Thursday, December 11, 2008

[စိတ်မီးအိမ်] 1 New Entry: နိုင်ငံရေးသမားဆိုတာ

နိုင်ငံရေးသမားဆိုတာ

နိုင်ငံရေးသမားတွေ အပြည့် သယ်ဆောင်လာတဲ့ ဘတ်စ် ကား တစ်စင်းဟာ လှပတဲ့ ဘိုလီးဘီးယား သဲကန္တာရ ကို ချဉ်းကပ်စ ပြုလာပါပြီ။ ဘိုလီးဘီးယား နိုင်ငံရဲ့ ရှုခင်းတွေဟာ ဘယ်လောက်များ လှပသလဲဆိုရင် ဘတ်စ်ကား မောင်းဆရာဟာ ကားမောင်းနေတယ်ဆိုတာကိုတောင် မေ့မြောရတဲ့ အထိ ရှုခင်းတွေကို တအံ့တသြ ငေးမောနေမိပါတယ်။ ဒီလိုနဲ့ ကားဟာ တောင်ခြေတ၀ိုက်မောင်နှင်းနေရင်း တောင်စောင်းကို နေ၀င်ပြီးခါစ မှာ ၀င်တိုက်မိပြီးမှောက်ပါတော့တယ်။ ကားပေါ်က နိုင်ငံရေးမားတွေလည်း သေတချို့၊ ဒဏ်ရာပြင်းထန် တဲ့လူ တချို့ နဲ့ ဒုက္ခရောက်နေကြပါတော့တယ်။ ဒီလိုနဲ့ အနီ်းချူပ်စပ် ရွာက လယ်သမားအဘိုးကြီးတယောက်ဟာ အလောင်းတွေကို အကုန် မြေမြုပ်ပေးခဲ့ပါတယ်။ မနက်လင်းတော့ ရဲက အဖြစ်အပျက်ကို စုံစမ်းရင်း အဘိုးကြီးကို မေးပါတော့တယ်။
ရဲ။ ။ အဘိုးကြီး၊ ခင်ဗျား နိုင်ငံရေးသမားတွေ အကုန် မြေမြှုပ်ခဲ့လား။
အဘိုးကြီး။ ။ အင်း…။ အားလုံး မြှုပ်ခဲ့ပါတယ်။
ရဲ။ ။ ဒါဆို အားလုံး အသက်မရှိဘူးဆိုတာ ခင်ဗျား ဘယ်လို သက်သေပြမလဲ။
အဘိုးကြီး။ ။အင်း.။ ဒါက ရှင်းပါတယ်။ တချို့က လုံးဝ သေနေပြီ။ တချို့က ကျွန်တော် မသေသေးပါဘူး။ မြေမြှုပ်မပစ်ပါနဲ့ လို့ တောင်းပန်နေတယ်လေ.။
ရဲ။ ။ ဗျာ………………။ ဒါဆို ခင်ဗျား လူအရှင်တွေကို မြေမြှုပ်ပစ်ခဲ့တာပဲ……။
အဘိုးကြီး။ ။ဟာ…ဗျာ……….။ ဘယ်ဟုတ်ပါ့မလဲ။ ခင်ဗျားလဲ သိသားနဲ့..။ နိုင်ငံရေးသမားဆိုတာ ဒီလိုပဲ ညာပြောနေကျ ဆိုတာ………။


မှတ်ချက်။ ။ နိုင်ငံခြားဟာသ ကို အဓိပ္ပာယ် ပြန်ဆိုပါသည်။

You received this email because you are subscribed to the real_time feed for http://seitmeeain.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.