Saturday, November 22, 2008

[We Fight We Win. -- " More than Media "] 1 New Entry: နဂါးကြီး တုတ်ကွေး မိနေပြီ

နဂါးကြီး တုတ်ကွေး မိနေပြီ


နန်ဂျင်းမြို့၌ ထောင် ချီသော တရုတ်ဘွဲ့ရ လူငယ်များ အလုပ်အကိုင် ရှာဖွေနေစဉ်
Thousands of graduates crowd a jobs fair in Nanjing but vacancies are becoming harder to find.

-မြတ်စိုး-

ဧရာမ အလုပ်အကိုင်လျှော့ချမှုဟာ လှိုင်းလုံးကြီး သဖွယ် တရုတ်ပြည် ကမ်းခြေဆီတွေကို ပြင်းပြင်းထန်ထန် ရိုက်ခိုက်လာ နေပြီလို့၊ တရုတ်အစိုးရ၏ လူသားအရင်းအမြစ် ဆိုင်ရာနှင့် လူမှု့ဖူလုံရေးရာ ၀န်ကြီးဌာန ၀န်ကြီး ယင်ဝိန်မင်း က အတည်ပြု ပြောကြား သွားပါ တယ်။ တရုတ် အစိုးရ အနေနဲ့ ဒေါ်လာ ၅၈၅ ဘီလီယံ သုံးစွဲပြီး ရင်ဆိုင်ကြုံတွေ့ ရမည့် အခက်အခဲ ပြသာနာ တွေ အပေါ် ၊ ငွေရေးကြေးရေး အရ ကျားကန် ထောက်ပံ့မှု တွေကို ပြုလုပ်သွားမယ်လို့ ဒီလ စောစောပိုင်း တုန်းက တရားဝင် ကြေညာထားပါတယ်။ အဝေးပြေး လမ်းမ နှင့် လေဆိပ်သစ် တွေ တည်ဆောက်ရေး၊ အခြားဆောက်လုပ်ရေးလုပ်ငန်း၊ အခြေခံ အဆောက် အအုံး တည်ဆောက် ရေး နဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ မှာ ဒီငွေတွေကို အ သုံးပြုပြီး၊ အလုပ်အကိုင် အသစ်တွေကို ဖန်တီး ပေးသွားမယ်လို့ ကြေညာချက်ထဲမှာပါရှိတယ်။

ဒါပေမဲ့လည်း လူဦးရေထူပြောတဲ့ တရုတ်နိုင်ငံ အတွက်တော့ ဒေါ်လာ ၅၈၅ ဘီလီယံ သုံးစွဲပြီး ကျားကန်သွားမဲ့ အစီအစဉ်ဟာ အမတန်မှ ခက်ခဲတယ်။ အ၀တ်အထည်ချုပ်လုပ်ရေး၊ ကစားစရာ ပစ္စည်းများ ထုတ်လုပ်ရေး၊ ဘိနပ် တင်ပို့ရောင်ချရေးလုပ်ငန်း တွေရဲ့ စုစုပေါင်း ထုတ်ကုန် ၁၄ ရာခိုင်နှုန်းဟာ အမေရိကန်နိုင်ငံကို တင်ပို့ရောင်းချနေကြတာကြောင့် ၊ အမေရိကန်နိုင်ငံ၏ ၀ယ်လိုအားလျှော့ကျ လာနေမှုဟာ ဒီလုပ်ငန်းတွေကို တိုက်ရိုက် ထိခိုက်နေစေပြီး တချို့စက်ရုံ တွေ ကို ပိတ်ပြစ်နေရတယ်။

ပထမအားဖြင့် ကမ္ဘာ့ဘဏ္ဍာရေး၊ငွေကြေးဆိုင်ရာ ပြသနာတွေကြောင့် နိုင်ငံတကာက တရုတ်ထုတ်ကုန် ပစ္စည်းတွေကို ၀ယ်ယူမှု သိသိသာသာ လျှော့ကျနေတယ်။ ဒုတိယအနေနဲ့ တရုတ်အလုပ်သမားတွေရဲ့ လုပ်ခ နှင့် ကုန်ကြမ်း ကုန်ကျစရိတ် တိုးမြင့်နေတယ်။ တရုတ်က တင်းသွင်းနေတဲ့ ကုန်ပစ္စည်းတွေရဲ့ တန်ဘိုး မြင့်မားနေမှုကြောင့်၊ နိုင်ငံခြားမှ ၀ယ်လိုအား ကျဆင်းလာခဲ့တယ်။ ဒါကြောင့် တရုတ်ပြည်စီးပွားရေးကို နလံထူအောင် ပြန်လုပ်ဖို့ က အခက်အခဲတွေ ရှိနေအုန်းမှာ ပါဘဲလို့ တရုတ်အစိုးရက အတည်ပြု ပြောဆိုထားတယ်။ အခု အချိန်မှာ စက်ရုံပေါင်း ၆၅,၀၀၀ ဒေ၀ါလီခံခဲ့ကြပြီး၊ ဆက်လက်များပြားလာအုံး မယ်လို့ နည်းပညာဆိုင်ရာ တောင်ပိုင်း တရုတ် တက္ကသိုလ် ပေါမောက္ခ လမ်ဟိုင်လင်းက သတိပေး ပြောဆိုသွားတယ်။

ပြီခဲ့တဲ့ မေလ ၁၂ ရက် က လူပေါင်းများစွာသေဆုံးခဲ့ရသော ဧရာမမြေငလျှင်ဒဏ်ခံစားခဲ့ရတဲ့ ဂန်စု ခရိုင်မှာတော့ လောင်နန်မြို့ မှာ အစိုးရရုံးကို ပြောင်းရွေှ့ခဲ့မှုနှင့်ပက်သက်ပြီး လူပေါင်း ၂၀၀၀ ကျော်ဟာ ဆန္ဒပြ ကန့်ကွက်မှု တွေဖြစ်ပေါ်နေတယ်။ ဒီလို အစိုးရ ရုံးပြောင်းရွေှ့မှုဟာ ဂန်စု ခရိုင်မှာရှိတဲ့ အိမ်ဈေးတွေ ကျဆင်းစေတယ်၊ စားဝတ်နေရေးဘ၀ ကို ထိခိုက်စေ တာကြောင့် မကျေမနပ် ဆန္ဒပြ ကန့်ကွက်ခဲ့ကြတာလို့ ဆိုတယ်။ ရဲတွေနဲ့ ထိပ်တိုက် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး၊ အစိုးရ ရုံးတွေကို တိုက်ခိုက် လုယက်မှုတွေ ရှိခဲ့တယ်။ တရုတ်ပြည် အနောက် တောင် ဘက်ရှိ ချုံကင်း မြို့မှာလည်း ရာနဲ့ချီတဲ့ အဌားယာဉ်မောင်းနှင်းသူတွေ ဆန္ဒပြခဲ့ကြတယ်။ ထို့အတူ အလုပ်အကိုင်လျှော့ချမှု နဲ့ စက်ရုံအလုပ်ရုံတွေ ဆက်တိုက် ပိတ်ခဲ့ တာကြောင့် နောက်ထပ် ကန့်ကွက် ဆန္ဒ ပြမှုတွေ ဖြစ်ပေါ်လာမှာ ကို တရုတ်အစိုးရက အထူးစိုးရိမ် နေကြသလို၊ ဆန္ဒ ပြမှုတွေကို စိတ်ရှည်လက်ရှည် နဲ့ ထိမ်းထိမ်းသိမ်းသိမ်း ကွပ်ကဲဖို့ တရုတ်အစိုးရ က ရဲဌာနတွေကို ညွှန်ကြားထားတယ်လို့ အတည်ပြု ပြောဆို ခဲ့တယ်။

ပြည်သူ ဆက်ဆံရေး နှင့် လုံခြုံရေးရာ ၀န်ကြီး မင်ကျန်စီက ဒီအပတ်မှာ ကမ္ဘာ့စီးပွားရေး ကပ်ဆိုး နဲ့ နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ ပြသာနာတွေရဲ့ ဂယက်က တရုတ်ပြည်ကို မငြိမ်မသက်မှု တွေဖြစ်ပေါ် လာစေလိမ့်မယ်လို့ တရုတ်တနိုင်ငံလုံးကို သတိပေးထားတယ်။တရုတ် ရဲတပ်ဖွဲ့တွေကိုလဲ လိမ်လိမ်မာမာနဲ့ ပြသာနာတွေကို ကိုင်တွယ်ဖို့ ညွှန်ကြားထားတယ်။ ၂၀၀၉ ခုနှစ်မှာ တရုတ်ပြည်ဟာ အလုပ်အကိုင်လျှော့ ချမှု တွေ ပိုမိုရင်ဆိုင်လာရလိမ့်မယ်လို့ တရုတ်အစိုးရက အတည်ပြူပြောဆိုနေကြပါတယ်။

ဘယ်လိုဘဲ ဖြစ်ဖြစ် ကမ္ဘာ့စီးပွားရေးကပ်ဆိုးကြီး၏ ဂယက် အပေါ်
တရုတ်အစိုးရရဲ့ ကြိုတင် ပြင်ဆင်နေမှုတွေ နှင့် သက်ရောက်လာနိုင်မဲ့ ပြသာနာတွေ ကို နိုင်ငံတကာက အထူး စိတ်ဝင်တစား ရှိနေကြတယ်။ ပြင်းပြင်း ထန်ထန် တိုက်ခိုက်လာနေတဲ့ စီးပွားရေး စူနာမီလှိုင်းလုံးကြီးကို နဂါးကြီးက မဟာတံတိုင်းကြီး နဲ့ ကာကွယ်နိုင်မလားဆိုတာ ကိုတော့ စောင့်ကြည့်ကြရ ပါလိမ့်မယ်။

Ref: China fears job riots


You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.