လှိုင်သာယာ အစိုးရဘဏ် မီးလောင်
ပြီးခဲ့သည့် ဒီဇင်ဘာ (၆) ရက်နေ့က လှိုင်သာယာမြို့နယ်၌ အစိုးရဘဏ် မီးလောင်မှုဖြစ်ပွားပြီး (၁၅) သိန်းဖိုးခန့် ဆုံးရှုံးသွားသည်။
အဆိုပါနေ့သည် စနေနေ့ဖြစ်ပြီး ဘဏ်တွင်ရှိသော အစောင့်က ရေနွေးတည်ရာမှ စတင်မီးလောင်ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် အဆိုပါမီးကို ရှို့မီးဟု အချို့က သံသယရှိသည်။
"ရုံးပိတ်ရက်လည်းဖြစ်နေတယ်။ ဒီအစောင့်က လျှပ်စစ်ရေနွေးအိုးနဲ့ ရေနွေးတည်ရာက လောင်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ သံသယဖြစ်တယ်" ဟု လှိုင်သာယာမြို့နယ် ဘဏ်အနီးနေထိုင်သူ အသက် (၅၀) ခန့် ကုမ္ပဏီဝန်ထမ်းတဦးက ပြောသည်။
မီးလောင်ချိန်မှာ ယင်းနေ့ ညနေ (၅) နာရီ (၂၅) မိနစ်ခန့်တွင်ဖြစ်ကြောင်း၊ မီးလောင်စဉ် လှိုင်သာယာမှ မီးသတ်ယာဉ်များအပြင် ရွှေပြည်သာ၊ အင်းစိန် မီးသတ်ယာဉ်များလည်း လာကြောင်း သိရသည်။
"လာလိုက်တဲ့ မီးသတ်ကားတွေ အစီး (၂၀) လောက်ရှိတယ်။ ရဲတွေဆိုတာလည်း အယောက် (၁၅၀) ကျော်လောက်ရှိတယ်။ လူတွေကတော့ သူတို့ပြောတဲ့ လျှပ်စစ်ရေနွေးအိုးက လောင်တယ်ဆိုတာ မယုံကြည်ဘူး" ဟု လှိုင်သာယာ တာဝန်ကျ ရဲတဦးက ပြောသည်။
မီးသတ်ဦးစီးဌာနသို့ ပေးပို့ထားသော စာရင်းများအရ အဆောက်အအုံတခုလုံးနီးပါး လောင်းကျွမ်းသွားပြီး ဆုံးရှုံးမှုတန်းဖိုးမှာ ကျပ် (၁၅) သိန်းဟု သိရသည်။
အဆိုပါ မြန်မာ့စီးပွားရေးဘဏ်သည် လှိုင်သာယာမြို့နယ် (၈) ရပ်ကွက် ညောင်တုန်းလမ်းဘေးတွင် တည်ရှိသည်။
မီးလောင်မှုကြောင့် ဘဏ်တာဝန်ရှိသူကို အရေးယူထားကြောင်း သိရသည်။
ဘေးချင်း ကပ်လျှက်ပါပဲ .. ဒါပေမယ့်
ဆမက်၊ စွန်ချိုင်း ဆိုတဲ့ "ထိုင်း"နာမည်တွေကို ကြားမိတိုင်း တန်းခနဲ ပြေးပြီး မြင်ယောင်မိတာကတော့ လက်နက်ကိုင် အကြမ်းဖက်သမား ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဗိုလ်ရွှေမန်း ကိုပါပဲ။ (ဗိုလ် .. ဆိုတာ"ဗ" "လ" ဆိုတဲ့ စာလုံး ၂ လုံးနဲ့ ဆိုတော့ ပါဋိလို "ဗာလ" မြန်မာလို "လူမိုက်" လို့ အဓိပ္ပါယ် ထွက်တယ်လို့ စာတစ်ပုဒ်မှာ တွေ့ဖူးတာကြောင့် သုံးပါသည်။)
ဗိုလ်ရွှေမန်းရဲ့ သမိုင်းဝင် ကြီးကြီးကျယ်ကျယ် စကားလုံး တစ်ခုကတော့ (မရိုသေ့ စကား .. ဟိုဒင်း ပါးစပ်က နတ်စကား ထွက်တယ်ဆိုတဲ့ ဗမာ စကားပုံလည်း သတိရမိသေးရဲ့။) "ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရဘူး" တဲ့။
လက်တွေ့မှာ ဥပဒေအထက် ဘယ်သူမှ မရှိစေရတာကတော့ ထိုင်းနိုင်ငံက ထိုင်း ပြည်သူလူထုတွေ ခံစားနေရတာပါပဲ။ ထိုင်းတပ်မတော်ဟာလည်း ဂုဏ်သရေရှိတဲ့ တပ်မတော် အဖြစ် ကမ္ဘာသမိုင်းမှာ မှတ်တမ်းဝင်သွားစေတာကိုလည်း တွေ့ရပါတယ်။ အားလုံး သိပြီး ဖြစ်တဲ့အတိုင်း ထိုင်းမှာ ဝန်ကြီးချုပ် တပ်ဆင် ကို ဖြုတ်ချပြီး အာဏာ သိမ်းလိုက်တဲ့ ထိုင်း တပ်မတော်ဟာ ပေးထားတဲ့ ကတိစကား၊ သတ်မှတ်တဲ့ အချိန်ကာလ အတွင်းမှာပဲ ပြည်သူ့အာဏာကို ပြည်သူတွေ လက်ထဲ ပြန်အပ်လိုက်ပါတယ်။
မြန်မာပြည်ရဲ့ ယောက်ကျားရင့်မာ သေနတ်ကြီး တကားကားနဲ့ လက်နက်ကိုင် အကြမ်းဖက်သမားတစ်စုရဲ့ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင် ကတိစကားကတော့ တန်ဖိုး မရှိတဲ့ လမ်းဘေးက လူလိမ်ကတိစကားထက် ဘာမှ မပိုပါဘူး။
မြန်မာပြည်မှာ လက်နက်ကိုင် အကြမ်းဖက်သမားတွေရဲ့ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ road map ဆိုတာကြီးက ဘယ်က ဘယ်လို ပေါ်လာတာလဲ မသိ။ ထိုင်းနိုင်ငံမှာ အာဏာသိမ်း ထိုင်းတပ်မတော်ရဲ့ ရွေးကောက်ပွဲ အပြီး road map မရှိပါဘူး။ ၁၈ နှစ် ဆိုတဲ့ အချိန်က လက်နက်ကိုင် အကြမ်းဖက်သမားတွေရဲ့ တန်ဖိုးကို ထင်းထင်းကြီး ပြထားတာပါပဲ။
ထိုင်းမှာ အာဏာပြန်အပ်ပြီးချိန်မှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပြီး အာဏာရ ပါတီရဲ့ အုပ်ချုပ်မှုကို မကြိုက်တဲ့ ပြည်သူလူထုကို People’s Alliance for Democracy (PAD) ဆိုတဲ့ ပါတီက ဦးဆောင်ဆန္ဒပြပြီး ဝန်ကြီးရုံး အဆောက်အဦး "လ" ချီ ပြီး လူထုအားနဲ့ ပိတ်ထားလိုက်ပါတယ်။ (သူတို့ တိုင်းပြည်ရဲ့ အချက်အလက်တွေအရ အာဏာရ ပါတီကို မကြိုက်ရတဲ့ အချက်တွေကို ကျွန်တော်တို့နဲ့ တိုက်ရိုက်ပက်သက်မှု မရှိတာကြောင့် အရှည်မရေးတော့ပါ။) နောက်ဆုံးမှာ ဆမက် ဝန်ကြီးချုပ် အဖြစ်ကနေ ထွက်ပေးဖို့ ထိုင်းတရားရုံးက ဥပဒေနဲ့ အညီ အမိန့်ချပါတယ်။ ဆမက် ရာထူးက ထွက်ရပါတယ်။
မြန်မာပြည်မှာ ဝန်ကြီးချုပ်ရုံးကို လူထုအားနဲ့ "လ" ချီကြာအောင် ပိတ်ထားဖို့ မပြောနဲ့ စည်းကမ်းရှိရှိ ၉ ရက် မေတ္တာပို့တဲ့ သံဃာတော်တွေကိုတောင် လက်နက်ကိုင် အကြမ်းဖက်သမား ဗိုလ်ရွှေမန်းရဲ့ လက်နက်ကိုင် တပ်ရင်း ဖြစ်တဲ့ "၆၆" က ရိုရိုသေသေ သေနတ် ကျည်ဆံလေးတွေနဲ့ ဆွမ်းလောင်းလှူပါတယ်။ သေနတ်ဒင်လေးတွေနဲ့ ကန်တော့ပန်း ဆင်ပါတယ်။ မူးပြီးရမ်းကားနေတဲ့ ကြံဖွတ်၊ စွမ်းအားရှင် လူတစ်စုက ဖရုဿဝါစာဆိုတဲ့ ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ရွတ်ဖတ်ပူဇော်ပြီး ဝါးရင်းတုတ် ကတော့ခန်းနဲ့ အရိုအသေ ပေးကြပါတယ်။
ဆမက် ရာထူးကထွက်အပြီး နောက်ထပ် ဝန်ကြီးချုပ်ဖြစ်လာတဲ့ တပ်ဆင်ရဲ့ ယောက်ဖတော်ကိုလည်း ပြည်သူက မကြိုက်တော့ လေယဉ်ကွင်း နှစ်ကွင်းကို ပိတ်ပြီး ဆန္ဒပြ တောင်းဆိုပြန်ပါတယ်။ နောက်ဆုံးမှာ ထိုင်း တရားရုံးက ဥပဒေနဲ့ အညီ ဝန်ကြီးချုပ်ကို ရာထူးက ထွက်ပေးဖို့ အမိန့်ချပြန်ပါတယ်။ ဝန်ကြီးချုပ် ထွက်ပေးရပြန်ပါတယ်။
မြန်မာပြည်မှာတော့ လေယဉ်ကွင်း ပိတ်ဖို့ မပြောနဲ့၊ ကုန်ဈေးနှုံးကြီးနေတာကို ချပေးဖို့ တောင်းဆိုတဲ့ ကိုထင်ကျော်လို သူရဲကောင်းတွေ၊ ၈၈ မျိုးဆက် သူရဲကောင်း အာဇာနည်တွေကို မတရား ဥပဒေနဲ့ အညီ မတရားသူကြီးတွေက မတရားတဲ့ ထောင်ဒဏ်တွေကို လူထုမျက်ကွယ်မှာ အမိန့်ချပြီး နယ်ထောင်တွေကို ပို့ပစ်ပါတယ်။ ဘေးချင်းကပ် ၂ နိုင်ငံ ဖြစ်ရပ် ၂ ခု ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို တွေ့ရပါမှာပါ။
ကမ္ဘာက လေးစားရတဲ့ တရားဥပဒေ စနစ်၊ ကမ္ဘာက လေးစားရတဲ့ ဂုဏ်သိက္ခာရှိ တပ်မတော်ဆိုတာကို ထိုင်း နိုင်ငံနဲ့ လူမျိုးတွေက ဂုဏ်ယူဖွယ်ရာ ဝင့်ကြွားနေရချိန်မှာ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင် သခင်အောင်ဆန်း တည်ထောင်လာခဲ့တဲ့ မြန်မာ့ တပ်မတော်ဟာ လက်နက်ကိုင် အကြမ်းဖက်သမား အဆင့်သာ ဖြစ်လာတာမို့၊ အခုလို လုပ်ချင်ရာ လုပ်ရင် တိုင်းပြည်ဟာ ဖာ နိုင်ငံတော် ဖြစ်မယ်လို့ သခင်အောင်ဆန်းရဲ့ စကားကို ပြန်ကြားရောင်မိတဲ့အခါ .. လက်ရှိမှာ တိုင်းပြည်ဟာ "ဖာ" နိုင်ငံတော် မဖြစ်ခင် တပ်မတော်ကြီးဟာ "ဖာ" တပ်မတော် ဖြစ်သွားပါပြီ ဆိုတာကို ဝမ်းနည်းစွာနဲ့ပဲ မှတ်ချမိလိုက်ပါတော့တယ်။
ဘေးချင်း ကပ်လျှက်ပါပဲ။ ဒါပေမယ့် …
http://ko-htike.blogspot.com/
စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ထံသို့
မြန်မာနိုင်ငံမှစစ်အစိုးရက အလုပ်အကိုင်များနေပါသည်ဟု ပြောနေသော်လည်း မလေးရှားရောက် မြန်မာနိုင်ငံသား ဘ၀က သက်သေပြနေပါသည်။ မလေးရှားနိုင်ငံကို တရားဝင်ရော တရားမ၀င်ပါ နေ့စဉ်လာရောက်နေသော မြန်မာနိုင်ငံသားများအား တွေ့နေရခြင်းအား အခြားနိုင်ငံများမှ အနေအထားကို မသိမမြင်ရသော်လည်း တွေးဆနိုင်ပါသည်၊ မြန်မာနိုင်ငံသား ၄၆၀၅၇ ဦးသာ မြန်မာနိုင်ငံမှတရားဝင်ထွက်ခွါလာသည်ဆိုသောစကားကို နအဖ ဗိုလ်ချုပ်ကြီးသိန်းစိန်မှ ဘယ်စာရင်းကို ကိုးကားပြောသလဲတော့မသိပါ၊ ဗိုလ်ချုပ်ကြီးရေ မလေးရှားနိုင်ငံရှိ မြန်မာစစ်အစိုးရသံရုံးက အခွန်စာရင်းအရတောင် မြန်မာနိုင်ငံသားများတရားဝင်အလုပ်လုပ်နေတာ ၁ သိန်းကျော်ရှိပြီး၊ မလေးရှား လ၀က စာရင်းအရ ၂ သိန်းနီးပါးခန့်ရှိပါသည်။ မြန်မာပြည်သူတွေကို လိမ်နေတာလည်းနှစ်ပေါင်း ၂၀ ရှိနေပြီ၊ ပြဿနာတခုဖြစ်လာတိုင်း ဗြောင်လိမ်ပြီး သတင်းစာကနေ မဟုတ်တာတွေပြောလို့လည်း ပြည်သူတွေက ယုံတဲ့ခေတ်လည်း မဟုတ်တော့ပါ။ နအဖ ကပြောတဲ့ သန်းနဲ့ချီသော အလုပ်အကိုင်တွေကတော့ ပေါ်တာနှင့် အဓမ္မလုပ်အားပေး လုပ်ငန်းတွေအပါအ၀င်၊ တနေ့လုပ်စာ တနေ့မစားနိုင်သော ပြည်တွင်းက အလုပ်ကြမ်း လုပ်ငန်းတွေဆိုတာကိုလည်း မြန်မာပြည်သူတွေနှင့်တကွ ကမ္ဘာကပါသိပါတယ်။ ဒီအလုပ်တွေရှိကြောင်း ယုံကြည်သောကြောင့် မြန်မာပြည်ပြန် မပို့ခင် အသည်းအသန် ထွက်ပြေးကြတဲ့ မလေးရှားရောက် မြန်မာအလုပ်သမားများက သက်သေခံနေပါသည်။ ဘယ်လိုပြဿနာ အသေးအဖွဲ့လေးကိုမဆို လိမ်လိုက်တာနှင့် ဖြေရှင်းပြီးသားဖြစ်မလာပါ နအဖ ဗိုလ်ချုပ်ကြီး ၀န်ကြီးချုပ် သိန်းစိန် ခင်ဗျား စဉ်းစဉ်းစားစားလေး လိမ်ပါဗျာ။
(၂၀၀၈ ဒီဇင်ဘာလ ၂ ရက်ထုက် မြန်မာ့အလင်းသတင်းစာမှ ဗိုလ်ချုပ်ကြီးသိန်းစိန် ပြောကြားချက်များ အပေါ်ပြန်လည်ထောက်ပြပါသည်)
http://malaysiaburma.blogspot.com/
ဝပြည်အစဉ်ငြိမ်းချမ်းနေ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရန်မလိုဟု UWSA တပ်မှူးပြော
၂၀၁၀ ရွေးကောက်ပွဲအတွက် အပစ်ရပ်ငြိမ်းအဖွဲ့များအား လက်နက်နှင့် ငြိမ်းချမ်းရေးလဲရန် နအဖ စစ်တိုင်း စစ်ဗျူဟာမှူးများ လှည့်လည်ဖိအားပေးရာ UWSA ၀ တပ်မှူးတဦးက ၀ ပြည်အစဉ်ငြိမ်းချမ်းနေသောကြောင့် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ် ရန်မလိုကြောင်း၊ တြိဂံစစ်တိုင်းမှူးကိုတုံ့ပြန်ပြောဆိုသည်ဟု တရုပ်နယ်စပ်သတင်းရပ်ကွက်ကဆိုသည်။
You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.