Thursday, December 11, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 5 New Entries: UN chief urged to visit Burma

UN chief urged to visit Burma

By Andrew Buncombe, Asia Correspondent
Tuesday, 9 December 2008

http://www.independent.co.uk/news/world/asia/un-chief-urged-to-visit-burma-1059073.html


Campaigners have called on UN leader Ban Ki-Moon to reverse his decision not to visit Burma, saying that a top level visit is essential if the country's military regime is to consider the release of political prisoners and halt the crackdown on dissidents.
Mr Ban, who visited Burma in the aftermath of the devastating cyclone earlier this year, had been expected to visit the country again to discuss various issues including the release of prisoners of conscience. Yet despite receiving a petition from more than 100 former presidents and prime minister urging him to make good his vow to return, Mr Ban announced at the weekend that he had decided not to go. He said he was frustrated by the lack of progress made in Burma and believed that in such circumstances a visit would not be appropriate.
Yesterday campaigners called on the UN Secretary General to rethink his decision, saying that his personal involvement was essential to win any progress. "It's something of a Catch 22 situation," said Anna Roberts of the Burma Campaign UK. "Ban Ki-Moon says he will not go because of a lack of progress but there will not be any progress unless there is a high level visit."
Campaigners have been critical of the efforts made by the UN's leader's special envoy Ibrahim Gambari, saying he has lost the respect of both the regime and the political opposition, whose imprisoned leader Aung San Suu Kyi declined to meet him when he last visited the country. They say there have been 37 visits by special envoys in the two decades since the regime ignored the results of a election that the opposition won by a landslide.
The criticism of the UN leader's decision comes just weeks after the military junta concluded a judicial crackdown on the country's leading dissidents. At a series of staged trials held in secret inside Rangoon's Insein Jail, dozens of activists and political prisoners were sentenced to jail for terms of up to 65 years. Among them were members of the 88 Students Generation - activists who had led failed democracy uprisings in 1988 and who again organised protests last year ahead of wider demonstrations involving tens of thousands of the country's Buddhist monks. In the aftermath, the regime seized hundreds of monks and ordinary citizens. It is now estimated there are more than 2,000 political prisoners in Burma.
At the time of last year's uprising, the UN Security Council called on Burma to release its political prisoners and when Mr Ban visited the country earlier this year after Cyclone Nargis left up more than 140,000 people dead it was understood he would return to press on the issue.
In their letter to the UN head, the former leaders, who also included Tony Blair and Margaret Thatcher, said: "We urge you to make it clear that all political prisoners in Burma must be released by the end of this year, regardless of whether you travel to Burma. If the Burmese junta continues to defy the United Nations by refusing to make these releases by the end of the year, we urge you to encourage the Security Council to take further concrete action to implement its call for the release of all political prisoners."
Interesting? Click here to explore further

ကို့ယ်မှတ်တမ်း ကိုယ်ရေးမည်

ကောင်းကင်နတ်ကြီး ဘာကြောင့်ပြုံး

ရဲနည် .

ယခင်အပတ်အစောပိုင်း မြန်မာနိုင်ငံတလွှားမှလူအများ က အိမ်များမှ ထွက်လာကြပြီး ညကောင်းကင်ကို ကြည့်၍ အံ့သြ မင်သက် နေခဲ့ကြသည်။ သူတို့က ကလေးများကိုလည်း ခေါ်ထုတ်လာပြီး မိုးကောင်းကင်ကို လက်ညှိုးညွှန်ပြကာ "ကြည့်စမ်း.. ကောင်းကင်ကြီးက တို့ကိုပြုံးပြနေတယ်" တိုးတိုးညင်သာပြောကြသည်။ ကလေးများ ကလည်း ထူးဆန်းအံ့သြနေခဲ့ကြသည်။

ပြုံးနေသည့် ပါးစပ်သဖွယ် မြင်ခဲ့ကြရသည်မှာ လခြမ်းကွေးဖြစ်သည်။ တောက်ပသည့် မျက်လုံးနှစ်ခု အသွင်ရှိနေသည်မှာ သောကြာကြယ် (ဗီးနပ်စ်) နှင့် ကြာသပတေးဂြိုဟ် (ဂျူပီတာ) ဖြစ်သည်။ ဤသို့ ပြုံးနေသည့်မျက်နှာအသွင်ဖြစ်လာသည့် ထူးခြားသောနက္ခတ်များ တိုက်ဆိုင်ကြုံကြိုက်မှုကို ဘန်ကောက်မှ သည် ကင်ညာနိုင်ငံအထိ နိုင်ငံအများမှ လူအများ ကြုံတွေ့ခဲ့ကြရသည်။ မူလကတည်းက အယူသည်းစွဲလမ်းလေ့ရှိသူ မြန်မာလူမျိုးများကားအတိတ်နမိတ်ကောင်းအဖြစ် ကောက်ယူခဲ့ကြသည်။( ဆက်ဖတ်ရန် )  ဗေဒင်နက္ခတ်ဆရာများကိုလည်း ဤထူးဆန်းသည့် နက္ခတ်တာရာ တိုက်ဆိုင်ဆုံဆည်းမှုအတွက် မေးမြန်းခဲ့ကြပြီး သူတို့၏ ဟောကြားချက်များက ပျံ့နှံ့လာခဲ့သည်။ သောကြာဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်တို့မှာ ကံကောင်းစေသည့် ဂြိုဟ်နက္ခတ်များအဖြစ် ယူဆကြပြီး ယခုအဖြစ်ကလည်း အပြုသဘောဆောင်မည်၊ ကံကောင်းစေမည်ဟု ယူဆကြသည်။ ဗေဒင်ဆရာများက ဤသို့ ဂြိုဟ်နှစ်လုံးပူးခြင်းကြောင့် ပြည်သူများအပေါ် သက်ရောက်မှုရှိမည်ဟုလည်း ဆိုခဲ့ကြသည်။ ကြင်နာသနားတတ်သော၊ စေတနာထက်သန်သော၊ ကူညီစောင်မသော အကျိုးကို ခံစားရမည်ဟု ဆိုကြသည်။

မြန်မာနိုင်ငံ၏ အခြားနယ်စပ်တဖက်တွင် ဤဟောချက်က ချက်ချင်းဒက်ထိဆိုသလို မှန်ကန်ခဲ့သည်ကို တွေ့ကြရလိမ့်မည်။ အိန္ဒိယနိုင်ငံတွင် တဂ်ျဟိုတယ် (Taj) နှင့် အိုဘေရွိုင်းဟိုတယ် (Oberoi) များကို အကြမ်းဖက်သမားများက သိမ်းပိုက်ပြန် ပေးဆွဲထားသည့် ဖြစ်ရပ်ကို ကွန်မင်ဒိုတပ်များက အောင်မြင်စွာစီးနင်းနိုင်ခဲ့ပြီး မမ်ဘိုင်း (ဘုံဘေ) မြို့သားများလည်း စိတ် သက်သာရာ ရစေခဲ့သည်။ ထိုင်းနိုင်ငံတွင်လည်း ၁၉၂ ရက်ကြာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ၏ လှုပ်ရှားမှုက အထွဋ် အထိပ်ရောက်လာခဲ့ပြီး နောက်ဆုံး ၀န်ကြီးချုပ်နှုတ်ထွက်ပေးရခြင်း၊ အာဏာရ ညွန့်ပေါင်း ၃ ပါတီ ဖျက်သိမ်းပေးရခြင်းတို့ ဖြစ်လာစေပြီး နိုင်ငံ၏ လေဆိပ် ၂ ခုကို ဆန္ဒပြနေသူများ သိမ်းပိုက်ထားမှုလည်း အဆုံးသတ်ခဲ့ရသည်။

နက္ခတ်ကြယ်တာရာများနှင့် လမင်းကြီးကရော မိမိတို့ မြန်မာပြည်သူများ အတွက် မပြုံးစေတော့ပြီလော။ သို့မဟုတ် မိမိတို့ကို နတ်ဘုရားများက ရယ်သွမ်းသွေးခြင်းမျှသာလော။ လွန်ခဲ့သည့်နှစ် သံဃာဆန္ဒ ပြပွဲများကို လုံခြုံရေးတပ်များက အကြမ်းဖက်နှိမ်နင်းစဉ်က ယုံကြည်ကိုးကွယ်ရာဘာသာကို စော်ကားမှုနှင့် ကြုံခဲ့ရသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ၀င်မွှေ၍ ဖျက်ဆီးခဲ့သည့် မုန်တိုင်းကပင် ဤကိစ္စအတွက် နတ်ဘုရားများက လက်စားချေမှုဖြစ်နိုင်သေးသည်။ သို့သော်လည်း သူတို့ပစ်မှတ်က လွဲချော်ခဲ့သည်။ အမှန်မှာ မုန်တိုင်းက စစ်အစိုးရဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်ကို ၀င်မွှေဖျက်ဆီးသွားသင့်သည် မဟုတ်လော။ မည်သို့ပင် ဖြစ်စေ မြန်မာနိုင်ငံတွင် ရာစုနှစ်ပေါင်းများစွာ လက်ဆင့်ကမ်းပြောဆိုနေကြ သည့် လူသိများလှသည့် နိမိတ်တခု ရှိပါသည်။ လူအများ တချိန်မဟုတ်တချိန်ကြားဖူးလိမ့်မည်ဟု ထင်သည်။

"သောကြာ ကြယ်ကြီး လနှင့်နီး ပြည်ကြီးပျက်လတံ့" ဟု ဤနိမိတ်တဘောင်က ဆိုထားပါသည်။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းပြီးသည့်နောက် ရန်ကုန် ထင်းပုံ၊ မန္တလေး ပြာပုံ၊ နေပြည်တော် အရိုးပုံဟု တိတ်တဆိတ် ဟောကိန်းထုတ်နေခဲ့ကြသည် ကလည်းရှိနေပါသည်။ အကယ်၍ နေပြည်တော်တွင်သာ အရိုးတောင်လိုပုံစေမည် ဆိုပါက မည်သို့ ဖြစ်လာနိုင်စရာအကြောင်း ရှိလိမ့်မည်နည်း။

 ကြယ်နက္ခတ်များ ဆုံတွေ့မှုကြောင့် မြန်မာနိုင်ငံတွင် လျှို့ဝှက်ဆန်းကြယ်သည့် ဖြစ်ရပ်များ ဖြစ်လာလိမ့်မည်။ ပထမ အသက်အရွယ်အိုမင်းကြီးရင့်ပြီဖြစ်သည့် ဗိုလ်ချုပ်သန်းရွှေက ကင်ဆာအပြင် သွေးတိုးရောဂါများဖြင့် မကြာခင် သေမည်။

နောက် စစ်အစိုးရ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်မောင်အေးကို ကြည်း-ရေ-လေတပ်များ၏ ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ရွှေမန်းနှင့် အတွင်းရေးမှူး-၁ ဗိုလ်ချုပ် တင်အောင်မြင့်ဦးတို့ ဦးဆောင်သည့် အုပ်စုများက ချက်ချင်း လက်ဦးမှုယူ ဖမ်းဆီးလိုက်လိမ့်မည်။ ရွှေမန်းနှင့် တင်အောင်မြင့်ဦးတို့ အုပ်စု ၂-စု ကွဲ သွေးချောင်းစီးကာ နောက်ဆုံးတွင် ဗိုလ်ချုပ်များ၏ အရိုးများတောင်လိုပုံ ပါလိမ့်မည်။ ဤအရေးကြောင့် ကောင်းကင်ကြီးက ပြုံးနေတာ ဖြစ်နိုင်ကောင်းပါသည်။

နေပြည်တော်မှာ ဥပ္ပါတသန္ထိစေတီတော်တည်အလုပ်သမား (၁၈) ဦး သေဆုံး

NEJ/ ၁၀ ဒီဇင်ဘာ ၂၀၀၈ နေပြည်တော်တွင် တည်ဆောက်နေသည့် ရွှေတိဂုံပုံတူ ဥပ္ပါတသန္ထိစေတီတော် တည်ဆောက်ချိန်မှ ယနေ့ထိ လုပ်ငန်းခွင် ထိခိုက်သေဆုံး သည့် အလုပ်သမားပေါင်း (၁၈) ဦးရှိသွားပြီဟု နေပြည်တော်ဆောက်လုပ်ရေး သတင်းရပ်ကွက်က ပြောသည်။

ဥပ္ပါတသန္ထိစေတီတော် တည်ဆောက်ရာ၌ အောက်ခြေ ဖောင်ဒေးရှင်းသာ အုတ်ဖြင့်တည်ဆောက်ပြီး စေတီလုံးကို ကွန်ကရစ်များ၊ အာစီသံချောင်းများဖြင့် တနေရာမှာ ပုံလောင်းပြီးမှ လေးလံသည့် စေတီလုံးကြီးကို ကရိန်းအဆင့်ဆင့်ဖြင့် မချီရာ အလုပ်သမားများ လုပ်ငန်းခွင် ထိခိုက်ပြီး သေဆုံးခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ၀န်ထမ်းတဦးက ပြောသည်။ ရွှေတိဂုံပုံတူ ဥပ္ပါတသန္ထိစေတီတော် တည်ဆောက်ရာ၌ ယခုကဲ့သို့ အလုပ်သမား (၁၈) ဦးသေဆုံးခြင်းအပေါ် ဒေသခံများ၊ ၀န်ထမ်းများက အတိတ်အမျိုးမျိုး ကောက်ယူပြောနေသည်ဟု ဒေသခံများက ပြောသည်။

ဥပ္ပါတသန္ထိစေတီတော် နေပြည်တော်မှာ တည်သည့်ကိစ္စမှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယတြာအယူသီးမှုကြောင့် ရွှေတိဂုံပုံတူ တည်ရခြင်းဖြစ်သည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။ နေပြည်တော်တည်စကလည်း လမ်းဆုံတခုတွင် ကြာဖူးကြီးမှ ရေပန်းများထွက်နေသည့်ပုံ ထုလုပ်ထားရာ စစ်အစိုးရမကြာတော့ဘူးဟု ဒေသခံများနှင့် ၀န်ထမ်းများ ပြောပြီးမကြာခင် ကြာပန်းကြီးအဖြစ် အမြန်ပြောင်းလဲထုလုပ်ခဲ့သည်။ ဥပ္ပါတသန္ထိစေတီတော်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဦးဆောင်မှုဖြင့် စစ်ခေါင်းဆောင်များက တည်ဆောက်နေခြင်းဖြစ်သည်။ ဥပ္ပါတသန္ထိစေတီတော် ကုန်းတော်ဖော်ထုတ်ရေးလုပ်ငန်းကို ဗိုလ်ချုပ်ကြီးရွှေမန်း၏သား အောင်သက်မန်းပိုင် ဧရာရွှေဝါကုမ္ပဏီက ကန်ထရိုက်ရထားသည်။

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

မင်းထက်အောင်

မြန်မာပြည်မှ မိတ်ဆွေတစ်ဦး ထိုင်းနိုင်ငံဘက် အလုပ်အကိုင်ရှာဖွေဖို့ ရောက်လာပါတယ်၊ လက်ရှိထိုင်းနိုင်ငံရဲ့ စီးပွားရေးဂယက် အခြေအနေကို မသိခဲ့၊ လတ်တလော ထိုင်းနိုင်ငံမှာ အလုပ်သမားနဲ့ လုပ်ခများ လျှော့ချလို့ မြန်မာအလုပ်သမား အများအပြား ဒုက္ခဖြစ်နေရသည်ကို နယ်စပ်ရောက်လာတော့မှ ကျနော့်မိတ်ဆွေ သိရလေတော့သည်၊ သူ၏အနာဂတ်ခရီးကား ရှေ့ကိုသွားလို့မရ၊ နောက်ဆုတ်လို့လည်းမဖြစ်တဲ့ အခြေအနေပါ။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ကံပေါက်ကျေးရွာအုပ်စု မိချောင်းအိုင်ရပ်ကွက်မှ ကျနော့် မိတ်ဆွေက စိတ်မသက်သာ စရာ သူဒေသအဖြစ်အပျက်အကြောင်းကို ဖေါက်သည်ချလိုက်ပါတယ်။ ကံပေါက်ကျေးရွာမှာ အိမ်ခြေ ၁၃၀၀ ခန့်ရှိပြီး ရပ်ကွက် ၁၀ ခုရှိပါတယ်၊ လက်ရှိ ရယက ဥက္ကဌ ဦးလှသန်းနဲ့ အတွင်းရေးမှူး ဦးသားကြီးတို့က ကျေးရွာအခြေစိုက် စရဖ (MAS) နဲ့ အစုရှယ်ယာဖွဲ့ကြပြီး နှစ်လုံးထီ နေ့စဉ်ချဲ၊ ဘောလုံးပွဲ၊ လောင်းကစားပွဲအမျိုးမျိုးတို့ရဲ့ဒိုင်များဖြစ်ကြပါတယ်( ဆက်ဖတ်ရန် ) အိုးအိမ်၊ ခြံမြေပေါင်နှံခြင်းကိုလည်း လက်ခံပေးကြပါတယ်။ တိုတယ်ကုမ္ပဏီရဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကံပေါက်ကျေးရွာသည်လည်း ပါဝင်နေတာကြောင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရယကများ ဆောင်ရွက်နိုင်ဖို့ တလလျှင် ခရီးစရိတ် တစ်အိမ်ငါးရာကျပ် ပေးဆောင်နေရပါသတဲ့။ ပြီးခဲ့တဲ့ဇွန်လမှာ တရုပ်မိုင်းကုမ္ပဏီ လုပ်ငန်းတခုနဲ့ ထိုင်းပီတီတီ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း အသစ်ထပ်မံ သွယ်တန်းဖို့ ကံပေါက်ရွာမှာ ရုံးလာဖွင့်ကြတယ်၊ စစ်တပ်နဲ့ပေါင်းပြီး လုပ်အားခ နည်းနည်းပါးပါးပေးဈေးနှိမ်လို့ ဒေသခံအလုပ်သမားများကို ငှားရမ်းရာမှာ အခက်အခဲတွေ့နေရပါတယ်၊ ဝင်ရောက်လုပ်ကိုင် သူအနည်းငယ်သာ ရှိပါတယ်။

လက်ရှိအခြေအနေမှာတော့ အရွယ်ရောက်သူများ ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူနိုင်ငံကို ဖြစ်တဲ့ နည်းနဲ့အလုပ်သွား လုပ်နိုင်ဖို့ပဲ အားထုတ်နေကြပါတယ်၊ အဲဒီနိုင်ငံတွေကို သွာရောက်နိုင်ဖို့အတွက်ရှိသမျှ လက်ဝတ်လက်စား၊ အိမ်၊ ခြံမြေတွေကို ပေါင်နှံရောင်းခြ ကြရပါတယ်၊ ဒါပေမဲ့ ရည်ရွယ်ချက်က ကြီးမားပေမဲ့ လက်တွေ့အခြေအနေမှာ ရလာမဲ့ အကျိုးရလဒ်တွေက မရေမရာ။ ရွာမှာရှိတဲ့အလုပ်အကိုင်က ဝင်ငွေနဲ့ထွက်ငွေမမျှ၊ ချဲထီတို့၊ လောင်းကစားဝိုင်းတို့ကသာ လျှပ်တစ်ပြတ် ထွက်ပေါက် တစ်ခု ဒါပေမဲ့ ကိုယ်အတွက်မျှော်လင့်ချက်ဆိုတာ ၁၀% တောင်မရှိလှပါ၊ ဘိုးတော်၊ ချိုင်းနဲ့ အတိတ်နိမိတ်၊ အိပ်မက်ပါ မကျန်ချဲ နံပါတ်ရရှိရေးကို ကြိုးပမ်းအားထုတ်ယင်း ရှိသမျှအတွင်း အပြင်ပစ္စည်းများ တနေ့ထက်တစ်နေ့ လုံးပါးပါးလာတော့တယ်။

ကံပေါက်ကျေးရွာ ရယကအဖွဲ့က ဒေသခံများကို တဖက်နိုင်ငံသို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ခြင်း မပြုကြရန်နဲ့ သွားရောက်သူများကို စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူမှာဖြစ်ကြောင်း သတိပေးတားမြစ် ချက်များ ထုတ်ပြန်ထားသော်လည်း ဒေသခံများအနေနဲ့ မဖူလုံမလုံလောက်တဲ့ မိသားစုဝမ်းစာရေး ဖြည့်ဆည်းပေးနိုင် ဖို့အတွက် တဖက်နိုင်ငံသို့ မဖြစ်မနေသွားရမည်သာ၊ ပြည်တွင်းကုန်ဈေးနှုံးကြီးမြင့်နေမှုကို ဘယ်သူတွေ တားဆီး ပေးနိုင်မလဲ၊ မည်သူမဆို ကိုယ့်မိသားစုနဲ့ ကိုယ်ရပ်ရွာဒေသမှာ နေချင်ကြစမြဲပါ၊ ရပ်ကွဲရွာကွဲ၊ သားကွဲမယားကွဲ မနေလိုကြပါဘူး။

ကျနော့်မိတ်ဆွေ ရည်မှန်းထားတဲ့ ထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်နိုင်သည်ဆိုဦးတော့ အခုအခြေအနေမှာ အလုပ်ရဖို့ မလွယ်၊ အိမ်ကိုပြန်ဖို့လည်းမဖြစ်၊ ဟိုမရောက်ဒီမရောက်နဲ့ လမ်းခရီးတထောက်မှာပဲ တဝဲဝဲလည်နေဆဲ။

မင်းထက်အောင်

စကားချပ်

ကံပေါက်ကျေးရွာ လက်ရှိကုန်ဈေးနှုံးအခြေအနေများ (အောက်တိုဘာလနောက်ဆုံးပတ် ၂၀၀၈) ကို တင်ပြထားပါ သည်။

၁။ဆန်ဈေးနှုန်း

-ပေါ်ဆန်းမွှေး (၁)ပြီ - ၁၃ဝဝ ကျပ်

-ငကျွဲ (၁)ပြီ - ၁၂ဝဝ ကျပ်

-ဧည့်မထ (၁)ပြီ - ၁၂၅ဝ ကျပ်

-ကမာကြီ (၁)ပြီ - ၁၁ဝဝ ကျပ်

-ငစိန် (၁)ပြီ - ၉ဝဝ ကျပ်

-ကောက်ညှင်း(အဖြူ) (၁)ပြီ - ၁၆ဝဝ ကျပ်

-ကောက်ညှင်း(အမဲ) (၁)ပြီ - ၁၈ဝဝ ကျပ်

၂။စားဆီဈေးနှုန်း

-ပဲဆီ (၁)ပိဿာ - ၅ဝဝဝ ကျပ်

-နှမ်းဆီ (၁)ပိဿာ - ၅၅ဝဝ ကျပ်

-ဆီအုန်းဆီ (၁)ပိဿာ - ၃၅ဝဝ ကျပ်

-အုန်းဆီ (၁)ပိဿာ - ၅ဝဝဝ ကျပ်

၃။အသားဈေးနှုန်း

-ဝက်သား(အသား) (၁)ပိဿာ - ၈ဝဝဝ ကျပ်

-ဝက်သား(သုံးထပ်သား) (၁)ပိဿာ - ၆ဝဝဝ ကျပ်

-အမဲသား (၁)ပိဿာ - ၇ဝဝဝ ကျပ်

-ကြက်သား (၁)ပိဿာ - ၆၅ဝဝ ကျပ်

၎။ ငါးဈေးနှုန်း -ငါးကွမ်းရှပ် (၁)ပိဿာ - ၃ဝဝဝ ကျပ်

-ငါးလိတ်ကျောက် (၁)ပိဿာ - ၂၅ဝဝ ကျပ်

-ငါးမုတ် (၁)ပိဿာ - ၂ဝဝဝ ကျပ်

-ငါးသလောက် (၁)ပိဿာ - ၅၂ဝဝ ကျပ်

-ငါးကျွဲရင် (၁)ပိဿာ - ၄ဝဝဝ ကျပ်

-ငါးပေါင်း (၁)ပိဿာ - ၈၅ဝဝ ကျပ်

-ပုဇွန်ထုပ်(အရှင်) (၁)ပိဿာ - ၈ဝဝဝ ကျပ်

-ပုဇွန်ထုပ်(အသေ) (၁)ပိဿာ - ၃၅ဝဝ ကျပ်

-ကျောက်ပုဇွန်(အရှင်) (၁)ပိဿာ - ၈ဝဝဝ ကျပ်

-ကျောက်ပုဇွန်(အသေ) (၁)ပိဿာ - ၃၅ဝဝ ကျပ်

၅။ ငါးခြောက်ဈေးနှုန်း

-ပုဇွန်ခြောက်(နံပါတ်-၁) (၁)ပိဿာ - ၂ဝဝဝဝ ကျပ်

-ပုဇွန်ခြောက်(နံပါတ်-၂) (၁)ပိဿာ - ၁၅ဝဝဝ ကျပ်

-ပုဇွန်ခြောက်(နံပါတ်-၃) (၁)ပိဿာ - ၁၂ဝဝဝ ကျပ်

-ငါးကွမ်းရှပ်ခြောက် (၁)ပိဿာ - ၁၁ဝဝဝ ကျပ်

-ငါးလိတ်ကျောက်ခြောက် (၁)ပိဿာ - ၇ဝဝဝ ကျပ်

၆။ လက်ဘက်ရည်ဆိုင်ဈေးနှုန်း

-ကာဖီ(ရိုးရိုး) (၁)ခွက် - ၂၅ဝ ကျပ်

-ကာဖီ(ကော်ဖီမိတ်) (၁)ခွက် - ၃ဝဝ ကျပ်

-လက်ဘက်ရည်(ချက်နို‹ဆီ) (၁)ခွက် - ၂ဝဝ ကျပ်

-လက်ဘက်ရည်(နို‹ဆီဗူး) (၁)ခွက် - ၂၅ဝ ကျပ်

-ပဲဟင်း (၁)ခွက် - ၂ဝဝ ကျပ်

-အီကြာကွေး(၁ချောင်းတွဲ) (၁)ချောင်း - ၁၅ဝ ကျပ်

-အီကြာကွေး(၂ချောင်းတွဲ) (၁)ချောင်း - ၃ဝဝ ကျပ်

-မုန့်မျိုးစုံ (၁)တုံး - ၁ဝဝ ကျပ်

-နံပြား (၁)ချပ် - ၃ဝဝ ကျပ်

၇။ ဟင်းသီးဟင်းရွက်ဈေးနှုန်း

-ကြက်သွန်ဖြူ (၁)ပိဿာ - ၁၅ဝဝ ကျပ်

-ကြက်သွန်နီ (၁)ပိဿာ - ၁ဝဝဝ ကျပ်

-ပဲခြမ်း (၁)ပိဿာ - ၁၈ဝဝ ကျပ်

-မန်းကျီးသီး (၁)ပိဿာ - ၁၇ဝဝ ကျပ်

-အာလူး (၁)ပိဿာ - ၁၅ဝဝ ကျပ်

-ငရုတ်သီးခြောက် (၁)ပိဿာ - ၈ဝဝဝ ကျပ်

-ငရုတ်သီးစိမ်း(နို့ဆီဗူး) (၁)ဗူး - ၅ဝဝ ကျပ်

-ငှက်ပျောသီး(ရခိုင်) (၁)ဖီး - ၅ဝဝ ကျပ်

-ငှက်ပျောသီး(ဖီးကြမ်း) (၁)ဖီး - ၁ဝဝဝ ကျပ်

-ငှက်ပျောသီး(သီးမွှေး) (၁)ဖီး - ၁၅ဝဝ ကျပ်

-ကော်ဖီထုပ် (၁)ပိဿာ - ၆ဝဝ ကျပ်

-ကော်ဖီပန်း(အပွင့်ကြီး) (၁)ပွင့် - ၅ဝဝ ကျပ်

-ကော်ဖီပန်း(အပွင့်ငယ်) (၁)ပွင့် - ၃ဝဝ ကျပ်

-ခရမ်းချဉ်သီး(ရန်ကုန်) (၁)ပိဿာ - ၇ဝဝ ကျပ်

-ခရမ်းချဉ်သီး(ထားဝယ်) (၁)ပိဿာ - ၅ဝဝ ကျပ်

-သံပုရာသီး (၁)လုံး - ၃ဝ ကျပ်

-ချဉ်ပေါင် ရွက်(၁ဝခက်) (၁)စီး - ၅ဝ ကျပ်

-ကဇွန်းရွက်(၁ဝခက်) (၁)စီး - ၅ဝ ကျပ်

၈။ အထွေထွေကုန်းဈေးနှုန်း

-ငါးပိ(အကောင်းစား) (၁)ပိဿာ - ၂ဝဝဝ ကျပ်

-ငါးပိ(သာမန်) (၁)ပိဿာ - ၁၅ဝဝ ကျပ်

-ဆား (၁)ပိဿာ - ၇ဝဝ ကျပ်

-ခေါက်ဆွဲ (၁)စီး - ၈ဝဝ ကျပ်

-ကြာဇံ (၁)ပိဿာ - ၆ဝဝဝ ကျပ်

-ထန်းသကြား (၁)ပိဿာ - ၁၂၅ဝကျပ်

-ဓနိသကြား (၁)ပိဿာ - ၁၂ဝဝ ကျပ်

-သကြား (၁)ပိဿာ - ၁၄ဝဝ ကျပ်

-အချိုမူန့်(ထိုင်း-ကီလိုတဝက်ထုပ်) (၁)ထုပ် - ၁၄ဝဝ ကျပ်

-နို‹ဆီ(ထိုင်း) (၁)လုံး - ၈ဝဝ ကျပ်

-နို‹ဆီ(တပ်မတော်) (၁)လုံး - ၆ဝဝ ကျပ်

-ငါးသေတ္တာ(ထိုင်း) (၁)လုံး - ၈ဝဝ ကျပ်

-အသားဗူး(တပ်မတော်) (၁)လုံး - ၆ဝဝ ကျပ်

-ကြက်ဥ (၁)လုံး - ၂ဝဝ ကျပ်

-ဘဲဥ (၁)လုံး - ၂ဝဝ ကျပ်

 ၉။ လောင်စာဆီဈေးနှုန်း

-ဓါတ်ဆီ(မြန်မာ) (၁)ဂါလံ - ၄၂ဝဝ ကျပ်

-ဓါတ်ဆီ(ထိုင်း) (၁)ဂါလံ - ၄၅ဝဝ ကျပ်

-ဒီဇယ်(မြန်မာ) (၁)ဂါလံ - ၄ဝဝဝ ကျပ်

-ဒီဇယ်(ထိုင်း) (၁)ဂါလံ - ၄၅ဝဝ ကျပ်

-ရေနံ(မြန်မာ) (၁)ဂါလံ - ၃၄ဝဝ ကျပ်

-ရေနံ(ထိုင်း) (၁)ဂါလံ - ၃၇ဝဝ ကျပ်

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.