Thursday, December 11, 2008

[သက်တန့် ရောင်စဉ် စိတ်ကူးများ] 1 New Entry: သက်တန့် အကြိုက်ဆုံး ကဗျာတစ်ပုဒ်

သက်တန့် အကြိုက်ဆုံး ကဗျာတစ်ပုဒ်

မောင်လေး ညံ့ညံ့ စက်သေနတ်နဲ့ ဒက် ဒက် ဒက် မြည်အောင် Tagလိုက်တဲ့ "ကျွန်မအကြိုက်ဆုံးထဲမှ ကဗျာတစ်ပုဒ်"ဆိုတဲ့ Tagအတွက်ပါ... အခုလို ထီမထိုးဘဲ ရေနစ်တဲ့အတွက် မောင်လေးညံ့ညံ့ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်... :)

"သူ့အပြုံး"
ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်းကိုသူမဲ လူပုံထဲ၌
ဆိုဆဲရိုင်းပြ သူရန်စလည်း
မင်းကမဖြုံ မင်းမမှုန်ခဲ့
မတုန်မလှုပ် မင်းပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ။

အခါတစ်ပါး မြတ်ဘုရားကို
ပုဏ္ဏားဒွါဇ အမျက်ရှ၍
ငဆနင်ပဲ မျိုးစုံဆဲ၏
ဆိုဆဲအားရ ထိုခဏ၌
ဗုဒ္ဓဘုရား ထိုပုဏ္ဏားနှင့်
စကားချီချ ဆိုခဲ့ကြ။

'ဘာရဒွါဇ ဗြဟ္မဏ
အိမ်ဝရောက်လာ သင့်ဆွေညာအား
ရသာချိုအေး ခဲဖွယ်ပေး၍
မကျွေးသလော ကျွေးသလော'

'ငါ့ဆွေငါ့မျိုး ငါမြတ်နိုး၍
မုန့်မျိုးစုံစွာ သုံးဆောင်ပါဟု
ငါကျွေးမွေး၏ ငါပေး၏'

'ဘာရဒွါဇ ဗြဟ္မဏ
သူကငြင်းဆန် လက်မခံသော်
ကြံ ပျား ဆီဥ ခဲဖွယ်စုသည်
မည်သူ့လက်တွင် ရှိသနည်း'

'သူမယူဘိ နေသည်ရှိသော်
ငါ၏လက်မှာ ရှိသည်သာ'

'ဘာရဒွါဇ ဗြဟ္မဏ
ငါ့အားသင်ပေး မယဉ်ကျေးသည့်
ဆဲရေးတိုင်းထွာ ဆဲတစ်ရာကို
ငါလက်မခံ'
မိန့်လိုက်ဟန်သည်
သုတ္တံထင်ရှား အရှိသား။

ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်းသိမသိ ငါမသိခဲ့
ငါသိသည်မှာ သိရုံသာတည့်
မင့်မှာတမူ ယူမတူသို့
ငြူစူမှိုင်းမှုန် အဆဲစုံ၌
မတုန်မလှုပ် မင်းပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ။
(ဆရာဇော်ဂျီ)

You received this email because you are subscribed to the real_time feed for http://www.yellowish-rainbow.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.