Saturday, November 22, 2008

[Padauk Myay] 2 New Entries: မြန်မာပြည်သူများကို ကူညီဖို့နည်းလမ်းသစ်

မြန်မာပြည်သူများကို ကူညီဖို့နည်းလမ်းသစ်

( ၁၈-၁၁-၂၀၀၈ ရက်နေ့ Burma Net News မှာ ဖော်ပြထားတဲ့ A new way is needed to help Burma's people ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြလိုက်တာပါ။ )

ပြီးခဲ့တဲ့နှစ်က အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ သုံးဆယ်လောက်ကို ၆၅ နှစ် အထိ ပြင်းထန်တဲ့ ထောင်ဒဏ်တွေကို ချမှတ်ခြင်းအားဖြင့် အစိုးရက မြန်မာနိုင်ငံတွင်းက ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေနဲ့ သူတို့ကို ထောက်ခံနေတဲ့ ပြည်ပက လူတွေကို ပြင်းထန်တဲ့ သတင်းစကား ပါးလိုက်တယ်။ ဒီသတင်း စကား ကတော့ စစ်တပ်က ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ လုပ်ပြီး စစ်တပ်ရဲ့ အုပ်ချုပ်မှုကို ခိုင်မာအောင် လုပ်တာကို ပြည်တွင်းမှာ ဆူပူ ဆန္ဒပြတာနဲ့ ဖြစ်ဖြစ်၊ ပြည်ပက ဖိအား ပေးတာနဲ့ ဖြစ်ဖြစ် ရပ်သွားအောင် လုပ်လို့ မရဘူး ဆိုတာပါပဲ။

၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီ လှုပ်ရှားမှုကို ဖြိုခွဲပြီး စစ်တပ်က နိုင်ငံရေး အာဏာကို တိုက်ရိုက် ချုပ်ကိုင် လာကထဲက စစ်တပ်ကို စစ်တန်းလျားတွေ ပြန်သွားအောင် လုပ်ဖို့ အတွက် မဟာဗျူဟာ အမျိုးမျိုး သုံးခဲ့ကြတယ်။ အမေရိကန်နဲ့ ဥရောပ သမဂ္ဂ၀င် နိုင်ငံတွေ ကတော့ သဘောထား တင်းမာနဲ့ နည်းလမ်းကို ရွေးပြီး စစ်အစိုးရကို ပြင်းထန်တဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်တယ်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေလို နိုင်ငံများ ကတော့ တိတ်တဆိတ် ချဉ်းကပ်တဲ့ သံတမန် နည်းလမ်းနဲ့ ကုန်သွယ်မှုတွေက မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်အောင် လုပ်ပေး လိမ့်မယ်လို့ ယူဆပြီး အပြု သဘောဆောင် ဆက်ဆံရေး ဆိုတာကို ကျင့်သုံးကြတယ်။

ကုလသမဂ္ဂ ကတော့ ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့ အတိုက်အခံတွေနဲ့ အစိုးရ ကြားမှာ သင့်မြတ်အောင် ကြားဝင် ဖြန်ဖြေပေးဖို့ ကြိုးစားတယ်။ မြန်မာပြည်ထဲက အခြေအနေတွေနဲ့ ပတ်သက်ပြီး တိတိကျကျ သတင်း မရနိုင်တာကြောင့် ဒီနည်းလမ်းတွေရဲ့ အကျိုး သက်ရောက်မှုကို တိတိ ကျကျ ပြောနိုင်ဖို့ ခက်တယ်။ ဒါပေမယ့် မြင်ရသလောက် ပြောရရင်တော့ အဲဒီ မဟာ ဗျူဟာတွေ အားလုံးဟာ သူတို့လိုချင်တဲ့ ရည်မှန်းချက်ကို ရအောင် မလုပ်နိုင်ဘူးလို့ ဆိုရမှာပါ။ စစ်အစိုးရဟာ အခုထိ ပြိုကွဲမသွားသေးဘူး၊ အရပ်သား အစိုးရကိုလည်း အာဏာလွှဲ မပေးသေးဘူး၊ နိုင်တကာ ဖိအားတွေကို အလျှော့ပေးပြီး ဒေါ်အောင်ဆန်း စုကြည်ကိုလဲ လွှတ်မပေးသေးဘူး၊ ပြောရရင် ၁၉၈၈ နောက်ပိုင်းမှာ အခုအချိန်ဟာ စစ်အစိုးရ အင်အား အကောင်းဆုံး အချိန်လို့ ပြောလို့ရတယ်။

တကယ်တော့ နိုင်ငံတကာ ဖိအားတွေ များလာလေလေ၊ အစိုးရက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်မှုလို့ သူတို့ မြင်နေတဲ့ အဲဒီလုပ်ရပ်တွေကို ပိုပြီး ပြင်းပြင်း ထန်ထန် ဆန့်ကျင်ဖို့ လုပ်လာလေ ဖြစ်တယ်။ မြန်မာ့ တပ်မတော်ဟာ စည်းလုံး ညီညွတ်ပြီး သစ္စာရှိနေရွေ့ ဒီအစိုးရကို အာဏာကနေ ဘယ်လိုနည်းနဲ့ ဖယ်ရှားနိုင်မယ် ဆိုတာ စဉ်းစား ခက်လေလေပဲ။ အဆင်မြင့် အရာရှိတွေကို ဖယ်ရှားလိုက်တာတွေရှိတယ်၊ စစ်သားတွေကြားမှာ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေ ရှိတယ် ဆိုတဲ့ သတင်းတွေ ရှိပေမယ့် အခုအချိန် အထိတော့ စစ်တပ်ရဲ့ စည်းကမ်း သေ၀ပ်မှုဟာ ခိုင်ခိုင် မာမာ ရှိနေတုံးပဲ။

အဲဒီအချိန်မှာ အတိုက်အခံတွေက အကွဲကွဲ အပြားပြား ဖြစ်နေပြီး အားနည်း လာနေတယ်။ ကျန်နေသေးတဲ့ လက်နက်ကိုင် သောင်းကျန်းသူတွေကလဲ စစ်တပ်ကို စစ်ရေးအရ ခြိမ်းခြောက်မှု လုပ်နိုင်တဲ့ အဆင့် မရှိတော့ဘူး။ အတိုက်အခံတွေက အမျှော်လင့်ကြီး မျှော်လင့်နေပြီး ဗိုလ်ချုပ်တွေကလဲ အဲဒီလို ဖြစ်လာမှာကို စိုးရိမ်နေတဲ့တိုင် ဘယ်နိုင်ငံကမှ ဒီမိုကရေစီ ထွန်းကာဖို့ အတွက် မြန်မာနိုင်ငံကို စစ်ရေးအရ ၀င်တိုက်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ အစိုးရအနေနဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့ လုံခြုံရေး ကောင်စီက ကိုင်တွယ် ဆောင်ရွက်ဖို့ ကြိုးစားတာကို ကာကွယ်ပေးမယ့် အင်အား ကောင်းတဲ့ မိတ်ဆွေတွေလည်း အလုံအလောက် ရှိနေတယ်။ နိုင်ငံတကာ အနေနဲ့ မြန်မာနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်သင့် တယ်ဆိုတာကို သဘောမတူနိုင်တဲ့ အခြေအနေမှာ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။

ကုလသမဂ္ဂ အနေနဲ့လည်း လုပ်နိုင်တဲ့ အာဏာ မရှိတော့ဘူး။ နိုင်ငံရဲ့ လွတ်လပ်မှု ဆိုတာကို သံသယ ကြီးကြီးနဲ့ ကာကွယ်ထားတဲ့ စစ်ဗိုလ်ချုပ်တွေ အပေါ်မှာ တရုတ်လို မိတ်ဆွေ နိုင်ငံတောင် သြဇာ သက်ရောက်မှုက အကန့်အသတ် ရှိနေတယ်။ အမှန်အတိုင်း ပြောရရင်တော့ မိတ်ဆွေတွေက လဲ ကာကွယ် ပေးထားတယ်။ သူတို့ ကိုယ်တိုင်ကလည်း အစဉ်အလာ ဓလေ့ထုံးစံတွေကို သိတ်အလေး မထားဘူး၊ နောက်ပြီး သူတို့ ရှင်သန်ရေးကို ပြည်သူတွေရဲ့ သက်သာ ချောင်ချိရေးထက် ပိုပြီး ဦးစားပေးတဲ့ အစိုးရတစ်ခုကို ကိုင်တွယ်ဖို့ အတွက် နည်းလမ်းတွေ သိတ်မရှိဘူးဆိုတာ လက်ခံရမှာဘဲ။ ဒါဟာ မကြိုက်ပေမယ့် လက်ခံရမယ့် အမှန်တရားပဲ ဖြစ်တယ်။ ကမ္ဘာ့နိုင်ငံရေးမှာ သင်္ကေတတွေ၊ အမှတ် လက္ခဏာတွေဟာ အရေးပါတာတော့ မှန်ပါရဲ့။ ဒါပေမယ့် လက်တွေ့ ကျဖို့လဲလိုတယ်။ ဒီတော့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် နည်းလမ်းသစ်၊ ချဉ်းကပ်ပုံ အသစ်ကို ရှာဖို့ လိုတာတော့ အမှန်ပဲ။

သြစတေးလျလို နိုင်ငံမျိုးအနေနဲ့ ဒီမိုကရေစီ အစိုးရကို လိုလားတယ်ဆိုတဲ့ သူတို့ဆန္ဒကို ထင်ထင် ရှားရှား ပြောထားပြီး ဖြစ်တဲ့ မြန်မာပြည်သူတွေကို ယုံကြည် အားကိုးဖို့ လိုပါမယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ လိုတာလဲ မှန်တယ်။ စစ်အစိုးရအနေနဲ့ သူတို့ လုပ်ရပ်တွေကို စောင့်ကြည့်ခံရမှာ မဟုတ်ဘူးလို့ ထင်မသွားအောင် လုပ်ဖို့လဲ လိုတယ်။ သို့သော် တစ်ဖက်ကလည်း စစ်အစိုးရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုကြောင့် ပြဿနာပေါ်နေတဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှု ဖူလုံရေးကဏ္ဍတွေမှာ အခက်အခဲ ကြုံနေသူတွေကိုလည်း ကူညီဖို့ လိုတာအမှန်ပဲ။ အဲဒီကဏ္ဍတွေဟာ နိုင်ငံတကာ အသိုင်းအ၀န်းအနေနဲ့ မြန်မာ ပြည်သူတွေ အတွက် ထိထိ ရောက်ရောက် လုပ်ပေးနိုင်တဲ့ နေရာတွေဖြစ်တယ်။

မြန်မာအစိုးရက လူမှုဂရုဏာ အကူအညီ ပေးတာတွေကို အလွန် ခက်ခဲအောင် လုပ်ထားတယ်။ များပြား ရှုပ်ထွေးလှတဲ့ စည်းကမ်းတွေ ချမှတ်ထားတယ်။ တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်ရာ ဒေသ တွေ အပါအ၀င် အကူအညီ လိုအပ်တဲ့သူတွေ ရှိတဲ့ဒေသတွေကို သွားလာတဲ့အပေါ် ကန့်သတ်မှုတွေ ချမှတ်ထားတယ်။ နိုင်ငံခြား အကူအညီတွေကို သူတို့ ကိုယ်ကျိုးအတွက် လွှဲပြောင်း သုံးတာမျိုးတွေ ရှိတယ်။ ပြီးတော့ သူတို့နဲ့ တရားဝင် ဆက်ဆံမှု ပြုလုပ်တာဟာ သူတို့ရဲ့ တရားဝင်မှုကို အသိအမှတ် ပြုလိုက်ရာလဲ ရောက်တယ်။ ဒါတွေဟာ နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာ ပြည်သူတွေ ခံစားနေရ တာတွေကို ကူညီ ဖယ်ရှားပေး ချင်တယ်ဆိုရင် ပေးရမယ့် တန်ဖိုးတွေပဲ ဖြစ်တယ်။

နာဂစ် မုန်တိုင်း တိုက်ပြီးချိန်က စပြီး NGO အဖွဲ့အစည်း ၄၅ ခုဟာ အောက်ခြေ အဆင့်က မြန်မာ ပြည်သူတွေကို အကူအညီ ပေးနေတယ်။ ဒီအဖွဲ့တွေကို ဒေသခံ လူမှုရေးအဖွဲ့အစည်း အများအပြားက ကူညီ ဆောင်ရွက်ပေးနေတယ်။ နယ်စပ်ဒေသမှာ ထောင်သောင်းချီတဲ့ ဒုက္ခသည် တွေကလည်း နိုင်ငံ တကာ အကူအညီတွေ ပိုမိုရရှိဖို့ တောင်းဆိုနေကြတယ်။

ဒီတော့ ခေါင်းမာပြီး အမျိုးသားရေးစိတ် လွန်ကဲနေတဲ့ အစိုးရကို အပြစ်ပေးနိုင်မယ့် နည်းလမ်း အသစ်တွေကို စဉ်းစားနေမယ့် အစား ပြည်တွင်းနဲ့ ပြည်ပမှာရှိနေတဲ့ တကယ် အကူအညီ လိုအပ်နေတဲ့ မြန်မာပြည်သူတွေကို အကူအညီပေးတာက ပိုပြီးလက်တွေ့ကျတဲ့ နည်းလမ်း ဖြစ်မယ်လို့ ထင်တယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေက နှေးနှေး ကွေးကွေးပဲ ရောက်လာမှာပါ။ အဲဒါကို ပြည်တွင်းကပဲ လုပ်ရမှာ ဖြစ်ပြီး စစ်တပ်ပါမှလဲ ရမှာ ဖြစ်တယ်။ ဒါကိုတော့ ဒေါ်အောင်ဆန်း စုကြည်ကလဲ အသိ အမှတ်ပြုပါတယ်။ စစ်တပ်ထဲမှာ နိုင်ငံရေးအရ သဘောထား ကွဲလွဲတာတွေကို ပိုပြီး လက်ခံနိင်တဲ့ မျိုးဆက်သစ် အရာရှိတွေ ပေါ်လာရင်လာ၊ ဒါမှမဟုတ် ဂိုဘာချော့ဗ်လို ကိုယ့်ကို စင်တင်ပေးတဲ့ စနစ်ကို ပြန်ပြီး ပြောင်းလဲပစ်မယ့် လူမျိုး ပေါ်လာဖို့ လိုပါတယ်။ သို့သော် အဲဒါတွေ ဖြစ်မလာခင်တော့ မြန်မာ ပြည်သူတွေရဲ့ နေ့စဉ်ဘ၀မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ သက်သာသွားအောင် ကူညီပေးဖို့ လိုပါမယ်။ အဲဒါက ဒီမိုကရေစီရဖို့ ၄၆ နှစ် အထိ စောင့်နေခဲ့ရတဲ့ မြန်မာ ပြည်သူတွေ အတွက် သက်သာရာ ဆေးတစ်ခွက် ဖြစ်မှာပါ။

၂၀ . ၁၁. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • မတရား ထောင်ဒဏ်ချမှတ်သူတွေ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ရာရောက် - ဗွီအိုအေ click here
  • မြန်မာအရေးအပေါ် အာဆီယံ နှုတ်ဆိတ်နေမှု အတိုက်အခံ ဝေဖန် - ဗွီအိုအေ click here
  • ကလေးစစ်သားအရေး နိုင်ငံတကာက ပိုမိုအာရုံစိုက်ရန် HREIB တောင်းဆို - မဇ္ဈိမ click here
  • ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်းကို ၆ နှစ်ခွဲ ထောင်ဒဏ်ချ - မဇ္ဈိမ click here
  • လွှတ်တော်အမတ် ဒေါက်တာသန်းငြိမ်း အသည်း ခွဲစိတ်ကုသ - မဇ္ဈိမ click here
  • အိုင်ဗင်ဟိုးလုပ်ငန်းများ နောက်လတွင် ပြန်စဖွယ်ရှိ - မဇ္ဈိမ click here
  • စာရေးဆရာမ နှင်းပန်းအိမ် ထိုင်းနယ်စပ်သို့ တိမ်းရှောင် - မဇ္ဈိမ click here
  • ဘဝတခုကို ပေါင်းစပ် ချုပ်လုပ်ခြင်း (ဆောင်းပါး) - မဇ္ဈိမ click here
  • တရုတ်-မြန်မာ နယ်စပ် ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ်ကျဆင်း - မဇ္ဈိမ click here
  • ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားများရာချီ၍အလုပ်ဖြုတ်ခံနေရ - အာရ်အက်ဖ်အေ click here
  • အလုပ်သမားအဖွဲ့ချုပ်၏ကူညီမှုဖြင့်ကလေးစစ်သားကိုပြန်လည်ခေါ်ယူနိုင် - အာရ်အက်ဖ်အေ click here
  • နယ်ထောင်များသို့အပို့ခံရသည့်အကျဥ်းသားများမန္တလေးထောင်တွင်တစ်ထောက်နား - အာရ်အက်ဖ်အေ click here
  • တရုတ်နှင့် အိန္ဒိယနိုင်ငံမှ လူလတ်တန်းစားတွေ ကမ္ဘာကြီးကို ပြန်လည်ပုံဖော်နိုင်မည်လော ၀ိကလီးအလဲဗင်း click here
  • ပဲခူးရိုးမဒေသမှစုတ်ချက်ရေဆေးပန်းချီကားချပ်များ ၀ိကလီးအလဲဗင်း click here
  • သမိုင်းတာဝန်ထမ်းကြသူတွေထဲကျွန်တော်လည်းပါချင်သည် ၀ိကလီးအလဲဗင်း click here
  • အရှေ့နှင့်အရှေ့တောင်အာရှမှရွှေ့ပြောင်းသွားလာနေကြမှုများ လျှပ်တစ်ပြက် click here
  • ရှေးဟောင်းအမွေအနှစ်များကို လိုက်လံရှာဖွေ၍ ထိန်းသိမ်း ကာကွယ်ကြရန်လိုအပ် လျှပ်တစ်ပြက် click here
  • တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ သဘောထား လျှပ်တစ်ပြက် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.