Sunday, October 26, 2008

[အမှန်တရားကို လိုလားတဲ့ ရွှေညာသား] 3 New Entries: Dilemma Action

Dilemma Action


ဒီနည်းလေးကတော့ ကျွန်တော်သိတဲ့အထဲက ရွေးထုတ်လိုက်တာဖြစ်ပါတယ်
တော်တော်ကောင်းတဲ့နည်းလေးပါ၊ သိသလောက်တက်သလောက်တော့ နားလည်သဘောပေါက်အောင်ပြောပြမှာပေါ့ဗျာ..
ကျွန်တော်တို့အလုပ်တစ်ခုလုပ်တယ်ဆိုရင် သေချာတိကျဖို့လိုအပ်ပါတယ်၊
တိကြဖို့လိုသလို မှန်ကန်ဖို့လဲ လိုပါတယ်၊ အဓိကပြောချင်တာကတော့
အလုပ်တစ်ခုလုပ်ပြီဆိုရင် တိကျမှန်ကန်ဖို့ အများလက်ခံနိုင်မယ့်အလုပ်
အများကောင်းကြိုးဆောင်ရွတ်မယ့်အလုပ်မျိုးမှာ ဆိုရင် အခက်ခဲတွေတွေ့ရတက်ပါတယ်
အန္တရာယ်တွေများတဲ့အလုပ်မျိုး ဖြစ်နိုင်ပါတယ် ၊ဒါမိျုးတွေ ဖြစ်တော့မယ်ဆိုရင်
ကျွန်တော်နည်းလေးတစ်ခုပေးပါရစေ ၊ တက်လို့တော့မဟုတ်ဘူးဗျာ သိတာလေးပါ၊
လိုအပ်လာရင်လဲသုံးလိုက်ပေါ့ဗျာ ကြိုက်ရင်လဲမှတ်ထားလိုက်ပေါ့၊
ကျွန်တော်ပြောမယ့်နည်းကတော့ (Dilemma Action) လို့ခေါ်ပါတယ်။မြန်မာစကားပုံ
လေးနဲ့ပြောရမယ်ဆိုရင်တော့ဗျာ ဆုပ်လည်းစူး စားလည်းရူးပေါ့ဗျာ၊ ရန်သူအားနှစ်ခု
အနက်မှ တစ်ခုကိုရွေးချယ်ပေါ့ဗျာ ရှေ့တိုးတံပိုး နောက်ဆုတ်လှည်းထုတ်ပေါ့ဗျာ
ဒါမျိုးကဘယ်လိုမှ ကိုပဲ မလှုပ်သာတောဘူး ငြိမ်ခံရတော့မယ် ရင်ဆိုင်ရတဲ့သူက
ပိုအကြပ်တဲ တွေ့စေမယ့်နည်းပေါ့ဗျာ ၊ ဘာပြုလိုဒီလိုပြောရလဲဆိုတော့ ကျွန်တော်တို့မှာ
ရန်သူတွေရှိတယ်လေ အကောင်းမြင်တဲ့လူကမြင်သလို အကောင်းမမြင်သူကလဲ
မမြင်ကြဘူးဗျ၊ ဥပမာ လေးနဲ့ရှင်းပြမယ်ဗျာ အနည်းအပါးလေးပါပဲ…………
ကျွန်တော်တို့မိသားစုတစ်ခုကိုပဲ ဥပမာပေးကြပါစို့ ဒီမိသားစုလေးဟာ ဗုဒ္ဓဘာသာပဲ
ထားကြပါစို့ အဖေကသားကို အမြင်မကြည်လင်ဖြစ်နေတယ် အပြစ်မရှိ အပြစ်ရှာ
ရိုက်တယ် သားကလဲပြန်တောပြောချင်တယ် သို့သော် အဖေဖြစ်နေတယ်.မပြောသင်ဘူး
ဒါ့ကြောင့်သားကဘာလုပ်လဲဆိုတော အိမ်က ဘုရားစဉ်ရှေ့မှာ ဘုရားဖူးပြီးဆုတောင်းတယ်
ဘုရားတပည့်တော်သည် ဆင်းရဲ့ခပ်သိမ်း ဒုက္ခအပေါင်းမှ ကင်းဝေးရပါလို၏ သူတော်ကောင်းတွေနဲ့သာတွေ့ရပြီး သူယုတ်မာတွေနဲ့ဝေးရပါလို၏ လူတိုင်းလူတိုင်း
သတ္တဝါတိုင်း သတ္တဝါတိုင်း ညှင်းပမ်းနှိပ်စက်ချင်းမှ ကင်းဝေးကြပါစေလို့ မေတ္တာပို့တယ်
ဘယ်သူကိုမှ မရည်ရွယ်ဘူးပေါ့ဗျာ ၊ ကုသိုလ်လိုချင်စိတ်လေးနဲ့ ဘုရားဖူးတယ်ပေါ့ဗျာ
အမေနဲ့ညီအစ်ကိုမောင်နှမတွေက သာဓုခေါ်ပါတယ် ငါ့အစ်ကို ငါ့သားလေး
ကုသိုလ်ကောင်းမှုတွေပြုတယ်ပေါ့ဗျာ၊ ဒါဟာ သူတော်ကောင်းအလုပ် ဘုရားကြိုတ်တဲ့
အလုပ် နတ်ကြိုက်တဲ့အလုပ်ပေါ့၊ သို့သော် ကိုယ်အပြစ်နဲ့ကိုယ် သာဓုမခေါ်နိုင်တာက
ဖအေဖြစ်သူပါ၊ သူအပြစ်နဲ့သူဆိုတော့ သူ့ကိုယ်ရွဲ့တယ်ထင်နေတယ်လေ၊
ဒီအကြောင်း နဲ့ပတ်သတ်လို့ ဘာမှမပြောရဲ့ဘူးဗျာ ပြောရင်လဲ ဘယ်သူ့ကိုအပြစ်မြင်မလဲ
သားကဘုရားဖူးလိုအပြစ်ပြောတယ်ဆိုရင်လဲ မိသားစုကကြေနပ်ပါ့မလား စဉ်းစားကြည့်ပေါ့
သူတို့တမိသားစုလုံးကလလဲ ဗုဒ္ဓဘာသာတွေလေ ရိုက်ချင်သော်လဲ ရိုက်လို့မရတော့ဘူး၊
သားလုပ်တဲ့သူရဲ့ အလုပ်က အားလုံးလက်ခံတဲ့အလုပ်ဖြစ်နေတယ်လေ. ဒါမျိုးတွေကို
စဉ်းစားလုပ်ကြဖို့ ဥပမာလေးပေးတာပါ ၊ ဥပမာ ပေါ့ဗျာ သေသွားသူရဲ့ အမှတ်တရပွဲလေး
လုပ်တယ်ဆိုရင် ဘယ်သူဘာပြောလိုရမှာလဲ ပြောရင်လဲ ဘယ်သူအပြစ်ဖြစ်မလဲ
မပြောဘဲထားရင်လဲ သူတို့လွတ်ထားရာကြမယ် ဒီတော့ဒီလိုနည်းတွေရှာပြီးလုပ်ဆောင်
မယ်ဆိုရင် အကောင်းဆုံးနည်းလေးပဲ နားလည်အောင် ဥပမာ တစ်ခုထပ်ပေးမယ်ဗျာ
အသက် ၇၀ ကျော် အဖွားတစ်စု လမ်းစည်းကမ်းအတိုင်းမသွားဘဲ ချိုးဖောက်လိုက်မယ်ပေါ့
အယောက်ကလဲ ၃၀ ကျော်ပေါ့ စည်းကမ်းအတိုင်းသွားမယ်ဆိုရင်လဲ အဝေးကြီးပေါ့
မသွားနိုင်တော့လို့သွားလိုက်ရတယ် ။ ဒါမျိုးကို လမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က
အပြစ်ယူမယ်ဆိုရင် အဖွားကြီးတွေကလဲဖြစ်နေတယ် ယူလို့မဖြစ်ဘူးပေါဗျာ
ယူလိုက်ရင်လဲ အဖွားကြီးတွေတောင် အပြစ်ယူတယ်ဖြစ်မသွားဘူးလား ဒီသတင်းဟာ
လူတော်တော်များကို သတင်းပြန့်ပွားစေတယ် ၊အဖွားကြီးတွေတောင်အပြစ်ယူတယ်
ဖြစ်မသွားဘူးလား မယူပြန်ရင်လဲ သူတို့ကို အပြစ်ပြောစရာ သွားဖြစ်စေတယ်………..
ကိုယ်လုပ်တဲ့ အလုပ်ဟာ ဘယ်လိုမှမလှုပ်သာအောင်ပေါ့ မလှုပ်ရင်လဲမဖြစ် လှုပ်ရင်လဲ
လူအများ လက်မခံနိုင်စရာဖြစ်သွားအောင်ပေါ့ ၊ ဒါမျိုးအလုပ်တွေအများများလုပ်မယ်ဆိုရင်
ခင်ဗျားတို့ လိုချင်တဲ့ ရည်ရွယ်ချက်မြင့်မားတဲ့ အလုပ်တွေဆိုရင် အောင်မြင်မှာဖြစ်ပါတယ်
ဒီနည်းမျိုးတွေ အများကြီးရှိပါတယ်ဗျာ ၊ တွေးတောကြပါ စဉ်းစားကြပါ ကျွန်တော်တို့ရဲ့
ရည်မှန်းချက် အလုပ်တွေဟာ အောင်မြင်မှာ မလွဲပါပဲ……..။
နားလည်ရဲ့လား မိတ်ဆွေ သဘောတရားလေးပြောပြမယ်ဗျာ ..တို့တတွေရဲ့ အလုပ်အဖွဲ့
ဆိုရင် စည်းလုံးခြင်းကို အချေခံတယ် ညီညွတ်မှုကိုလိုလားတယ် စာပေမြင့်မားတိုးတက်
ဖို့အတွက်လဲဖြစ်တယ် စုစုစည်းစည်းလေးဖြစ်အောင်လုပ်နေတယ် ကျွန်တော်က ဖိတ်ခါ်
တယ်ထားပါစို့ ခင်ဗျားတို့မပါဝင်ရင် စုစည်းမှုကိုမလိုလားလို့ပဲ ပါဝင်ပြန်တော့လဲ
ကျွန်တော့်ကိုယ်ပိုင်ဘလော့မှာ နိုင်ငံရေးဘလော့ဖြစ်နေတယ်၊ ဒါမျိုးတွေရေးမှာလဲ
ကြောက်နေရတယ် ၊ တစ်ချို့ဆိုရင် ဒါမျိုးတွေ စဉ်းစားစရာဖြစ်လာတယ်။
ဒါမျိုးတွေကိုဆိုလိုချင်ပါတယ် သဘောတရားကိုပြောပြတာပါ အလုပ်တစ်ခုလုပ်လိုက်မယ်
ဆိုရင် ဒါမျိုးတွေကို တွေးခေါ်ပြီးလုပ်ကြဖို့အတွက် တိုက်တွန်းတာပါ၊ ရှေ့လဲမတိုးသာ
နောက်လဲမဆုတ်သာပေါ့ဗျာ ၊ ကျွန်တော်တို့ရည်မှန်းချက်ကြီးအောင်မြင်ဖို့ဆိုရင်
အလုပ်လုပ်တဲ့နေရာမှာ နည်းလမ်းကောင်းလေးတွေလိုအပ်ပါတယ် ၊ ကျွန်တော်သိတဲ့နည်းလေးကို အားလုံးသိဖို့ ဘယ်အလုပ်မှာမဆိုအသုံးချလို့ရအောင် စာဖတ်သူတွေအားလုံးကို တင်ပြလိုက်ချင်း ဖြစ်ပါတယ်ဗျာ …..
(နည်းလမ်းပုံစံလေး မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင်ကြိုးပမ်းခဲ့ကြတဲ့ ခေါင်းဆောင်တွေကို အမှတ်တရပွဲလေးလုပ်ကြည့်ပေါ့။ကိုလိုနီလက်အောက်ကလွတ်လပ်
ရေးရရှိခဲ့တဲ့ရက်တွေ ဘယ်သူအပြစ်ယူမှာလဲ ယူရင်ဘာဖြစ်မလဲ မယူရင် ဘာဖြစ်မလဲ စဉ်းစားကြည့်ပါ ၊…….
အများကြီးရှိပါသေးတယ် တွေးခေါ်ပြီးလုပ်ကြပါစေ အောင်မြင်ပါစေ) လို့ဆန္ဒပြုရင်း ချစ်စွာသော စာရှုသူ …………………………………….
ကြိုးစားလျှက် အမှန်တရားကိုလိုလားတဲ့ ရွှေညာသား

အမြင့်မြတ်ဆုံးလူးတွေ ကျဆုံးခဲ့ကြတယ်။

ဇာစနစ်ဆန့်ကျင်ရေးတိုက်ပွဲထဲက အမျိုးသမီးကဗျာဆရာ
ရုရှားနိုင်ငံက ဒုတိယမြောက်အလက်ဇင်ဒါဘုရင် (၆၂နှစ်)ဟာ ၁၈၈၁ခုနှစ်မတ်လ ၁၃ ရက်နေ့မှာ ဗုံးနဲ့အပစ်ခံရတော့ ခြေပြတ် ဗိုက်ပေါက်ပြီး လူရုပ်မပေါ်ဘဲသေသွားခဲ့ပါတယ်။
ဒီလိုလုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်သူတွေထမှာ ပညာတက် အမျိုးသမီးတစ်ယောက်ပါတယ်ဆို
ရင် အံ့သြကောင်းအံ့သြကြလိမ့်မယ်၊ သူ့ကိုမလိုလားတဲ့ သက်ဦးဆံပိုင်စနစ်လိုလားသူ
တွေက သူ့ကို "ဗယ်ရာဖစ်ဂ်နာ (Vera Nikolarvna Figner)ဟာ အမျိုးသမီးမဟုတ်ဘူး
သူရဲတစ္ဆေဖြစ်တယ်"လို့ပြောကြတယ်။
ဗယ်ရာနီကိုလက်ဗ်နာ ဖစ်ဂ်နာ (၁၈၅၂-၁၉၄၂) ဟာ ၁၉ ရာစုနှစ်အကုန်ပိုင်းက ရုရှားဓနရှင်
ပေါက်စ ပညာတက်များရဲ့ ဇာစနစ်တော်လှန်ရေးမှာ ခေါင်းဆောင်ပါဝင်ခဲ့သူဖြစ်တယ်၊
သူမရေးခဲ့တဲ့ "တော်လှန်ရေးသမားတစ်ဦး၏မှတ်တမ်းများ " စာအုပ်ကြောင့် နာမည်ရခဲ့တဲ့
ဗယ်ရာညဗစ်ဂ်နာဟာ အထက်တန်းလွှာများတက်တဲ့ ကျောင်းတွေမှာ ပညာသင်ခဲ့ပြီး
ဆွစ်ဇာလန်နိုင်ငံမှာ ဆေးပညာသင်ကြားခဲ့ပါတယ်၊၊
သူမဟာ ၁၈၇၆ ခုနှစ်ကစပြီး စိန့်ပီတာစဘာ့ဂ်မြို့တော်ကို ရောက်လာပါတယ်၊ အဲဒီမှာ
သူမဟာ ဇာဘုရင်ကို တော်လှန်လိုတဲ့ အသိုင်းအဝိုင်းတစ်ခုနဲ့ ထိတွေ့မိပြီး မြောက်ပိုင်း
တော်လှန်တဲ့ နာရောဒ်နစ်ခ်အစု (North Revolutionary Narodnik Group) မှာပါဝင်
ခဲ့တယ်၊ ဒီအဖွဲ့ရဲ့ နာမည်ကိုနောင်မှာ မြေယာနှင့်လွတ်လပ်ရေးအဖွဲ့ (Land and Freedom)လို့ ပြောင်းခဲ့ပါတယ် ၊ ၁၈၇၉ ခုနှစ်မှာ ဒီအဖွဲ့ ကွဲ့ပြန်တော့ သူမဟာ
ပြည်သူ့ဆန္ဒ အဖွဲ့ (People's Will)မှာ အလုပ်အမှုဆောင်ဖြစ်လာပါရော၊ ဒါတင်မက
သူမဟာ စစ်ရေးခေါင်းဆောင် တဦးလည်းဖြစ်လာပါတယ်၊ အဲဒီနောက်သူဟာ မြေအောက်
သဏ္ဌာန်နဲ့ နေထိုင်လှုပ်ရှားခဲ့ပြီး ဇာဘုရင်ကိုလုပ်ကြံဖို့အတွက် စီစဉ်ရာ မှာပါခဲ့ပါတယ်၊
ဇာဘုရင်အသတ်ခံရပြီးနောက်မှာ သူတို့အဖွဲ့ဝင်တွေ သေဒဏ်အပေးခံရသူခံရ၊ ထောင်အချ
ခံသူခံရနဲ့ အဖွဲ့အစည်းဟာ အင်မတန်ချည့်နဲ့သွားတော့ သူမဟာဒီအဖွဲ့ကို ပြန်လည်စုစည်းဖို့
လုံးပမ်းပါတယ်၊ ဒါပေမယ့် မအောင်မြင်ပါဘူး ။ သစ္စာဖောက်တစ်ဦးရဲ့ လက်ထောက်ချ
မှုကြောင့် ၁၈၈၃ ခုနှစ်ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အဖမ်းခံရပါတယ်၊ ၁၈၈၄ ခုနှစ်မှာ
သူမကို သေဒဏ်ချမှတ်ခဲ့ပေမယ့် နောက်တော့ ထောင်ဒဏ်တစ်သက်တကျွန်းအဖြစ်
ပြန်ပြောင်းချလိုက်ပါတယ်။
ဒီနောက် ၁၈၈၄ခုနှစ်ကနေ ၁၉၀၄ ခုနှစ်အထိ သူမဟာ ခံတပ်ကြီးတစ်ခုအတွင်းမှာအနှစ်
နှစ်ဆယ်လုံးလုံးတဦိးတည်း တိုက်ပိတ်ထားတာ ခံခဲ့ရပါတယ်၊ ၁၉၀၆ ခုနှစ်မှာ သူမဟာ
ပြည်ပကိုထွက်သွားပြီး ရုရှားနိုင်ငံအတွင်းက နိုင်ငံရေးအကျဉ်းသားများအတွက် လှုံ့ဆောင်
တိုက်ပွဲဝင်ခဲ့ပါတယ်၊ ၁၉၀၇-၁၉၀၈ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသားတွေ ပြည်ပရောက်တွေ
အားလုံးကို လွတ်ငြိမ်းခွင့်ပေးရေးကော်မတီ ဥက္ကဌ နဲ့ ယဉ်ကျေးမှု နှင့်လွတ်လပ်ရေး
အသင်းမှာ ဒုဥက္ကဌ တာဝန်ယူခဲ့ပါတယ်၊၊
ဇာဘုရင်စနစ်ကို တော်လှန်ချုပ်ငြိမ်းစေတာမဟုတ်ဘဲ ဇာဘုရင်တစ်ယောက်ကိုသာ ချုပ်ငြိမ်းစေတာဖြစ်လို့ သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ အဆုံးတိုင်အောင်မြင်မှုမရခဲ့ပါဘူး၊
ဒါပေမယ့် ကိုယ်ကျိုးလုံးဝစွန့်လွှတ်ပြီး သက်ဦးဆံပိုင်ဘုရင်စနစ်ဆိုးကြီးကို တိုက်ခိုက်ခဲ့တဲ့
အမျိုးသမီးတစ်ဦးအနေနဲ့တော့ ဗယ်ရာဖစ်ဂ်နာဟာ စံထားအားကျခြင်းခံရတဲ့ အမျိုးသမီး
တဦးဖြစ်ခဲ့ပါတယ်။
သူရေးခဲ့ဘူးတဲ့ ကဗျာတွေထဲ ကတစ်ပုဒ်ကတော့.........
အမြင့်မြတ်ဆုံးလူးတွေ ကျဆုံးခဲ့ကြတယ်။
အမြင့်မြတ်ဆုံးလူးတွေ ကျဆုံးခဲ့ကြတယ်…
သူတို့ကို လူမနေတော့တဲ့…
နေရာတစ်ခုမှာ လူမသိသူမသိမြှုပ်ထားခဲ့ကြတယ်။
သူတို့အတွက် မျက်ရည်တစ်စက်မှမကြခဲ့ကြဘူး ၊
မသိဘူးတဲ့လက်တွေက သူတို့ကို သင်္ချိုင်းကိုသယ်ပို့ခဲ့တယ်…
လက်ဝါးကပ်တိုင်မရှိ အကာအရံမရှိ သူတို့ရဲ့ဂုဏ်ပြောင်တဲ့
နာမည်တွေကို ဘယ်သင်္ချိုင်းကျောက်ပြားမှာမှ မတွေ့မိ।
သူတို့အပေါ်မှာ မြတ်တွေပေါက်နေပြီး ချည့်နဲ့တဲ့မြတ်ပင်လေး
တပင်ကသာ ၊ ခါးလေးကိုင်းပြီး လျှို့ဝှတ်ချက်တွေ ထိန်းထားတယ်…।
တဦးတည်းသော သတ်သေကတော့ ဒေါသတခြောင်းခြောင်းနဲ့
ကမ်းစပ်ကို ရိုက်ခက်နေကြတဲ့ လှိုင်းလုံးတွေ
ဒါပေမဲ့ ဒီအစွမ်းထက်လှတဲ့ လှိုင်းလုံးတွေတောင်မှ
သူတို့အိမ်တွေဆီိကို နောက်ဆုံးနှုတ်ဆက်စကားတွေ…।
သယ်မသွားနိုင်ခဲ့။ ။

The Noblest Fallen
The noblest have Fallen. They were buried
obscurely in a deserted place.
No tears fell over them.
Strange hands carried them to the grave.
No cross, no enclosures, and no tonb stone tell
their glorious names .
Grass grows over them, a feeble blade
bending low keeps the secret.
The sole witness were the surging waves.
which furiously beat against the ahore,
But even they, the mighty waves could
could not carry farewell greetings to the distant home.

လက်တွေ့လုပ်ကြစို့လား

လက်ရှိမြန်မာနိုင်ငံအချေအနေဟာ အဆုံးဆိုးအချိန်ကိုရောက်ရှိနေပါပြီ၊
ဘာ့ကြောင့်လည်းဆိုတော့ ပြည်သူလူထုကြီးဟာ နအဖ ရဲ့ရက်စက်ကြမ်းကြုတ်တာတွေကို
ထင်ထင်ရှားရှား သိလာကြလို့ပါပဲ၊ ပြည်သူလူထုတရပ်လုံး နိုးကြားတက်ကြွနေတဲ့
အချိန်ဖြစ်ပါတယ်၊ NLD ရဲ့အချေနေဟာလဲ အဆုံးဆိုးဖြစ်နေတယ် ၁၉၉၀ ရွေးကောက်ပွဲကို
အသိအမှတ်မပြုဘဲ မေလမှာ ဆန္ဒခံယူပွဲကြီးအောင်မြင်သွားပြီး ၊၂၀၁၀ မှာရွေးကောက်ပွဲ
လုပ်မှာဖြစ်ပါတယ်၊ဒါ့ကြောင့် NLD ရဲ့အချေနေဟာ ဒီထက်ဆိုးမှာကတော့ NLD အလိုအလျောက် ပါတီတစ်ခုလုံးပျက်သုံးဖို့အချေအနေပါပဲ..NLDအနေနဲ့ ရပ်နေလို့တော့
ဘယ်လိုမှမဖြစ်တော့ပါဘူး၊ ပြည်သူတွေရဲ့ ဆန္ဒကို အပြည့်အဝရရှိထားလို့ပဲဖြစ်ပါတယ်၊
ပည်သူတွေဆိုရင်လဲ နာဂစ်မုန်တိုင်းနှင့်ပတ်သတ်ပြီး သေကြ ပျက်စီးကြ ဝမ်းနည်းနေပြီး
နအဖ ကိုမကြေနပ်သူတွေများနေပါပြီ ၊ သံဃာတွေဆိုရင်လည်း စက်တင်ဘာမှာ သေကြ
အဖမ်းခံရနဲ့ မကြေနပ်ချက်တွေများနေပါပြီ ၊ အလုပ်သမားတွေဆိုရင်လဲ ငွေဝင်ကြေးနဲ့
ထွက်ကြေးဟာ မညီမျှလို့ မကျေနပ်ချက်တွေများနေပါပြီ၊ ကျောင်းသားတွေဆိုရင်လဲ ပညာရေးနိမ့်ကြလို့ ရသင့်တဲ့အခွင့်ရေးတွေမရလို့ နအဖ ကိုတော်လှန်ဖို့အတွက်
မျိုးဆက်သစ်ကျောင်းသားတွေပေါ်ထွက်နေပါပြီ၊ အားလုံးရဲ့ မကျေနပ်ချက်တွေSummary
စုနေတဲ့ အချေနေဟာ ကျွန်တော်တို့တော်လှန်ရေးသမားတွေအနေနဲ့ အချေနေကောင်း
အခွင့်ခါကောင်းဖြစ်ပါတယ် ၊ အင်အားစုဆောင်းရာမှာကော တိုက်ပွဲဆင်နွှဲရာမှာလည်း
အချိန်မရွေးဖြစ်သွားနိုင်တဲ့ အချေနေဖြစ်ပါတယ်၊ ကျွန်တော်တို့ တော်လှန်ရေးသမား
တွေအနေနဲ့ အချိန်မဆွဲသင့်တော့ဘူး ရတဲ့နေရာက ရတဲ့အခွင့်ရေးကိုယူပြီး လုပ်ဆောင်
သွားဖို့အချေနေဖြစ်နေပါတယ် ၊လက်နက်ကိုင်တဲ့ တော်လှန်ရေးသမားကလည်း လက်နက်ကိုင် မြေပေါ်တက်လှုပ်ရှားသူကလဲ လှုပ်ရှား မြေအောက်ကနေလှုပ်ရှားသူလဲ
လှုပ်ရှားကြမယ်ဆိုရင် တော်လှန်ရေးရင်မှည့်ချိန်ဟာ မဝေးတော့ပါဘူး၊
အားလုံးပဲအချိန်မဆွဲဘဲနဲ့ အချိန်ကိုတန်ဖိုးထားပြီး ကြိုးကြိုးစားစား လုပ်ဆောင်ကြမယ် ဆိုရင် ၂၀၁၀ ဟာ မကျော်နိုင်ပါဘူး ကျော်သွားမယ်ဆိုရင်လဲ နောင်နှစ်ပေါင်းများစွာ
ကြာသွားမှာပါ ..မြန်မာပြည်အရေး မတွေးဝံ့စရာတွေဖြစ်သွားမယ် ……. တော်လှန်ရေးသမားတွေနေစရာမရှိအောင်ဖြစ်သွားမှာပါ၊ ၂၀၁၀ အတွင်း မှာ အပျက်ဖျက်နိုင်မှသာ ကျွန်တော်တို့တော်လှန်ရေးကြီးဟာ အောင်မြင်မှာဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးနဲ့ ငြိမ်းချမ်းရေးလူထုတိုက်ပွဲ ပေါင်းစပ်မှသာလျှင်
အောင်မြင်မှာဖြစ်တယ် လက်နက်ကိုင်တော်လှန်ရေး ကြီးပဲအားစိုက်နေရင်လည်း ခင်ဗျားတို့ အမြင်ပဲ လူထုငြိမ်းချမ်းစွာတိုက်ပွဲဆင်နေရင်လည်း ပြည်သူတွေသိသွားပြီ ခင်ဗျားတို့ရဲ့အမြင်ကျွန်တော်တို့ရဲ့ အမြင် အမြင်တွေ အာလုံးပေါင်းစပ်မှသာ အောင်မြင်မယ်
တစ်ယောက်ထဲလုပ်လို့အောင်မြင်မယ့်အလုပ်မဟုတ်ဘူး အများပေါင်းစပ်ပြီးလုပ်ကြရမှာပါ
တစ်ယောက်ထဲအတွက်မဟုတ်ပါဘူး အားလုံးအတွက်ဖြစ်တယ်၊ အားလုံးပါဝင်ကြရမယ်
သူမပါလို့လဲ မရသလို လူတိုင်းမှာတာဝန်ရှိတယ် လူတိုင်းပါဝင်ကြရမယ်…
အားလုံးစုစုစည်းစည်းနဲ့လုပ်ဆောင်သွားဖို့ ကျွန်တော်မျှော်လင့်ပါတယ်၊
သူတစ်မျိုးငါတစ်မျိုးလုပ်ရမယ့်အချိန်မဟုတ်တော့ပါဘူးသူလဲလုပ်နိုင်သလောက်လုပ်
ငါလဲလုပ်နိုင်သလောက်လုပ်ကြရမှာဖြစ်ပါတယ် ငြင်းခုန်ရမယ့်အချိန်မဟုတ်တော့ဘူး
စကားပြောရမယ့် အချိန်မဟုတ်တော့ပါဘူး အလုပ်လုပ်ကြရမယ့်အချိန်ဖြစ်နေပါပြီ၊
ဘာမရှိလို့ မလုပ်နိုင်ပါဘူးဆိုတာမျိုးမလုပ်ကြပါနဲ့တော့ ရှိတာနဲ့ပဲ ဖြစ်အောင်လုပ်ကြပါ၊
အများအကျိုးကိုသယ်ပိုးနေတယ်ဆိုတဲ့ စကားပြောထားရင် ကိုယ်ကျိုးကိုတော့
ပါးပါးလေးလုပ်ကြပါ..။အများအတွက်လုပ်နေကြတယ်ဆိုရင်လေ…….
အတိုက်အခံလုပ် ငြင်းနေရမယ့် အချိန်လည်းအဟုတ်တော့ပါဘူး၊စကားတွေနည်းပြီးတော့
အလုပ်နဲ့သတ်သေပြကြမယ်…
လက်နက်ကိုင်တော်လှန်ရေး ကော ငြိမ်းချမ်းရေးနည်းကော ပေါင်းစပ်
လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ အောင်မြင်ဖို့အချေနေ နီးကပ်နေပါပြီ
မြို့ပေါ်မှာလည်းတော်လှန် နယ်မှာလည်းတော်လှန် ရွာမှာလည်းတော်လှန် တောထဲမှာလည်းတော်လှန် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာတော်လှန်ရေးတွေဖြစ်မှသာ
ကျွန်တော်တို့ ရဲ့ တော်လှန်ရေးဟာအောင်မြင်မှာဖြစ်ပါတယ် ဒီလိုအောင်မြင်ဖို့အတွက် စုစုစည်းစည်းနဲ့ အလုပ်နဲ့ သတ်သေပြကြမယ်ဆိုရင် တော်လှန်ရေး ရင့်မှည့်ချိန်ဟာ ..
ရှေ့တစ်လှမ်းမှာပါ ၊ အခွင့်အခါကောင်းတွေလည်းပေါ်ထွက်လာပါပြီခင်ဗျား။ ။
ကြိုးစားလျှက် ရွှေညာသား

You received this email because you are subscribed to the real_time feed for http://mightymgmg.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.