Thursday, December 11, 2008

[DREAM Blog မှကြိုဆိုပါတယ်ရှင်] 2 New Entries: နာမည်အလွဲသုံးစားမှုများ

နာမည်အလွဲသုံးစားမှုများ

"hello"
"#^&**%@"
"အခုပြောနေတာ ဘယ်ကုမ္မဏီကလဲရှင်"
"ငါက xxxx ကုမ္မဏီကပဲ... မင်းတို့ဆီမှာ မှာထားတဲ့ပစ္စည်းက အခုချိန်ထိကို မရသေးပါလား.."
"ဟုတ်ကဲ့၊ အကောင်းဆုံး ဖြစ်အောင်လုပ်ပေးပါ့မယ်၊ Account No.လေးပါ ပြောပြပေးပါ၊"
"%##@*&"
"စစ်ဆေးကြည့်ပါ့မယ်။ ခဏလေးတော့စောင့်ပေးပါနော်"
"ဘယ်သူ့ဆီမှာများ အော်ဒါမှာထားတာလဲ ၊ ဒီမှာ အော်ဒါလက်ခံမရှိပါဘူးရှင်"
"xxx ဆိုတဲ့မိန်းကလေးဆီမှာ၊ သူက မနေ့ကတည်းက ပို့ရမယ့်ရက်ကို မပို့လာသေးလို့ ဖုန်းဆက်ပြောတာ၊ မင်းတို့ အလုပ်ကို ဘယ်လိုလုပ်တာလဲ၊ ..@$%^*%.."
"ဟုတ်ကဲ့၊ စိတ်မရှိပါနဲ့ရှင်၊ အခု လူကြီးမင်း မှာတဲ့ပစ္စည်းကို မနက်ဖန် အရောက် ပို့ပေးပါ့မယ်"

ဘာပဲဖြစ်ဖြစ် စိတ်ထဲကတော့ ဒေါသထွက်သွားပေမယ့် ကိုယ့်ဆီက ပစ္စည်းတွေ အမြဲဝယ်ယူနေတဲ့ ကာစတန်မာ ဆိုတော့ သူ့ကိုစကားနဲ့ ပြေပြေပြစ်ပြစ် ပြောဆို နှစ်သိမ့်လိုက်ပါတယ်။

စိတ်ထဲမှာတော့ အဲဒါ ငါ့နာမည်ကြီး၊ ငါ့နာမည်ကို အလွဲသုံးစား လုပ်တာ ခံလိုက်ရပြီ လို့ စိတ်ထဲကပဲ ကောက်ချက် ချလိုက်ပါတယ်။ တကယ်ဆို ၀ယ်သူဆီကနေ အော်ဒါလက်ခံရင် အဲဒီ လက်ခံသူရဲ့ နာမည်ကို ကာစတန်မာ တွေကမေးတယ်လေ၊ အမှန်အတိုင်း မပြောဘဲနဲ့ တခြားလူရဲ့ နာမည်ကို အစားထိုး ပြောလိုက်တာလေ၊။ တကယ်ဝယ်သူနဲ့ ပြဿနာ တတ်မယ်ဆိုရင် အဲဒီနာမည်ရှင်ပဲ အဓိကထား ဖြေရှင်းရမှာလေ၊ အော်..ငါ့နှယ့်နော်... ကိုယ့်ကို မလိုသူ တွေကတော့ ဒီလိုပါပဲလေ ဆိုပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်ပြီး အားပေးလိုက်ပါတယ်။ ကိုယ့်နာမည်ကို အလွဲသုံးစား လုပ်ပြီးချောက်ချတာ ခံလိုက်ရတာလေ။ ကာစတန်မာ တွေရဲ့ ကွန်ပလိန်းတွေ လိုက်လိုက်ဖြေရှင်း ပေးနေရတော့ စိတ်ထဲလည်း ပန်ပန်းပါတယ်။

ကာယကံရှင် အလွဲသုံးစားလုပ်တဲ့ ကောင်မလေးကိုလည်း အဲဒီအကြောင်း သွားပြီး မပြောတော့ပါဘူး၊ ကိုယ့်ဟာကိုယ်ပဲ အဆင်ပြေအောင် ဖြေရှင်းပေး လိုက်ပါတယ်။သွားပြောနေရင် ရန်စရှည် နေမယ်လေ၊ မကောင်းမြင်တဲ့ သူက ကိုယ့်ကို ဘယ်လို ချောက်ချရမလဲ၊ နာမည်ဖျက်ရမလဲ၊ ဘယ်လို တုန့်ပြန်ရ မလဲဆိုပြီး အမြဲတွေး နေမှာလေ၊ သွားလည်း အဖက်လုပ်ပြီး စကားမပြော ချင်တော့ပါဘူးလေ။ဒါကြောင့် ကိုယ့်ဟာကိုယ်ပဲ ထွက်နေတဲ့ ဒေါသလေးကို ပြန်ထိမ်းလိုက်ပါတယ်၊

ဘယ်လိုမျိုးပဲဖြစ်ဖြစ် ကောင်းသောဘက်မှာ နာမည်အလွဲ သုံးစားလုပ်တာ ကိစ္စမရှိပေမဲ့၊ မကောင်းတဲ့ ဘက်မှာ ကိုယ့်နာမည်ကို အလွဲသုံးစား လုပ်တာခံ လိုက်ရရင် အခု စာဖတ်နေတဲ့ သူတွေရော ဘယ်လိုခံစားရမလဲ။

အော်...ဒါတင်လား ဆိုတော့ မဟုတ်သေးဘူးဗျ၊ အပြင်လောကမှာတင် ဒီလိုမဟုတ်ဘူး၊ ဟော...ဘလော့လောကရော မဖြစ်ဘူးလား ဆိုတော့ ပိုဆိုးတာပေါ့လို့ပဲ ပြောရတော့မယ်။ ဘလော့မှာ စာပေ အရေးအသားတွေ အသိပညာတွေ ဖြန့်ဝေပေးတဲ့ လူတွေလည်း ဒီလိုမျိုး ခံနေရတာ ပါလားဆိုတာ သိလိုက်ရတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားကြတဲ့ ခင်မင်မှုကို အခွင့်ကောင်းယူပြီး နာမည်ဖျက်လိုမှု နဲ့ အလွဲသုံးစား လုပ်တာခံလိုက်ရတဲ့ ဘလော့စာမျက်နှာမှာ သမိုင်း အကြောင်းတွေ လူငယ်တွေ သိအောင် ရေးပေးတဲ့ အစ်မ မသက်ဇင် ဆိုလည်း သူ့နာမည်နဲ့ လင့် ကို အလွဲသုံးစား လုပ်တာ ခံလိုက်ရဆိုတာကို သူရေးထားတဲ့ အသိပေး ကြေငြာချင်း ဆိုတဲ့

(ကျမ မသက်ဇင် ၏ ဘလောဂ့်တွင် လင့်ချိတ် ထားခြင်း မရှိသော--အခြား ဘလောဂ့် တခု ၏ စီပုံးတွင် မသက်ဇင် အ မည်ဖြင့် ကျမ-မရေးခဲ့ပါ-- ကျမ နှင့် မည်သို့မျှ မပတ်သက်သော ဘလောဂ့် တွင် ကျမ အမည် နှင့် ကျမ ဘ လောဂ့် url ကို အလွဲသုံးစား ပြုပြီး အောက်တန်းကျစွာ ရေးသား လုပ်ဆောင်နေကြောင်း စာဖတ်သူ အားလုံးကို အသိပေးအပ် ပါသည်)ကိုဖတ်မိမှ သိလိုက်ရပါတယ်၊

ဒါတင်ပဲလား ဆိုတော့ မဟုတ်ပါဘူး၊ မက်မက် မရောက်တာ ကြာပြီဖြစ်တဲ့ ဘလော့ကာ အစ်ကို မိုးပြေး အိမ်ကို နည်းပညာနဲ့ ပတ်သတ်ပြီး ဖတ်ချင်လို့ အသစ်လေးများ တင်ထားမလားလို့ သွားကြည့်ပါတယ်။New posts တင်တဲ့နေရာမှာ Under Control ဆိုပြီး ပြထားတော့ ပို့စ်အသစ်ထွင်ပြီး များတင်ထားတာလား ပေါ့ဆိုပြီး ဆီပုံးမှာ နောက်ပြောင် ပြီးတော့တောင်

8 Dec 08, 12:35
Dream: ပို့စ်အသစ်အနေနဲ့ တင်ထားတာလားဦးဦးရ... :P
8 Dec 08, 12:35
Dream: မတွေ့တာ အတော်ကြာပေါ့.. ဒါနဲ့ this blog is under control ..so sad ဖြစ်နေပါလား...
8 Dec 08, 12:34
Dream: မင်္ဂလာပါ ကိုမိုးပြေးရေ

ပြောခဲ့ပါသေးတယ်၊ သိပ်မကြာပါဘူး၊ ဘလော့ပိုင်ရှင် ကိုမိုးပြေးက မက်မက် စီဘုံးမှာ ဒီလိုလာ ပြောသွားပါတယ်။

8 Dec 08, 16:41

မိုးပြေး: အခုထိတော့ ဖတ်လို့ ရသေးတယ်လေ
8 Dec 08, 16:41
မိုးပြေး: ကျွန်တော်ဘလော့ကို ကျွန်တော်မပိုင်တော့ဘူးဗျာ
8 Dec 08, 16:40
မိုးပြေး: ယုံကြည်မှုတွေပေါ့ အစ်မရေ
8 Dec 08, 16:39
မိုးပြေး: ကျွန်တော့် ဘလော့ကို သူများဝင်နေတာပါဗျာ
8 Dec 08, 16:39
မိုးပြေး: အစ်မရေ ကျွန်တော့် ဘလော့က ဘယ်အချိန် DELETE လုပ်ခံရမလည်း မသိပါဘူးဗျာ.. အခုအစ်မ မေးတဲ့  Under Control က ကျွန်တော် တင်တာ မဟုတ်ဘူး

ဒါတွေကို ကြည့်ခြင်းအားဖြင့် ဘာတွေမှန်းတော့ မက်မက်လည်း မသိပါဘူး၊ ဘာတွေ ဖြစ်နေကြလဲ ဆိုတာလည်း မက်မက် မသိပါဘူး၊ စီးပွားရေး လောကမှာ နာမည်အလွဲ သုံးစားလုပ်တာ ခံလိုက်ရလို့ စိတ်မကောင်း ဖြစ်နေချိန်မှာပဲ ဘလော့ကာ အစ်ကိုတွေ အစ်မတွေ ကပါ ဒီလိုမျိုး ကိုယ့်နာမည်နဲ့ လင့်နဲ့ အလွဲသုံးစား လုပ်တာခံ နေရတာလည်း ရှိပါသေးလား ဆိုပြီး သိလိုက်ရတော့ ပိုစိတ်မကောင်း ဖြစ်သွားတယ်။ ကာယကံရှင်တွေ ဘယ်လောက် စိတ်မကောင်း ဖြစ်နေမယ် ဆိုတာလဲ တွေးကြည့်မိ လိုက်ပါတယ်။ ထပ်တူခံစားလိုက် ပါတယ်။

ကဲ...အပြင်လောကမှာ နာမည် အလွဲသုံးစား လုပ်တာက လူကို လိုက်ရှာ လို့ရတယ် ၊လူလုံးပေါ်ပြီး ကိုယ်က အဖြစ်မှန်ကို သိနိုင်သေးတယ်၊ အွန်လိုင်းဘလော့ လောကမှာတော့ ကိုယ့်နာမည်လင့်နဲ့ တခြားအရာကို အလွဲသုံးစား လုပ်တာ ခံရမယ်ဆိုရင် ဘယ်လို လိုက်ကြမလဲ၊ ဘယ်လိုသိနိုင်မှာလဲ၊ ဒါတွေကို အခွင့်ကောင်း ယူပြီး လုပ်ချင်တဲ့ သူတွေ ကလည်း လုပ်နေကြတာပဲနော်၊ ဒါကလည်း လူရဲ့ စာရိတ္တနဲ့ ကိုယ်ကျင့် တရားပေါ်မှာပဲ မူတည်တော့မယ် လို့ထင်တယ်လေနော်။

မက်မက်လိုမျိုး အပြင်စီးပွားရေး လောကမှာ နာမည်ကို အလွဲသုံးစား လုပ်တာ ခံလိုက်ရမယ်၊ဘလော့လောက မှာဆိုရင်တော့ မသက်ဇင်နဲ့ ကိုမိုးပြေးတို့လို ကိုယ့်နာမည်နဲ့ လင့်နဲ့ ဘလော့မှာ အလွဲသုံးစား လုပ်တာ ခံလိုက်ရမယ်ဆိုရင် အခု စာဖတ်နေတဲ့ ဦးဦးတို့ တီတီတို့ရော ဘယ်လိုမျိုး ခံစားရမလဲနော်၊ သိချင်လို့ပါ။ ထင်မြင်ချက် လေးတွေပေါ့၊ ကိုယ့်ထင်မြင်ချက် လေးတွေကို ကြိုက်သလို ကွန်မန့်မှာ ပြောပြသွား နိုင်ပါတယ်။

p.s နာမည်ကို ခွင့်ကြို မတောင်းဘဲ တင်လိုက်တဲ့ အတွက် တီတီဇင်လို့ ချစ်စနိုး ခေါ်တဲ့ အစ်မ မသက်ဇင် နဲ့ ကိုမိုးပြေး တို့ရေ နားလည် ခွင့်လွတ်ပါ။

Sharapoa Dream


ရှာရာပိုပါမက်မက် .. ခစ်ခစ်.. :P


ရှာရာပိုပါမက်မက်.. ဟိဟိ.. So Cute :P


ရှင်တို့ ရူပါ

ခြေထောက်က ကြက်ရိုး
လက်ရိုးက စမုတ်တံ
ပေါင်တံက ၀ါးချမ်းပြား
ရူပါက ပုံမလာ
အမူအယာက ချုချာ
ဒဿကအရူံးပေး
အဲဒါ သူ့ပုံလေး
မြင်ကြည့်စမ်းပါ.....မနှေး
ဒါကြောင့်သာ မြင်သူပြေး
ထိုသူ့မျက်နှာပေး

ဒင်းရုပ်မှ အားမနာ
ပျိုတကာကို လိုက်ကာငေး
အော့နှလုံး နာတဲ့ ဒဿလေး
တို့တွေကတော့ သနားသေး
ဝေး...ဟေး..ဟေး..ဝေးဟေး..ဟေး..

လှတယ်ဆို .....လိုက်ခါ ကြူ
ကြူသူတိုင်းဝေး......သူ့အဖြစ်လေး
သနားစရာ....သတ္တ၀ါလေး...
တို့တွေကတော့.....ဝေးဝေးပြေး....
အုပ်မနပ် ငှက်ပျောလို
မနောက ကလိမ်ချုံ
အပြောက ၀တိံဘုံ
ယုံလောက်အောင်ဥာဏ်ကစား
ရှင်တို့ပုရိမာယာများ
တို့တွေကတော့ ရယ်တယ်ဗျား
ဝါးဟားဟား... ၀ါးဟားဟား....

(ရေးသားသူ မက်မက်) :P

ကိုအိမ်ရဲ့ ကဗျာလေးကို အပျော်သဘော ဟာသလေးနဲ့ ပြန်ချေပပြီး စပ်လိုက်တာပါ.. ဟိဟိ.. အဲလိုမျိုး..ဦးဦး တို့ ရုပ်နဲ့များ တိုက်ဆိုင်သွား၊ စောင်းပြောမိတာများ ရှိရင် ခွင့်လွတ်နော်.. :P အဟတ်.. အဟတ်....ကဲ..ဦးဦးအိန်ရေ... ဘလော့ကာ မမတွေ ချောမချော လှမလှ ကို သိချင်ရင် ရှာရာပိုပါ မက်မက်ရဲ့ ဓာတ်ပုံကို အရင်ကြည့်လိုက်နော်.... :z ဘလော့ကာ မမတွေက မက်မက်ထက် အဆ 200 သာလွန်၍ မိုးကျမဟေသီ မဒီ အလှ စာဖွဲ့လို့ တောင် မမှီအောင် လှပ ကြတယ်ဆိုတာ ရှာရာပိုပါ မက်မက် ပုံကို နမူနာကြည့်၍ ခံစားရှုစား လိုက်နော်.... ဟတ်ဟတ်... ဘလော့ကာ ဦးဦးတို့ မနာလိုမဖြစ်နဲ့နော်.. :z ခစ်ခစ်...
:P
အဟီး.. ကဲ .. ဘလော့ကာ အပေါင်း ယောင်းမတို့ရေ... . လက်ခုပ်တီး၍ အားပေးတော် မူပေလော့... ဟီးဟီး...

You received this email because you are subscribed to the real_time feed for http://crazydreamlover.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.