Friday, November 21, 2008

[cittasukha စိတ္တသုခ ပရဟိတလူငယ်] 2 New Entries: ၂၀၀၈ သီတင်းကျွတ်ဆီမီးထွန်း မှတ်တမ်းဓာတ်ပုံ

၂၀၀၈ သီတင်းကျွတ်ဆီမီးထွန်း မှတ်တမ်းဓာတ်ပုံ

၂၀၀၈ သီတင်းကျွတ်ဆီမီးထွန်း မှတ်တမ်းဓာတ်ပုံ

ဓာတ်ပုံတွေအများအပြားတင်ချင်ပေမယ့် အင်တာနက်ကော်နက်ရှင်မကောင်းလို့ နှစ်ပုံပဲ အရင်တင်ပေးလိုက်တယ် ...

အဆင်ပြေရင် ထပ်တင်ပေးဦးမှာပါ ....

၂၀၀၈ သီတင်းကျွတ်ဆီမီးထွန်းကြတယ်

ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသောနတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော် မူပြီးနောက် လူပြည်သို့ သက်ဆင်းတော်မူသည့် သီတင်းကျွတ်လပြည့်နေ့ညတွင် ဘုရားရှင် ဆင်းသက်ကြွမြန်း လာသည်ကို ရည်စူး၍ ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲ ကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေများလက်ထက်ကပင် ရှိခဲ့ပါတယ်။

၎င်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်းသောအားဖြင့် စိတ္တသုခ ပရဟိတလူငယ်များက နှစ်စဉ်နှစ်တိုင်း အောင်တော်မူဘုရားဝင်းအတွင်းရှိ နှစ်ကျိတ်ရှစ်ဆူဘုရားတန်စောင်းရှေ့တွင် ဆီမီးထွန်းညှိပူဇော်ကြရာ ယခုနှစ်တွင်လည်း ဆီမီး ၃၀၀၀ ထွန်းညှိပူဇော်ကြပါတယ်။ လူငယ် ၅၀ နီးပါးပါဝင်ကြပြီး နံနက်ပိုင်းအချိန်ကထည်းက ပုံဖော်ဆီးမီးထွန်းရန်အတွက် ပြင်ဆင်ကြပါတယ်။

ကြာပန်းပုံ၊ အပွင့်အခက်များ၊ ကန်တော့နေသောလက်ပုံ နှင့်အတူ စိတ္တသုခ၊ သတ္တ၀ါအပေါင်းစိတ်ချမ်းသာကြပါစေ ဆိုသောဆုတောင်းစာတမ်းကိုပါ ဆီမီးခွက်များဖြင့် ပုံဖော်ကာ ဆီမီးထွန်းကြပါတယ်။

ဘုရားဝင်းထဲမှာ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကထဲက ကြွေပြားတွေခင်းထားတော့ ဆီကြောင့် ချောလဲတတ်တာကြောင့် အခုနောက်ပိုင်းမှာ ဆီမီးထွန်းတာကို ခွင့်မပြုတာပဲ ဖယောင်းတိုင်မီးသာ ထွန်းရတယ်။ အချိန်ကြာကြာခံနိုင်အောင် ဖယောင်းတိုင် အတုတ်တွေကိုသုံးရတော့ ကုန်ကျ စရိတ်ပိုကုန်ပါတယ်။ ဒါပေမယ့်လည်း ကြာကြာအထွန်းခံတယ်။ မျက်စိပသာဒအတွက်ပေးစွမ်းနိုင်တယ်။ ကျွန်တော်တို့ ဆီမီးထွန်းတဲ့နေရာလေးမှာ လူအစည်းကားဆုံးပဲဗျာဟု စိတ္တသုခအဖွဲ့ဝင်တစ်ဦးကပြောကြားပါတယ်။

အောင်တော်မူ ဘုရားဝင်းအတွင်းမှာ စုစုပေါင်း ဆီမီးတစ်သောင်းနီးပါးလောက်ထွန်းညှိ ပူဇော်ကြပါတယ်။

လပြည့်နေ့ဖြစ်တာအညီ ဘုရားဖူးလာရောက်သူတွေလည်း အများအပြားရှိပြီး တိုးမပေါက်အောင်စည်ကားခဲ့ပါတယ်။

You received this email because you are subscribed to the real_time feed for http://cittasukha.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.