Sunday, October 26, 2008

[Pyu State] 2 New Entries: ရွေးချယ်ခြင်းနှင့် ရုန်းကန်ခြင်း အပိုင်း(၄)

ရွေးချယ်ခြင်းနှင့် ရုန်းကန်ခြင်း အပိုင်း(၄)

ရေးသူ - စစ်ငြိမ်းဒီရေ

zzMotherland.jpg

မြန်မာပြည်မှာ နေခဲ့ရတဲ့ အချိန်များအတွင်း ကျနော် သတိထားမိတဲ့
အကြောင်း ကိစ္စတစ်ခုကို သွားပြီ အမှတ်ရမိ ပါတယ်။ ကျနော်တို့တတွေ
ဟာ ဥပမာ ဈေးဝယ်စရာ ရှိရင် ကုလားဈေးဆိုင်ဘဲ ဖြစ်ဖြစ်၊ တရုတ် ဈေး
ဆိုင်ဘဲ ဖြစ်ဖြစ် သိပ်မရွေးချယ်ဘဲ ကိုယ်လိုချင်တာကို သွားရောက် ၀ယ်ယူ
လေ့ ရှိပါတယ်။ တရုတ်တွေ၊ ကုလားတွေ ကြတော့ အဲလို သိပ်မလုပ်ကြဘူး
လို့ ကျနော်တော့ ထင်တယ်။

သူတို့က သူတို့ အချင်းချင်း ဦးစားပေးပြီး ၀ယ်ယူလေ့ ရှိပါတယ်။ ကျနော်
ထင်မြင်ချက်က စာဖတ်သူ အတွက် မှန်ချင်မှ မှန်ပ မလား။ အမျိုးကို ချစ်တာ
ဇာတ်ခွဲခြားတာမျိုး ဆိုလိုတာတော့ မဟုတ်ပါ။ ကျနော် ကိုယ်တိုင်လည်း
ပြည်တွင်းမှာ နေခဲ့တုန်းက ဈေးဝယ်စရာရှိရင် နီးစပ်ရာ၊ ပစ္စည်းအရည်အချင်း
မှန်မှန်ကန်ကန် ဖြစ်ရင် ပြီးရော ဆိုပြီး ဈေးရောင်းသူ အခန်းကဏ္ဍကို
သိပ်ထည့်တွက်လေ့ မရှိပါဘူး။

များသောအားဖြင့် စီးပွားရေးပိုင်ဆိုင်ရာ ဈေးကွက်တော်တော်များများကို
ကုလားလူမျိုးများထက် တရုတ်လူမျိုးများက အောက်ခြေ လက်လီရောင်း
ဝယ်မှု ကနေ အဆင့်အမြင့်ဆုံး ကုန်ထုတ်လုပ်မှု၊ ကုန်ကြမ်းဈေးကွက်
တွေအထိ နေရာ အတော်များများမှာ လွှမ်းမိုး ထားပါတယ်။ နိုင်ငံသား
တရုတ်လူမျိုးများဟာ ကျနော်တို့နဲ့ အတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု
ရေး၊ ယဉ်ကျေးမှုနဲ့ သဘာဝ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေကို အတူတူ
ခံစား ခဲ့တဲ့ သမိုင်းနဲ့ မှတ်တမ်းမှတ်ရာများက သက်သေတွေရှိပါတယ်။



ယနေ့လက်ရှိ စစ်အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးယူထားတဲ့ "၀"၊
"ကိုးကန့်" တွေနဲ့ အတူ တရုတ်ပြည်မကြီးက တရုတ်လူမျိုးတွေဟာ
မြန်မာပြည်ထဲကို ၁၉၈၈ ခုနှစ် ကနေ ယနေ့အချိန်အထိ တအိအိ ၀င်
ရောက်လာမှုဟာ သိပ်ကို ကြီးမားတဲ့ ရွေးပြောင်း အခြေချမှု တစ်ခုပါပဲ။
သူတို့က မူးယစ်ဆေးဝါး ရောင်းဝယ်မှုက ရရှိတဲ့ ငွေမဲတွေကို အသုံးပြု
ပြီး မြန်မာပြည် အလယ်ပိုင်းနဲ့ အထက်ပိုင်းက မြို့တချို့မှာဆိုရင် ဈေး
ကွက်အရ အချက်အချာကြတဲ့ နေရာ အတော်များများကို ၀ယ်ယူပိုင်ဆိုင်
နေကြပါပြီ။ ခုနောက်ပိုင်းဆိုရင် ရန်ကုန်တိုင်းနဲ့ မြန်မာပြည်အောက်ပိုင်းက
မြို့ကြီးတွေမှာတောင် သူတို့ရယ့် ပိုင်ဆိုင်မှုဟာ တော်တော်ကို ကြီးကြီး
မားမား ရှိနေပါပြီ။

ဆေးတက္ကသိုလ်တွေ၊ စက်မှုတက္ကသိုလ်တွေ (နည်းပညာတက္ကသိုလ်တွေ)
လို အရပ်ဘက်ဆိုင်ရာ အဆင့်မြင့် အသက်မွေး ၀မ်းကျောင်း တက္ကသိုလ်
တွေရယ့် ကျောင်းသား ရာခိုင်နှုန်း အတော်များများ နေရာတွေမှာလည်း
ကြည့်လိုက်ရင် တရုတ်လူမျိုးစစ်စစ်နဲ့ ကပြား ကျောင်းသား အရေအတွက်
က တော်တော်ကို များနေပါတယ်။ တိုင်းရင်းသားနိုင်ငံသား ကျောင်းသား
အရေအတွက် ပါဝင်မှုဟာ သူတို့နဲ့ နှိုင်းယှဉ်လိုက်ရင် အရမ်းကို နည်းလာ
တာ တွေ့ရပါတယ်။ မိမိကိုယ်တိုင်၊ အဖေနဲ့ အမေ နိုင်ငံသား 3NRC
ဖြစ်ရမယ်ဆိုတဲ့ ဘောင်ဟာ ယနေ့ခေတ် နိုင်ငံရေးစနစ် ဆိုးရွားမှုရယ့်
အောက်မှာ မှတ်ပုံတင် လူဝင်မှုကြီးကြပ်ရေးရုံးကို ပိုက်ဆံပေးလိုက်ရင်
နိုင်ငံခြားသား FRC တစ်ယောက်ဟာ နိုင်ငံသား NRC ဖြစ်ဖို့ အရမ်း
လွယ်ကူပါတယ်။

လူဟာ လူပါဘဲ။ ဟုတ်ပါတယ် လူဟာ လူပါဘဲ။ လူဟာ လူဖြစ်လာဖို့
ရွေးချယ်ခွင့် မရခဲ့ပါဘူး။ ဟုတ်ပါတယ်ဗျာ။ သိပ်ဟုတ်တာပေါ့။ မြန်မာ
လူမျိုးဖြစ်ဖို့ တရုတ်ဖြစ်ဖို့ ကုလားဖြစ်ဖို့ ဥရောပသားဖြစ်ဖို့ ကပ္ပလီဖြစ်
ဖို့ လူလောကထဲ မရောက်ခင် ဘယ်သူမှ ကြိုတင် ရွေးချယ်ခွင့် မရခဲ့
ပါဘူး။

ဟုတ်ပါပြီ လာမဲ့ နှစ်ပေါင်း တစ်သန်းလောက် အကြာမှာဘဲ ဖြစ်ဖြစ် ဒီထက်
ပိုကြာတဲ့ အနာဂတ် တစ်ခုခုမှာပဲ ဖြစ်ဖြစ် ကမ္ဘာပေါ်မှာ လူမျိုးတစ်မျိုး အဖြစ်
အားလုံး ရောထွေးသွားတဲ့ လူ့အဖွဲ့အစည်းကြီး တစ်ခုဖြစ်သွားပြီ ဆိုပါစို့။
အဲဒီမှာ အရင်က လူတွေရဲ့ ပုံစံကို ပြတိုက် တစ်ခု တည်ဆောက်ပြီး ပြသ
ထားမယ်ဗျာ။ ယနေ့ ကမ္ဘာပေါ်မှာ ရှိနေတဲ့ မြန်မာ နိုင်ငံသား ရုပ်ထုဟာ
ဘယ်နေရာမှာ ဘယ်လိုပုံစံ မှတ်တမ်းနဲ့ ရှိသင့်တယ် ဖြစ်သင့်တယ် ထင်
သလဲ။

လက်ရှိ နိုင်ငံရေး စနစ်ဆိုးနဲ့ ဆက်သွားမယ် ဆိုရင်ရော ကျနော်တို့ နိုင်ငံ
သား ပင်မ ယဉ်ကျေးမှုဟာ နောက်ထက် နှစ်ပေါင်း ဘယ်လောက်ကြာကြာ
တောင့်ခံ နိုင်မလဲ။
ပန်းတော်ဆက် ကိုဗျတ္တရယ့် ချစ်သူ ပုပ္ပါးက အသားစိမ်း ငါးစိမ်း စားတဲ့
မယ်ဝဏ္ဍ ကို ရာဇတ်ဝင်ဆိုင်ရာ ၀တ္ထုရေးသူတွေက ဘီလူးလို့ ရေးသား
ဖော်ပြတဲ့ ဒေသခံ လူရိုင်းမျိုးလား ….
ကိုဗျတ္တက ပင်လယ်ခရီး လှေမှောက်ပြီး ရောက်လာတဲ့ ပါရှား (အီရန်)
လူမျိုး ဒုက္ခသည်…
မယ်ဝဏ္ဍက လူရိုင်း …
ရွှေဗျင်းညီနောင် က ကပြား …
ဇတ်ပေါင်းခန်းမှာ နတ်တွေဖြစ်တယ် …
ဆိုးတော့ မဆိုးဘူး ဒီလောက် အဆင့်အတန်း သတ်မှတ်ခြင်း ခံရမယ်
ဆိုရင်။

တချို့ဆိုရင် သူတို့သွေးထဲမှာ တရုတ်သွေး တစ်စက်မှ မပါဘူး။ ဒါပေမဲ့
တရုတ်လူမျိုးလို့ မိမိကိုယ်ကို ဇွတ်အတင်း ခံယူသူတွေ ဒီနေ့ခေတ်မှာ
တော်တော်ကို များလာပါတယ်။ တရုတ်လူမျိုးဟာ အလုပ်ကြိုးစားတယ်၊
စီးပွားရေး နားလည်တယ်။ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်တုန်းက
ဆုံခဲ့ဖူးတဲ့ ကျောင်းသား တစ်ယောက်နဲ့ ကျောင်းသူတစ်ယောက်ကို
အခုထိ မျက်စိထဲ မြင်နေဆဲပဲ။ သူတို့ နှစ်ယောက်စလုံး အသားအရေ
မျက်လုံး၊ မျက်ခုန်း အကုန်လုံးဟာ မြန်မာပုံပါ။ ဒါပေမဲ့ သူတို့ကို သူတို့
တရုတ်လို့ ကြွေးကြော်ကြတယ်။ တရုတ်ငချိတ်တွေပေါ့ (အသားနည်း
နည်းမဲလို့ … ကျနော်က နောက်ပြောင်ပြီး ခေါ်တာ)။ တရုတ်လူမျိုး
ကောင်းကြောင်း အမြဲပြောတယ်။ သူတို့ ကိုယ်တိုင် တရုတ်နှစ်သစ်ကူး
ချိန် ရောက်ရင် တက်ကြွလိုက်တာ။ တွေ့သမျှ ရင်းနှီးသမျှ မိတ်ဆွေ
သူငယ်ချင်းတွေကိုလည်း တရုတ် အထင်ကြီးရေး တရား အလကား
ဟောပြောတယ်။ ဒါတွေ ဒီနေ့ခေတ် တကယ့်ကိုဘဲ များနေပါပြီ။

ခလုတ်ထိမှ "အမိ" တ တယ် …
အမေ့ …
Mother …
မားမား …
အမား …
မို့အာရ် (ဒိန်းမတ်လို) …


(ဆက်လက်ဖော်ပြမည်။)

ရွေးချယ်ခြင်းနှင့် ရုန်းကန်ခြင်း အပိုင်း(၃)

ရေးသူ - စစ်ငြိမ်းဒီရေ


ဘ၀ဆိုတဲ့ ကောက်ကြောင်း …

zzdophinsurfers.jpg

ဘ၀မှာ မိသားစု ကံကြမ္မာကြောင့် လမ်းဘေးတွင် ကိုယ်တိုင် ဈေးရောင်း
ဖူး ပါသလား။ သို့မဟုတ် ကိုယ့်မိတ်ဆွေ အသိတွေထဲမှာ လမ်းဘေး
တွင် ဈေးရောင်းနေရတာမျိုးတော့ မည်သူမဆို တွေ့ကြုံ နိုင်ပါတယ်။
ကျနော် ဆိုလိုတဲ့ ဈေးရောင်းခြင်း ဆိုတာ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊
အကြော် ရောင်းခြင်း စတဲ့ အခြေခံ လူတန်းစား ဘ၀ ရုန်းကန်မှုမျိုးကို
ဆိုလိုတာပါ။ ဒီနေရာမှာ မေးခွန်းလေးတွေ လုပ်ကြည့် ရအောင်။

ကိုယ်ကိုတိုင် အိမ်ရှေ့ လမ်းဘေးမှာ မုန့်ဟင်းခါး ရောင်းနေရတယ်။
ကိုယ့်မိတ်ဆွေ အသိတစ်ယောက်ဟာ ချိုင့်လေး တစ်လုံးကို ဆွဲပြီး လာ
နေတယ်။ သူ့ပုံစံက မုန့်ဟင်းခါး ၀ယ်မလို့။ ကိုယ့်ဆိုင်ရှေ့ မရောက်ခင်
သူနဲ့ကိုယ် မျက်လုံးချင်း ဆုံတယ်။ ကိုယ်ကလည်း သူကို ပြုံးပြ လိုက်တယ်။
ဒါပေမဲ့ သူက အားနားစွာနဲ့ ပါးစပ်လေးကွေးရုံ လောက် ပြုံးပြပြီး ရှေ့ဆက်
သွားတယ်။ သို့မဟုတ် ကိုယ့်ဆိုင်မှာ ၀ယ်ယူ အားမပေးချင်လို့ မျက်နှာလွှဲ
သွားတယ် ဆိုပါဆို အဲဒီလို အဖြစ်မျိုး ဖြစ်ဖူး ပါသလား။ ကြုံတွေ့ဖူး သလား။




မေးခွန်းနဲ့ အဖြေက ပုံစံအမျိုးမျိုး ဖြစ်နိုင်ပါတယ်။
(ဈေးဝယ်သူ) တချို့က အိမ်က မှာလိုက်တယ် အဲဒီဆိုင် (အသိဈေးရောင်း
တဲ့ဆိုင်) မှာ မ၀ယ်ခဲ့နဲ့ ဟိုဆိုင် (နာမည်ကြီးတဲ့ မုန့်ဟင်းခါးဆိုင်) မှာ ၀ယ်
ခဲ့ဖို့။

(ဈေးရောင်းသူ) ကိုယ့်ကလည်း ကိုယ့်အသိ မနက်စောစော မုန့်ဟင်းခါး
ထွက်ဝယ် လာတာမှန်း သိနေလို့ ဈေးရောင်းရဖို့ မျှော်လင့်ချက်တွေ
နဲ့ပေါ့။ ဈေးရောင်းရမှ ကိုယ့်မိသားစု စားဝတ်နေရေး ပြည်စုံမယ့်
အနေအထား ….

ကံကြမ္မာဟာ တစ်ချက်မှောက် ဖဲဝိုင်းထဲကလို ….
ကိုယ့်အသိဟာ ကိုယ့်ဆိုင်ရှေ့ကနေ ဖြတ်ကျော်သွားတယ်…
ဒါဟာ ပုံပြင်မဟုတ်ဘူး …
ဒါဟာ ရုပ်ရှင်မြင်ကွင်း မဟုတ်ဘူး …

ကျနော့်ငယ်သူငယ်ချင်း တစ်ယောက် ရှိခဲ့ဘူးပါတယ်။ သူတို့က
အမေ တစ်ခု သားတစ်ခု သားအမိ နှစ်ယောက်တည်း ရှိတဲ့ ဘ၀ပါ။
သူတို့ အိမ်ရှေ့မှာ ဓနိတဲ ယိုင်းနဲ့နဲ့လေးနဲ့ မုန့်ဟင်းခါး ဆိုင်လေး
တစ်ခု ဖွင့်ပြီး မနက်တစ်ခါ ညနေ တစ်ခါ ဈေးရောင်း ရပါတယ်။ ကျနော်
မှတ်မိသလောက် ကျနော်တို့ သူငယ်တန်း ကျောင်းသား ဘ၀ ကနေ သူတို့
ဈေးရောင်းတာ တက္ကသိုလ် မတက်ခင် အထိလို့ ထင်ပါတယ်။ သူ့အမေ
နေမကောင်း ဖြစ်ပြီး ဆုံးသွားတော့မှ သူတို့ မုန့်ဟင်းခါးဆိုင်လေး လည်း
အနား ရသွားပါတယ်။

ကျနော်တို့ မိသားစု နေထိုင်ရာ မြန်မာပြည်က ရပ်ကွပ်ထဲမှာ မုန့်ဟင်းခါး
ဆိုင်ပေါင်း မြောက်များစွာ ရှိပါတယ်။ အနည်းဆုံး တစ်လမ်းမှာ နှစ်ဆိုင်၊
သုံးဆိုင် အထိ ရှိပါတယ်။ ရပ်ကွပ်ဈေးထဲမှာ ဆိုရင် (၁၀)ဆိုင်လောက်တောင်
ရှိမလား မပြောတတ်ဘူး။ အဲဒီအထဲမှာ သူတို့ မုန့်ဟင်းခါး ဆိုင်လေးက
ဘယ်လို ခေါ်မလဲ။ စုတ်စုတ်ပျက်ပျက် နုံနုံချာချာ ပုံစံလေးပါ။ တခြား မုန့်
ဟင်းခါးဆိုင်တွေ ဆိုရင် အခင်းအကျင်းက သန့်သန့်ပြန့်ပြန့်။ ဈေး
ရောင်းတဲ့ သူကလည်း ရွှေတွဲလဲ ငွေတွဲလဲနဲ့ပါ။

မိသားစုဝင် အရေအတွက်များတဲ့ ကျနော်တို့အိမ်မှာ မနက်မိုးလင်းတာ
နဲ့ ကျောင်းမသွားခင် အမေက လမ်းမြန်မြန်လျှောက်တတ်တဲ့ ကျနော်ကို
မုန့်ဟင်းခါး အ၀ယ်တော် လွှတ်ပါတယ်။ မုန့်ဟင်းခါး ဘယ်လောက်ဖိုး ၀ယ်ခဲ့။
ပြီးတော် ဟင်းရည် ဘယ်လောက်ဖိုး ထပ်ဝယ်ခဲ့။ ပြီးတော် ဈေးထိပ်က မုန့်
ဖက်ဆိုင်မှာ မုန့်ဟင်းခါး မုန့်ဖက် ဘယ်လောက်ဖိုး ထပ်ဝယ်ခဲ့ပေါ့။ အမတွေ
ကတော့ ဟိုဆိုင်လေး … မောင်လေး သိလား… ဒေါ် ဘယ်သူဆိုင် … သူ့ဆိုင်
က မုန့်ဟင်းခါးက ကောင်းတယ် … မုန့်ဟင်းခါးရည်ထဲမှာ ဘဲဥဖက်တွေ
ပါတတ်တယ် … အဲဒီဆိုင်က မိန်းမကြီးက သူ့ဆိုင်မှာ ၀ယ်စားတဲ့ လူတွေရယ့်
မိသားစုတွေကို အရမ်းချီးကျူးတတ်တာ …. လို့ နာမည်ကြီး မုန့်ဟင်းခါးဆိုင်
တွေကို သွားဝယ်ဖို့ အထပ်ထပ် မှာကြားကြ ပါတယ်။

ကျနော်ကို အိမ်က မုန့်ဟင်းခါး ၀ယ်ဖို့ လွှတ်လိုက်တိုင်း ကျနော်ကတော့
ဆင်းရဲပြီး ဒုက္ခရောက်လို့ မုန့်ဟင်းခါး ရောင်းစားနေရတဲ့ ကျနော့်သူငယ်
ချင်းဆိုင်မှာဘဲ ၀ယ်လေ့ ရှိပါတယ်။ ကျနော်ချိုင့်ဆွဲပြီး သူတို့ဆိုင် တည့်
တည့်ကို လာနေတာတွေ့ရင် အဝေးကြီးကနေ လှမ်းပြီး ပြုံးပြနေတဲ့
သူတို့ သားအမိနှစ်ယောက်ရယ့် အပြုံးတွေကို ၀ိုးတ၀ါး မြင်နေရပါတယ်။
ဆိုင်ထဲကို ၀င်သွားရင် … လူလေးရေ ဘယ်လောက်ဖိုးလဲ ..လို့ အပြုံးနဲ့
မေးနေတဲ့ ကျနော့်သူငယ်ချင်းအမေရယ့် မျက်ဝန်းထဲမှာ မျက်ရည်တွေ
ဝဲ နေပါတယ်။

မုန့်ဟင်းခါး ၀ယ်ပြီးလို့ အိမ်ပြန်ရောက်ရင် အနည်းဆုံး နာရီဝက်လောက်
တော့ အမတွေရယ့် ဆူပူမှုကို ခံရပါတယ်။ မည်သို့ပင် ဖြစ်စေ ကျနော်
ကတော့ ကျနော့်ကို မုန့်ဟင်းခါး ၀ယ်ခိုင်းလိုက်တိုင်း မုန့်ဟင်းခါးရည်
ကျဲတောက်တောက် နဲ့ နံနံပင် ခပ်နွမ်းနွမ်းလေးတွေသာ အသုံးပြုတတ်
တဲ့ ကျနော့်သူငယ်ချင်းဆိုင်မှာဘဲ ၀ယ်ယူ ခဲ့ပါတယ်။

ငါးတန်းကျောင်းသား ဘ၀ အထက်တန်းကျောင်းကို စတက်ကြတော့
အတန်းပိုင် ဆရာမက ကျနော်တို့ အားလုံးကို မေးခွန်းတစ်ခု မေးပါတယ်။
သားတို့ သမီးတို့ ကြီးလာရင် ဘာလုပ် ကြမလဲ …
တစ်ယောက်ချင်စီ ထပြီး ဖြေရပါတယ် …
အားလုံးနီးပါးက သားကြီးလာရင် ဆရာဝန်ကြီးလုပ်မယ်၊ သမီးကြီးလာရင်
အင်ဂျင်နီယာမကြီး လုပ်မယ်၊ သားကြီးလာရင် စစ်ဗိုလ်ကြီး လုပ်မယ် ဖြေ
ကြပါတယ်။ မုန့်ဟင်းခါးရောင်းတဲ့ ကျနော့် သူငယ်ချင်း အလှည့်လဲ ရောက်
ရော သူက … သားကြီးလာရင် မုန့်ဟင်းခါး မရောင်းချင်ဘူး ဆရာမ …လို့
ဖြေပါတယ်။

အခုတော့ …
ကျနော့် သူငယ်ချင်း တိုးတက်တဲ့ နိုင်ငံကြီးတစ်ခုမှာ နေထိုင် နေပါတယ်။
သူ့မိန်းမက အဖြူမ (ဥရောပသူ) ပါ။ ငွေကြေးလည်း ပြည်စုံနေပါပြီ။
သူနဲ့ ကျနော် တယ်လီဖုန်း ပြောဖြစ်တိုင်း သူက ကျနော်ကို …
သူငယ်ချင်း … မင်းဒုက္ခရောက်ရင် မင်းဘက်မှာ ငါအဆင်သင့်ရှိတယ်…
လူတွေအတွက် ဆိုရင်တော့ ဆော်ရီးဘဲ (sorry)။ ငါတို့ သားအမိနှစ်
ယောက် ရပ်ကွပ်ထဲမှာ လူတကာကို အောက်ကျို့ခံပြီး ထမင်းတစ်လုပ်ကို
ဘယ်လို ရှာစား ခဲ့သလဲ ဆိုတာ မင်းသိပါတယ်။ ငါ့အမေသေတော့ အသုဘ
စရိတ်မရှိလို့ ငါတို့သားအမိနှစ်ယောက် နေတဲ့ အိမ်ကို သူများဆီမှာ ငွေ
တစ်ရာကို နှစ်ဆယ်တိုးနဲ့ ပေါင်ပြီး အလောင်းကို မြေချခဲ့တာ။ ဒါပေမဲ့ ရပ်ကွပ်
ထဲက ဖဲသမားတွေ ဖဲဝိုင်းလာထောင်းပေးလို့ ပြန်တော့ ရွေးနိုင်ခဲ့ပါတယ်။

အသုဘကို သင်္ချိုင်းပို့တာ ဘတ်စ်ကား တစ်စီးတောင် လူမပြည့်ဘူး။
ဆင်းရဲသား အသုဘမို့ လိုက်ပို့ရင် အကူငွေ ပေးရမှာ ကြောက်ပြီး
လိုက်မပို့ကျတာလေ။ ကုန်ကုန်ပြောမယ်ကွာ … ငါမှာ ပိုက်ဆံမရှိတဲ့
အချိန် … မင်းအဆင်မပြေရင်လည်း … မင်း ငါဆီကိုလာခဲ့ … ငါမိန်းမကို
ငါကိုယ်တိုင် ဓါးနဲ့ ထိုးသတ်ပြီး မင်းကို ဟင်းချက်ကြွေးမယ် …
လူတွေအတွက် … ဟိုအရေးအတွက် ဒီအရေးအတွက် ဆိုရင်တော့ …
လုံးဝ … လုံးဝ … ဆော်ရီးဘဲ (sorry) သူငယ်ချင်း။

ဗန္ဓုလဟာ နန်းရင်ပြင်မှာ
စင်တော်က ကောက်ဖို့
ရှေ့က ဘ၀တူ မင်းချင်းကို
တံတောင်နဲ့ ထထောင်းတာ
သူရဲကောင်း လုပ်ရပ်လား။

အနော်ရထာ ရော မနူဟာမင်းအပေါ်
စစ်သုံးပန်း ဥပဒေ အတိုင်း ဆောင်ရွက်
ခဲ့ရဲ့လား …။


(ဆက်လက်ဖော်ပြမည်။)

You received this email because you are subscribed to the real_time feed for http://pyustate.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.