Saturday, November 22, 2008

[HAN LIN HTUN] 1 New Entry: သေမင်းကို ပါးရိုက်ချင်တယ်

သေမင်းကို ပါးရိုက်ချင်တယ်

                                       သေမင်းကို ပါးရိုက်ချင်တယ်

  
ငါရဲ့
ညာဘက်လက်ဝါး
မချိမဆန့် ယားလာ
သေမင်းရဲ့ ပါးကိုရိုက်ချင်လို့။

ဘယ့်နှယ့့်
ဖိနှိပ်စုတ်ပဲ့
ပုပ်ပဲ့သူ လူတစုထဲက
ရွတ်တွ အိုဟောင်းတွေ့
လူထုမေတ္တာ
ခမ်းခြောက် ချစ်သဒ္ဓါ
လူထုကျိန်စာသင့်
သေသင့်တဲ့ကောင်တွေ့။
အသင်သေမင်းက မခေါ်သေ့း့။

အမျိုးသားလူထု လွတ်မြောက်ရေးအတွက်
စက္ကန့်တိုင်းမှာ ပါဝင်အားသွန်
သူ့ခွန်အားနဲ့ ရုန်းကန်
တော်လှန်ရေးသမားလူငယ်ကိုမှ
သင်ကရွေးခေါ့့်
သြော့့် သေမင်းရယ်
လာစမ်းပါ့ နင့်ပါးကို ငါရိုက်ချင်လို့။

မောင်စိုးချိန်
ဇွန်လ ၁၇ ရက် ၂၀၀၅
အခုတလော ဒီကဗျာလေးကို ခဏ ခဏ ပြန်ခံစားမိနေတယ် ။ သွားလေသူများ ကောင်းရာ သုခိလားပါစေ။ 

You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.