Saturday, November 22, 2008

[ကဗျာချစ်သူ (Poem Lover)] 1 New Entry: တန်ဖိုး

တန်ဖိုး

တန်ဖိုးတစ်ခုဆိုတာ သတ်မှတ်တဲ့လူပေါ်မှာတည်တယ်။ ဘ၀ဆိုတာကို တန်ဖိုးတစ်ခုလို့ သတ်မှတ်မယ်ဆိုရင် ပေးဝယ်ရမယ့် အရင်းအနှီးကတော့ အချစ်၊ အချိန်၊ ဆင်းရဲဒုက္ခ၊ ပျော်ရွှင်မှု၊ အသိပညာ၊ အတွေ့အကြုံတွေပဲဖြစ်မယ်ထင်တယ်နော်။ ဒါကလဲ ခေးရော့စ်ရဲ့အတွေးပါ။ ဖောဝေါ့မေး တစ်ခုကနေရတာလေးကို ဘာသာပြန်တင်ပေးလိုက်တယ်။ ဖတ်ကြည့်ကြပါဦး။

  • ဒီနေ့ တကယ်လို့များ နားမ၀င်သာတဲ့ စကားတစ်ခုကို ပြောမိတော့မယ်ဆိုရင် စကားလုံးဝမပြောတတ်တဲ့သူတွေကို သတိရလိုက်ပါ။
  • အရင်တုန်းက အစားအသောက်နဲ့ ပတ်သက်ပြီး ချေးများတယ် ဆိုရင် စားစရာတောင် လုံးဝမရှိနေတဲ့ သူတွေကို သတိရလိုက်ပါ။
  • ကိုယ့်ရဲ့ ကြင်ယာဘက်နဲ့ ပတ်သက်ပြီး မကောင်းမြင်နေမယ်၊ အပြစ်တွေတင်နေမယ်ဆိုရင် ဘ၀မှာအဖော်တစ်ယောက် တစ်လေမှ မရှိနိုင်လို့ ဘုရားသခင်ထံ ငိုကြွေးပြီး ဆုတောင်းနေသူများကို သတိရလိုက်ပါ။
  • ဒီနေ့မှာ တကယ်လို့များ ဘ၀နဲ့ ပတ်သက်ပြီး အပြစ်တင်နေမယ်ဆိုရင် တစ်ချို့သောလူများ ဘ၀ဆိုတာကို သေချာမသိခင်ဘဲ လူ့လောကကနေ ထွက်ခွာသွားနေရတယ်ဆိုတာကို သတိရလိုက်ပါ။
  • ကိုယ့်မှာရှိတဲ့ ကလေးတွေနဲ့ပတ်သက်ပြီး ဗာဟီရများတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေမိတယ်ဆိုရင် တစ်ချို့လူတွေ ကလေးလိုချင်လို့မှ ကလေးမရနိုင်တာကို သတိရလိုက်ပါ။
  • တစ်ချိန်က ကိုယ့်အိမ်မှာ ဖုန်တင်နေလို့ပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်က မလှည်းမကျင်းထားတာပဲဖြစ်ဖြစ် အပြစ်တွေ မြင်နေမိတယ်ဆိုရင် တစ်ချို့သောလူတွေ အပြစ်တင်ခွင့်ဘာမှမရှိဘဲ လမ်းပေါ်မှာနေထိုင်နေရတာကို သတိရလိုက်ပါ။
  • ကိုယ်က ယာဉ်တစ်ခုကို ပိုင်ဆိုင်နေရက်နဲ့ သွားရတဲ့ ခရီးဝေးလို့ ငြီးတွားနေမယ်ဆိုရင် ခရီးချင်းအတူတူကိုမှ ကိုယ့်ခြေထောက်ကိုယ် အားကိုးပြီး လမ်းလျှောက်နေရတဲ့ သူတွေကို သတိရလိုက်ပါ။
  • ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်တစ်ခုနဲ့ ပတ်သက်ပြီး ပွစိပွစိနဲ့ အပြစ်မြင်နေမယ်၊ ကိုယ့်ကိုယ်ကို ပင်ပန်းနေမယ်လို့ မြင်နေရင် အလုပ်လက်မဲ့လူတွေ၊ မသန်မစွမ်းတွေနဲ့ အလုပ်လိုချင်တဲ့လူတွေကို သတိရလိုက်ပါ။
  • တွေ့ရာလူကို လက်ညှိုးလေးထိုးပြီး အပြစ်မြင်နေမယ့်အစား လောကကြီးမှာရှိတဲ့ ဘယ်တစ်ဦးတစ်ယောက်ကမှ ပြည့်စုံခြင်း ဆိုတာကို မပိုင်ဆိုင်ထားနိုင်ဘူးဆိုတာကို သတိရလိုက်ပါ။

ဒါက ဖောဝေါ့မေးထဲက စာသားလေးတွေကို တတ်နိုင်သလောက် ဘာသာပြန်ထားတာပါ။ ရေးထားတာကတော့ ဟုတ်လို့။ ရှင်းရှင်းပြောရရင် အကောင်းမြင်ကြည့်မယ်ပေါ့။ အဓိက လူတစ်ယောက်မှာ သူရဲ့ ပြသနာကို ဘယ်ရှုထောင့် ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုတာ အရေးအကြီးဆိုပါ။ အရာရာကို အကောင်းမြင်ပြီး အရှုံပေး နှလုံးအေး အားလုံးကို လက်မြောက် ဖြစ်ချင်ရာဖြစ် လက်ခံမယ်ဆိုလဲ မဟုတ်သေးပြန်ဘူး။ အချိန်အခါနဲ့ အခြေအနေကိုကြည့်ပြီး လုပ်သင့်လုပ်ထိုက်တာကို ခွဲခြားသိလို့ တန်ဖိုးဆိုတာကို နားလည်မယ်ဆိုရင်…………….

ခေးရော့စ်

You received this email because you are subscribed to the real_time feed for http://chaos.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.