Friday, November 21, 2008

[Republic] 1 New Entry: PYRAMID

PYRAMID

ပိရမစ်

ငယ်စဉ်ကလေးဘ၀ အချိန်ကာလများ၌ မိဘ အရိပ်အာဝါသအောက်မှာ ကျွန်တော်တို့တွေဟာ လိုချင် ဖြစ်ချင်သည့်
အရာများအားလုံးကို နားပူနားဆာလုပ်ခဲ့ကြဖူးပါတယ် ၊၊သိချင်သည့် မေးခွန်းပေါင်းများစွာကိုလည်း မေးမြန်းခဲ့ကြပါ
တယ် ၊၊ကျယ်ပြောလှတဲ့ လောကကြီးအတွင်းရှိ ဆန်းကြယ်လှသည့် အကြောင်းအရာများကို စိတ်ဝင်တစ်စားလက်တွေ့
စမ်းသပ်မှုတွေ ပြုခဲ့ကြပါသေးတယ်၊၊ ရှာဖွေလေ တွေ့ရှိလေဆိုသလိုပါပဲ၊၊ ဂရုစိုက်ရမယ့် သတိထားရမယ့် အရာများစွာ
ကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြပါတယ်၊၊

ကျွန်တော်တို့ အသက်အရွယ်တစ်ဖြည်းဖြည်းကြီးရင့်လာတဲ့နဲ့အမျှ ထိုစိတ်ဝင်စားမှုများဟာ ၊ကျဉ်းမြောင်းစပြုလာ
ပါတယ်၊၊အဓိက ကျတာတွေကိုပဲ ရွေးချယ်စပြုလာပါတယ် ၊၊အသေးစိတ်အချက်အလက်များကိုသာ အထူးဦးစားပေး အာရုံစိုက်တတ်လာပါတယ်၊၊ ကိုယ်နှင့်မသက်ဆိုင် သည့် သာမာန်အရာမျိုးအတွက်အချိန်ကုန်ခံစဉ်းစားပေး မနေချင်
တော့ပါဘူး ၊၊ပြီးခဲ့တဲ့ အရာတွေ အတွက်လည်း စိတ်ရှုပ်ခံပြီး ပြန်သုံးသပ် မနေတော့ပါဘူး ၊၊ ကိုယ်ရဲ့ အပြောအဆို
လုပ်ဆောင်ချက်များကိုသာ အမှန်အဖြစ် မြင်တတ်လာပါတယ် ၊၊ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ရဲ့ ကျဉ်းမြောင်း
မှု များဟာ ကန့်သတ်ချက်များ အဖြစ်သို့ပြောင်းလဲလာပါတော့တယ်၊၊ ကြီးမားတဲ့ စကားလုံးများရဲ့ ဆက်နွယ်မှုတွေ
မှ ဝေးကွာစ ပြုလာပါတော့တယ်၊၊ကျွန်တော်တို့ ရေးဆွဲဖူး ခဲ့တဲ့ ပိရမစ်များ အတိုင်းပါပဲ ၊၊အခြေအနားကို များပြားလှ
တဲ့ စိတ်ဝင်စားမှုအတိုင်း အတာ တွေနဲ့စခဲ့ကြပါတယ်၊၊တစ်ဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး အမှတ်တစ်ခုအဖြစ်သို့
အဆုံးသတ် စပြုလာပါတာ့တယ်၊၊ ဒါဟာ ပိရမစ်ရဲ့ လွှမ်းမိုးသက်ရောက်မှု သဘောတရားတစ်ခုပါ ပဲ၊၊

အရာအားလုံးဟာ ကောင်းခြင်း ဆိုးခြင်းအမြဲ ဒွန်တွဲနေတတ်ပါတယ်၊၊ ကျွန်တော်ရဲ့ ကျဉ်းမြောင်းတဲ့ အတွေးအခေါ် ၊
စိတ်ဝင်စားမှုများ ကိုလည်း ကျယ်ပြန့်နိုင်အောင် ကြိုးစားကြည့်ပါအုံးမယ်၊၊ ကျွန်တော် ပိုင်တဲ့ ပိရမစ်တုံးကလေး ကို
ကုဗတုံးပုံ အသွင်ပြောင်းလည်းယူနိုင်ဖို့ အတွက် လက်တွေ့စမ်းသပ်မှုတွေ လုပ်ကြည့်ရပါဦးမယ်၊၊ ညှိနှိုင်းဆောင်ရွက်
မှုတွေ ၊ လေ့လာမှုတွေ၊ ပေါင်းသင်းဆက်ဆံမှုတွေ များစွာကို ငယ်စဉ်ကလိုတစ်ဖန် အာရုံစိုက် ကြည့်ပါအုံးမယ် ၊၊အသစ်
အသစ်ပေါင်း များစွာထဲက ကိုယ့်အတွက်တန်ဖိုးရှိတဲ့ အရာတစ်ခုလောက်တော့ ကျန်ခဲ့နိုင်တာပဲလေ၊၊ ၊၊


Photo originally uploaded by
Foto Blitz Color's

You received this email because you are subscribed to the real_time feed for http://kyawthetlatt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.