Sunday, October 26, 2008

[ခရမ်းရင့်ပန်းပွင့်] 1 New Entry: အမျက်ဖြေကဗျာ

အမျက်ဖြေကဗျာ

ငါ့ ... ရင်ထဲကို ၀င်လာတယ်။
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ကျီစားတယ်။
သူကပဲ အမြဲမှန်သတဲ့။
ကိုလို့ခေါ်လိုက်တိုင်းတောင် ငါကြောက်တတ်ခဲ့ပြီ။
ခွင့်လွှတ်ပေးတာလဲ များလှပါပြီ ချစ်သူ။
လွှတ်ပေးထားဖို့ နည်းလမ်းက လွဲရင် မရှိဘူးလား။
ပေးဆပ်ပြီး ချစ်နေတဲ့ ငါ့အချစ်နဲ့
တည့်မှတ်ပေးနေတဲ့ လမ်းကြောင်းပေါ်က မင်းအမြဲခုန်ချတယ်။
ထုံးစံမရှိတဲ့ ဆင်ခြေမျိုးတွေနဲ့ မင်းငါ့ကို ရက်စက်တယ်။
စံနှုန်းမတူပေမယ့် ချစ်တယ်ဆိုတာကတော့ တမျိုးထဲပါ။

ငါ့မှာတော့ ရူးလောက်အောင် ချစ်မိခဲ့တာနဲ့
မှာတမ်းအတွေသာခြွေခဲ့ရ .....
ဘယ်လိုလဲ ချစ်သူ
တုံးအတဲ့ လူတယောက်လိုသာ
ကစားချင်တိုင်းကစားတာခံပြီး
မှတပါး အခြားမရှိရယ်လို့ ရည်ရွတ်ရင်း
မရှိတဲ့ မင်းရဲ့ ချစ်ခြင်းအတွက်
ရှိပြီးသား ငါ့သိက္ခာကို စတေးပစ်ရတော့ မလား။
ဘူးခံငြင်းတဲ့ အကြိမ်ပေါင်းများစွာနဲ့ မင်းလုပ်ရက်ခဲ့လည်း
ချစ်နေတဲ့ငါကတော့ ဘာဖြစ်ဖြစ် ဆက်ချစ်သွားမယ်ဆိုတာ ...
သူတယောက်သိပါစေ .........

You received this email because you are subscribed to the real_time feed for http://khayannyintpanpwint.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.