Thursday, December 11, 2008

[ရှင်ရဲထွတ်] 1 New Entry: ကိုဝင်းဇော်ရဲ့ CHALLENGER ကို ဆားချက်ကြည့်ခြင်း

ကိုဝင်းဇော်ရဲ့ CHALLENGER ကို ဆားချက်ကြည့်ခြင်း

ကိုဝင်းဇော်ရဲ့ အတွေးအမြင်လေးကို စာရေးသူ အနေနဲ့ သဘောကျပါတယ်။ ရေးသားတင်ပြပုံလေး ကောင်းပါတယ်။ စာ ရေးသူ အနေနဲ့ ဒီပို့စ်ကို ရေးသားရခြင်းဟာလည်း ကိုဝင်းဇော်ရဲ့ အတွေးအမြင်လေးကို သဘောကျလို့ပါ။ ပြီးတော့ စာရေး သူမှ ဒီပို့စ်လေးဖတ်ပြီး စာရေးသူရဲ့ ထင်မြင်မိတဲ့ အတွေးတွေကို ရေးချင်လာတဲ့ စိတ်တစ်ခုထဲပါ။ ( ကိုဝင်းဇော် နားလည် နိုင်ပါစေ။ )

စာရေးသူ အနေနဲ့ အခက်အခဲဆိုတာဟာ စိန်ခေါ်မှုလို့ မမြင်မိဘူး၊ ရင်ဆိုင်ဖြေရှင်းမှုလို့ မြင်မိတယ်။ ဘာလို့လည်းဆို စာ ရေးသူတို့ရဲ့ ဘ၀လမ်း တစ်လျှောက်မှာ မထင်မှတ်တဲ့နေရာ၊ မမျှော်လင့်တဲ့ အခက်အခဲဆိုတာ ကြုံလာတတ်တယ်၊ ကြုံ လာတဲ့ အချိန်မှာ ဖြေရှင်းနိုင်တဲ့ အရည်အချင်းဆိုတာ ရှိရတယ်၊ ( ဖြေရှင်းနိုင် မဖြေရှင်းနိုင် ဆိုတာကတော့ မိမိရဲ့ ပင်ကိုယ် အရည်အချင်းပဲလို့ စာရေးသူ မြင်မိတယ် )

ကြုံလာတဲ့ အခက်အခဲ မှန်သျှကို စိန်ခေါ်မှု အနေနဲ့ သတ်မှတ်ပြီး ရင်ဆိုင်မယ် ဆိုရင် ပထမဆုံး ဒီအခက်အခဲက ဘာ လည်း ? ငါဖြေရှင်းနိုင်မလား? ကွဲပြားအောင် စဉ်းစားသုံးသပ်ပြီးမှ ငါဖြေရှင်းနိုင်တယ်ဆိုရင် စိန်ခေါ်မှုကို လက်ခံလိုက်။ ဘက်မမျှတဲ့ စိန်ခေါ်မှုဆိုရင် ခံစစ်အနေနဲ့ သုံးသင့်ရင်သုံး၊ လိုအပ်ရင် ခွာစစ်ကိုပါ သုံးရလိမ့်မယ်။ ( ဥပမာ ကိုဝင်းဇော်ရေ မိုက်တိုင်ဆန်ရဲ့ လက်သီးကို ခံနိုင်ဖို့ မလွယ်ဘူးလေ )

တစ်ချို့ အခက်အခဲတွေက ကာယနဲ့သက်ဆိုင်တဲ့ စိန်ခေါ်မှုတွေ ရှိသလို၊ ဥာဏနဲ့ ယှဉ်ပြိုင်ရတဲ့ စိန်ခေါ်မှု ဆိုတာရှိတယ်။ အဓိက ကတော့ ဘက်ပေါင်းစုံကို ကိုယ့်ဖက်က ပြင်ဆင်မှု အားကောင်းလေ အခက်အခဲကို အောင်မြင်အောင် ဖြေရှင်း နိုင် လေပဲ။ လောကကြီးမှာ စိန်ခေါ်မှုကို ထိပ်တိုက်ရင်ဆိုင်နိုင်တာ ကောင်းပါတယ်၊ မိုက်မဲမှု တွဲပါလာရင် အန္တရယ် များတယ် ဆိုတာ မမေ့လေနဲ့။

တိုက်စစ်ဆင်တာဟာ လွယ်ပေမယ့်၊ တစ်ဖက်ရဲ့ စိန်ခေါ်မှု အားအရမ်းသာလာရင် ခွာစစ်ကို သုံးတတ်ရမယ်။ ခွာစစ်ကို အ သုံးချတတ်ဖို့ဆိုတာ ခက်ခဲပါတယ် တော်ရုံ အသုံးမပြုတတ်ပါဘူး၊ တိုက်စစ် ဆင်နွှဲရင်း အသေသာခံသွားကြတာ များပါ တယ်။ ဒီလို လူမျိုးဟာ စိန်ခေါ်မှု တစ်ရပ်ကို ကွဲပြားအောင် မသုံးသပ်ပဲ ရင်ဆိုင်ဖြေရှင်း ကြလို့ပဲ။ ထိုလူမျိုးအတွက်တော့ ဘ၀မှာ ဆုံးရှုံးမှု များတတ်ပါတယ်။ ( ကိုဝင်းဇော်ရေ ဘာရယ်မဟုတ်ပါဘူး ထင်တာလေးကို ဆားချက်ကြည့်တာပါ )

You received this email because you are subscribed to the real_time feed for http://saishinyehtut.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.