Sunday, October 26, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 2 New Entries: ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,26th,2008

ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,26th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )Six Suu Kyi supporters jailed for last year's protests

( 2 )EU urged to support Burma

( 3 )NLD ပါတီ ပိုမိုအားကောင်းရေး ဆွေးနွေးပွဲများ ကျင်းပ

( 4 )Leaders join calls for freedom in Myanmar

( 5 )မောင်ဝိတ်တပည့်များနှင့် စကားများသဖြင့် အန်အယ်ဒီ ပါတီဝင်များ တိုက်ပိတ်ခံရ

( 6 )Brazil veterans in Myanmar for charity ties

( 7 )မြန်မာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အာရှ နဲ့ ဥရောပ ခေါင်းဆောင်တွေ တောင်းဆို

မောင်ဝိတ်တပည့်များနှင့် စကားများသဖြင့် အန်အယ်ဒီ ပါတီဝင်များ တိုက်ပိတ်ခံရ

ဖနိဒါ စနေနေ့၊ အောက်တိုဘာလ 25 2008 21:39 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်၏ တပည့်များဖြစ်ပြီး၊ မူးယစ်ဆေးဝါးမှုဖြင့် အင်းစိန်ထောင်တွင် အကျဉ်း ကျခံနေရသူများနှင့် စကားများသဖြင့် အန်အယ်လ်ဒီ ပါတီဝင် ၃ ဦးကို ပြီးခဲ့သည့် တနင်္ဂနွေနေ့မှ စတင်ကာ ထောင်အာဏာပိုင်များက စစ်ခွေးတိုက်သို့ ပို့လိုက်သည်။

မောင်ဝိတ်၏ တပည့်များသည် ထောင်တွင်း ရေချိုးကန်၌ ရေပိုက်ဖြုတ်ပြီး ကန်တွင်းသို့ ရေမထည့်ဘဲ ပိုက်ဖြင့် ချိုးသည်ကို မကျေနပ်ရာမှ စကားများ ရန်ဖြစ်သောကြောင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံထားရသူ ကြည့်မြင်တိုင်မြို့နယ်မှ အန်အယ်ဒီပါတီဝင် ကိုအောင်ထွန်း၊ ကိုရန်နိုင်ထွန်းနှင့် ကိုဖိုးတုတ် ခေါ် ဦးတင်မောင်ချိုတို့အား စစ်ခွေးတိုက်တွင် တိုက်ပိတ်လိုက်ခြင်း ဖြစ်သည်။

"မောင်ဝိတ်ရဲ့ တပည့်တွေက နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ သူတွေနဲ့ ပြဿနာ တက်တယ်။ ရေချိုးတဲ့ နေရာကို သူတို့တွေက မောင်ပိုင်စီးထားတယ်။ နောက် ရိုက်နှက်တယ်။ ဒါကြောင့် မခံနိုင်လို့၊ ရန်ဖြစ်ကြလို့ တိုက်ပိတ်ထားတယ်" ဟု သူတို့၏ ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

သူတို့ ၃ ဦးသည် စီးပွားရေးသမား ဘီလျံနာ မောင်ဝိတ် အပါအ၀င် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသည့် ဒဂုံ၊ ကြည့်မြင်တိုင်၊ လသာမြို့နယ်များမှ ကိုအောင်မင်း၊ ကိုနေထွန်းလွင်၊ ကိုကျော်ဖုန်းနိုင်၊ ကိုကျော်လှိုင်၊ အုန်းသီး (ခ) ကျော်ဝင်းတို့နှင့် ပြဿနာတက်ခဲ့ခြင်း ဖြစ်သည်။ မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခံနေရသည့် သူတို့အား ပါဆယ်သမား၊ အထုပ်သမား၊ အပ်ထည်များဟု ထောင်စကားအရ ခေါ်ဝေါ်ကြကာ ထောင်တွင်း၌ အခွင့်ထူး ရရှိနေသူများဖြစ်သည်ဟု မကြာသေးခင်က လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ပြောသည်။ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) ထံ မြန်မာနိုင်ငံတွင်း ကလေးစစ်သား အသုံးပြုနေမှုကို တိုင်ကြားရန် ကြိုးစားသူ စမ်းချောင်းမြို့နယ် အန်အယ်ဒီ ဥက္ကဌ ဦးသက်ဝေလည်း စကားများရာတွင် ပါဝင်သဖြင့် အဆောင် ၂ မှ သီးသန့်ဆောင်သို့ ပို့ဆောင်ခံရကြောင်း မိသားစုဝင်တဦးက ယခုလို ပြောသည်။

သူက "မောင်ဝိတ်နဲ့အတူ မူးယစ်အမှုနဲ့ ဖမ်းဆီးထားတဲ့ ၃ ယောက်ပေါ့နော်။ သူတို့က ရေချိုးတဲ့အခါမှ ပိုက်ကို ဖြုတ်ပြီးတော့ ကန်ထဲ မထည့်ဘဲနဲ့ ရေပန်းနဲ့ ချိုးတယ်။ အဲဒီကိစ္စနဲ့ စကားများပြီးတော့ ထောင်မှူးက မောင်ဝိတ်တို့ အဖွဲ့ကိုတော့ ဘာမှ မလုပ်ဘဲနဲ့ အောင်ထွန်းတို့ကိုတော့ စစ်ခွေးတိုက်ကို ပို့လိုက်တယ်လေ။ ဦးသက်ဝေကိုလည်း သီးသန့်ကို ပို့လိုက်တယ်" ဟု ပြောသည်။ ဦးသက်ဝေသည် ပြီးခဲ့သည့်လအတွင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ကျခံခဲ့ရသည်။

သူတို့ ၃ ဦးအား စစ်ခွေးတိုက်တွင်း၌ မည်မျှကြာကြာ တိုက်ပိတ်ထားမည်ကို မသိရကြောင်းနှင့် ထောင်ပြင်ပရှိ မိသားစုများ၊ သက်ဆိုင်သူ ရှေ့နေများက စိုးရိမ်နေကြောင်း ရှေ့နေ ကိုဖိုးဖြူက ပြောသည်။ ကိုဖိုးဖြူက ဆက်ပြီး "ဥပဒေအရ ပြဌာန်းထားခြင်း မရှိဘဲနဲ့ အခုလို ဆောင်ရွက်ခွင့် ရနေတာဟာ ဥပဒေနဲ့ လုံးဝ ညီညွတ်ခြင်း မရှိဘူး။ ဥပဒေအရမှာရော အကျဉ်းသား၊ အချုပ်သား အချင်းချင်း မညှာမတာ ဒီလို ပြုမူ ဆက်ဆံတာခွင့် ရနေတာဟာ ဥပဒေနဲ့ လုံးဝ မညီညွတ်ပါဘူး"ဟု ပြောသည်။

အက်စ်တစီ၊ မက်တာဖီတမင်းနှင့် ကီတမင်းဆေးပြားများ ရောင်းဝယ်ဖောက်ကားမှုဖြင့် ရဲက စွဲချက်တင်ထားသူ မောင်ဝိတ်နှင့်မိသားစု ကုမ္ပဏီလိမိတက်မှ အသက် ၃၅ နှစ်အရွယ် မန်းနေးဂျင်း ဒါရိုက်တာ မောင်ဝိတ်သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တသက်အထိ ကျခံရနိုင်သည်။

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.