Thursday, December 11, 2008

[SOE MOE] 1 New Entry: ငါ့ရဲ့ လမင်း - လေးဖြူ

ငါ့ရဲ့ လမင်း - လေးဖြူ



ဲအရှုံးတွေထဲ ငါ လဲပြိုရင်း အတိတ်တို့ထဲ ငါ ပျောက်ဆုံးချိန်
မြင်နိုင်တယ် ငါ့ အနာဂတ်တို့ မှေးမှိန် ငါဟာ ကျဆုံးချိန်
ငါ့ရဲ့ နံဘေးကို မင်းဝင်လာပြီး လဲပြိုကျသူ ငါ့ကို ထူပြီး
အဆီအငေါ် မတည့်တဲ့ ငါ့ရဲ့စကားတွေ နင်ဟာ ခွင့်လွှတ် သည်းခံရင်း

တန်ဖိုးများ မရှိတော့ဘူးလို့ ငါ ထင်နေတဲ့ ဘဝ
မင်းရဲ့လက်မှာ ငါ တစ်ခါပြန်လည်ကာ အသက်ဝင်တောက်ပ
ဝိုး...ဝိုး... နင်ဟာ အရှုံးတွေထဲမှာ မျောနေခဲ့သူ ငါ့ကိုဆက်ရင်း
ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ တံဆိပ်လို ကပ်ရင်း
နင်ဟာ ငါ့ အတွက်တော့ နင်ဟာ ငါ့အတွက်တော့ ငွေလမင်း...

ငါ့အိပ်မက်တွေ ခြောက်ကပ်ရင်း
လမ်းတွေတိုင်းဟာ ပျောက်ဆုံးချိန်
ဒါတွေ မရှိတော့ပါ
နင်ဖန်ဆင်းတဲ့ ငါ့ဘဝမှာ

အားငယ်စိတ်တွေ မရှိဘူး
ဘဝရဲ့ ပန်းတိုင် ငါတွေ့ပြီ
နင်ဟာ လမ်ပြတယ်
နင်ဟာ ငါ့ရဲ့ နတ်သမီး

(တန်ဖိုးများ မရှိတော့ဘူးလို့ ငါ ထင်နေတဲ့ ဘဝ
မင်းရဲ့လက်မှာ ငါ တစ်ခါပြန်လည်ကာ အသက်ဝင်တောက်ပ
ဝိုး...ဝိုး... နင်ဟာ အရှုံးတွေထဲမှာ မျောနေခဲ့သူ ငါ့ကိုဆက်ရင်း
ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ တံဆိပ်လို ကပ်ရင်း
နင်ဟာ ငါ့ အတွက်တော့ နင်ဟာ ငါ့အတွက်တော့ ငွေလမင်း...)

You received this email because you are subscribed to the real_time feed for http://soemoeaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.