Friday, November 21, 2008

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: အခိုးရိုက်မှန်ပြတင်းရဲ့ တစ်ဖက်တစ်ချက်

အခိုးရိုက်မှန်ပြတင်းရဲ့ တစ်ဖက်တစ်ချက်

အရှေ့ဖက်က နှင်းတွေတဖွဲဖွဲကျနေတဲ့မြင်ကွင်းကိုလည်း မြင်ရ တယ်။
ပြတင်းမှန်ပေါ်က ငါ့ပုံကိုလည်း ခပ်ရေးရေးမြင်နေရတယ်။ ငါ့ပုံက ငါနဲ့တောင်
သိပ်မတူချင်ဘူး၊ မှန်ရှေ့မှာရပ်နေတာ ငါမို့လို့သာ ငါ့ပုံလို့ ငါကပြောနိုင်တာကိုး။
တကယ်တမ်းကျ လူမျက်နှာ၊ လူဦးခေါင်းနဲ့တောင် သိပ်တူတာမဟုတ်ဘူး။
ကြည့်ပါလား….. မှိန်ဖျော့ပြီး လုံးဝပျောက်ကွယ်နေတဲ့ မျက်နှာတစ်ခြမ်း။
အရစ်အရစ်လှိုင်းပုံသဏ္ဍာန် အခိုးတွေနဲ့ကာနေတဲ့ လည်ပင်းနဲ့ပခုံးနေရာ။ ဟော
….. ကြည့်နေရင်းနဲ့ကို နောက်တစ်မျိုး ပြောင်းသွားပြန်ရော။ မှန်ထဲက ‘ငါ’
ကိုကျော်ပြီး ရှေကကမြင်ကွင်းကို ကြည့်ပြန်တော့လည်း ဘာမှသဲသဲ
ကွဲကွဲမြင်ရတာမဟုတ်ဘူး။ ခပ်လှမ်းလှမ်း မှာသစ်ခက် သစ်ကိုင်းတွေတော့
မြင်နေရတယ်။ ဒါပေမယ့် ဘာအပင် တွေလဲဆိုတာ မပြောနိုင်ဘူး။
အဆောက်အဦးတွေလည်း ၀ိုးတ၀ါးပါပဲ၊ အနိမ့်အမြင့်တောင်မသဲကွဲဘူး။
တလှုပ်လှုပ်ယိမ်းထိုးနေတဲ့ အရိပ်မည်းမည်း ကြီးတွေအဖြစ်ပဲ မြင်နေရတာ။
သွားနေတဲ့ ကားတွေကျတော့ ရပ်နေတဲ့ တစ်စုံတစ်ခုလိုပဲ။ တခါတခါကျရင်
အကုန်လုံးရောထွေးကုန်တာ၊ အိမ်လား ကားလား သစ်ပင်လားတောင်
မသိရတော့ဘူး။ အစကဒီနေရာမှာ ဒါတွေရှိတယ် ဆိုတာသိထားလို့သာ
အိမ်လားကားလားသိနေတာကိုး။ မှိတ်တုတ် မှိတ်တုတ် လင်းနေတာတွေကရော
တစ်စီးပြီးတစ်စီးလာနေတဲ့ ကားရှေ့ မီးတွေလား။ ခပ်ဝေးဝေးမီးတိုင်က
အလင်းတွေလား။ လမ်းပေါ်မှာလည်း တရွေ့ရွေ့ တလှုပ်လှုပ်အရိပ်တွေ၊ အခိုးရိုက်
ဝါးတားတာဖြစ်သွားတဲ့ ပုံရိပ်တွေ။ ဒီလိုတွေချည်း မြင်နေရတာ ကြာတော့
ဒါတွေကပဲ တကယ်ရှိနေတာ တကယ်ရှိနေတာတွေက ဒါတွေပဲ လို့တောင်
ထင်လာတာ။ မှန်ထဲမှာပေါ်နေတဲ့ ပုံပန်းပျက်’ငါ’ ကိုရောပေါ့။ တကယ်တမ်း
မြင်နေရတာ သေချာသလောက် က အခိုးရိုက်မှန်ပြတင်းပေါ်က ပုံရိပ်တွေပဲ
ရှိတာမဟုတ်လား။ ဒါပေမယ့် အဲဒါကလည်း အခိုးရိုက်မှန်ပြတင်းကို
ဖြတ်ကြည့်ရသလိုပါပဲ။

မောင်ယုပိုင်
၂၀၀၆၊ ဖေဖော်ဝါရီ
အဲဒီကျွန်းမြို့လေးမှာ မြေပုံအပြောင်းအလဲနဲ့ ကဗျာစာအုပ်မှ။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.