Sunday, October 26, 2008

[နံနက်ခင်းကဗျာ] 1 New Entry: ဘုရားဂုဏ်တော်(၉)ပါး

ဘုရားဂုဏ်တော်(၉)ပါး


ဣတိပိသော ဘဂ၀ါ
အရဟံသမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏ သမ္ပန္နော
သုဂတော လောက၀ိဒူ
အနုတ္တရောပုရိသ ဒမ္မသာရထိ
သတ္တာဒေ၀ မနုဿာနံ
ဗုဒ္ဓေါ ဘဂ၀ါ။

အရဟံ - လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်ပေသော မြတ်စွာဘုရား။

သမ္မာသမ္ဗုဒ္ဓေါ - ပရမတ် ပညတ် အရပ်ရပ် တရားအလုံးစုံကို အကုန်အစင်သိမြင်တော်မူထိုက်ပေသော မြတ်စွာဘုရား။

ဝိဇ္ဇာစရဏသမ္ပန္နော - ၀ိဇ္ဇာ(၃)ပါး၊ ၀ိဇ္ဇာ(၈)ပါး၊ စရဏတရား ၁၅ပါးတို့နှင့် ပြည့်စုံတော်မူပေထသော မြတ်စွာဘုရား။

သုဂတော - ကောင်းသော စကားကိုသာပြောဆိုတော် မူပေတတ်သော မြတ်စွာဘုရား။

လောက၀ိဒူ - သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက တည်းဟူသော လောကသုံးပါးကို အကြွင်းအရှိ သိမြင်တော်မူတတ်ပေသော မြတ်စွာဘုရား။

အနုတ္တရော ပုရိသ ဒမ္မသာရထိ - လောဘ၊ ဒေါသ၊ မောဟ၊ ကိလေသာ အညစ်အကြေးကြောင့် မလိမ္မာ မယဉ်ကျေး သော လူနတ်ဗြဟ္မာ သတ္တ၀ါတို့ကို ကိလေသာကင်းစင်၍ လိမ္မာယဉ်ကျေးအောင် ဆုံးမတတ်သော မြတ်စွာ ဘုရား။

သတ္တာဒေ၀ မနုဿာနံ - လူနတ်ဗြဟ္မာ သတ္တ၀ါတို့ကို နိဗ္ဗာန်သို့ပို့ဆောင်ရာ ဆရာအစစ်၊ ရှေ့သွားဦးစီးယာဉ်မှူးကြီး ဖြစ်ပါပေသော မြတ်စွာဘုရား။

ဗုဒ္ဓေါ - သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် သိမြင်တော်မူသည့်အပြင် သူတစ်ပါးကိုလည်း သိနိုင်အောင် ဟောကြားတော်မူပေသော မြတ်စွာဘုရား။

ဘဂ၀ါ - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

You received this email because you are subscribed to the real_time feed for http://nannetkhinkabyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.