထဲမှ ပထမပုံ၏ ချာတိတ်လက်ထဲက ဇွန်းကို ဖျောက်ပစ်ရန်တို့ ဖြစ်ကြသည်။ ပထမအလုပ်က မဂျစ်တူး တောင်းဆိုမှုကြောင့်ဖြစ်၍ နားလည်ပေးနိုင်လိမ့်မည်၊ ဒုတိယအလုပ်က ဘစာအရေးကြောင့် ဇွန်းကို ဖျောက်ပစ်ချင်သနည်း မေးလာခဲ့သည်ရှိသော် "အဟမ်း၊ အားနေလို့လေ" ဟုသာ အတို ဖြေပါမည်။ တကယ်တမ်း Reese Witherspoon ပုံကို နောက်ပြောင်ထားသော ဤပုံအား တွေ့ခဲ့ဖူးသောကြောင့် ကျွန်ုပ် တူမောင်ကိုလည်း ဗားရှင်း ၂ မျိုးခွဲပြီး ဇွန်းနှင့်ပုံ၊ ဇွန်းမပါပဲပုံ ဟူ၍ ကွဲကွဲပြားပြား ဖြစ်သွားရအောင် ခွဲခြားပေးချင်စိတ် ပေါ်ပေါက်ခဲ့သည်မှာ ပို့စ်တင်ကတည်းကပင် ဖြစ်လေတော့သည်တမုံ့၊ တူမောင် ဝစ်အေစပွန်း ပုံ၏ နောက်ဆက်တွဲ တူမောင် ဝစ်သောက် အေစပွန်းကို စောင့်မျှော်ကြပါ ဟု သတင်းကောင်း ပါးလိုပါသည်။

နံနက် ၅ နာရီထိုးပြီ၊ ကျွန်ုပ် တဖန်ပြန်၍ စက်တော်ခေါ်လိုက်အုံးမည်၊ ဒီရက်ပိုင်း ကိုယ်တွင်းမှ ဇီဝနာရီ ချူချာနေသည်။ ညဖက် လျှောက်လျှောက် ထ ပူးတော်မူပြီး ချက်ချင်း ပြန်အိပ်မရပါ။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.