Saturday, November 22, 2008

[                 ရင်မှ ခံစားမှုများ] 1 New Entry: မင်္ဂလာဇနီးမောင်နှံနေ့

မင်္ဂလာဇနီးမောင်နှံနေ့



နိုဝင်ဘာလ (22)ရက်နေ့သည် ဂျပန်နိုင်ငံ၏ "မင်္ဂလာဇနီးမောင်နှံနေ့" ဖြစ်ပါသည်ရှင့်။

ဂျပန်က လတွေကို {(1)လ,(2)လ,(3)လ,...,(12)လ}ဆိုပြီး ရေတွက်လေ့ရှိတယ်။ ဒီတော့ နိုဝင်ဘာလက (11)လမြောက်ပေါ့ရှင်။ (11)လပိုင်း မှာ ကျရောက်တဲ့ (22)ရက်နေ့ကို ii fuufu no hi (いい夫婦の日)လို့ခေါ်ပါတယ်။ ii ဆိုတာ (1)ကို အိ၊ နောက်ထပ် (1)တစ်လုံးကိုလည်း အိ လို့ အသံထွက်ပြီး "အိ အိ" ဆိုပြီး ဖြစ်လာတာပါ။ "အိ အိ" ဆိုတဲ့ အသံထွက်က "ကောင်းသော"လို့ အဓိပ္ပာယ်ရပါတယ်။ fuu fu  က " ဇနီးမောင်နှံ "ပါ။ hi က "ရက်"ပါ။ "ကောင်းသော ဇနီးမောင်နှံနေ့ "လို့ ဘာသာပြန်ရတာ မဆီလျော်လို့ "မင်္ဂလာဇနီးမောင်နှံနေ့"လို့ ဘာသာပြန်လိုက်ပါတယ်။ ရတယ်ဟုတ်။ :p

"မင်္ဂလာဇနီးမောင်နှံနေ့"မှာ မင်္ဂလာဆောင်တဲ့လူတွေ၊ လက်မှတ်ထိုးတဲ့လူတွေ အရမ်းများပါတယ်။ သူငယ်ချင်း ဂျပန်မလေးပြောပြချက်အရဆို အဲဒီနေ့မှာ မင်္ဂလာဆောင်တဲ့အိမ်ထောင်ရေးက မြဲပါတယ်........တဲ့။ သာယာတတ်တယ်.........လို့လည်း ပြောပါတယ်။ အဲဒီနေ့ မွေးတဲ့လူက အဲ့ဒီနေ့မှာ လက်ထပ်ရင် ပိုပြီး သာယာချမ်းမြေ့တဲ့ဘဝကို ရတယ် .........လို့ ယူဆကြပါတယ်တဲ့။

အဓိကအားဖြင့် ဇနီးမောင်နှံအချင်းချင်း လက်ဆောင်အပြန်အလှန်ပေးကြပါတယ်။

တစ်နှစ်စာ အခဲမကျေမှုတွေ၊ မပြေလည်မှုတွေကို ပြေပျောက်အောင် စစ်ပြေငြိမ်းရေးစကားလေးတွေ၊ တီတီတာတာပြောလေ့လည်း ရှိကြပါတယ်။ "ဇနီးမောင်နှံ ပြန်လည်ညှိနှိုင်းရေးနေ့" ........လို့ ခေါ်ရင်လည်း မှားမယ်မထင်ပါဘူး။

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.