Saturday, November 22, 2008

[ချင်းမလေး] 1 New Entry: အလိမ်အညာအချစ်

အလိမ်အညာအချစ်

စကားလုံးလှလှ
အပြောချိုချိုလေးတွေနဲ
ငါ့ရဲ့ ရိုးသားမှုကိုအရောင်လာဆိုးတယ်.
စွဲမက်စရာကောင်းတဲ့ 

အနမ်းလက်ဆောင်လေးတွေ
ချစ်တယ်လို့ တဖွဖွပြောခဲ့တာတွေ
လွမ်းကျန်ရစ်နေတယ်ဆိုတဲ့ စကားလေးတွေ
အားလုံးအားလုံးအလိမ်အညာတွေမှန်းသိလိုက်ရချိန
ပျားရည်ဖုံးလွမ်းထားတဲ့ 
ဓါးသွားထက်ထက်လို
ငါချစ်ခဲ့ တဲ့ အလိမ်အညာတွေက
ငါ့ကိုနာကျင်နေခဲ့ပြီ.
အလိမ်အညာတွေနဲ့ 
ငါ့နှလုံသားကိုလှည့်စားတယ်
ငါ့မာနကိုချိုးနှိမ်တယ်
ငါ့သိက္ခာကိုစော်ကားတယ်
နင်....သိပ်ရက်စက်တယ်နော်..
ငါ့ရဲ့ လွမ်းစရာတွေကို
နာစရာတွေနဲ့ သာဖြေသိမ့်နေမှာမို့ .
ငါမြတ်နိုးတဲ့ လွတ်လပ်မှုကို
အဖေါ်ပြုရင်း
ငါ့ကိုတစ်ယောက်ထဲပဲ
နေခွင့်ပေးပါတော့ကွာ....

You received this email because you are subscribed to the real_time feed for http://kiim-dreamangel.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.