Tuesday, December 23, 2008

[ဇောင်း] 1 New Entry: အမေ

အမေ

အမေ့ရင်ကိုနှုတ်ဆက်
ခံစားချက်မဲ့တဲ့ ဒီနိုင်ငံမှာ
ပညာရှာရင်းကျွန်ခံ
သားတို့ဘဝကို မြုပ်နှံခဲ့ပြီ...အမေ
ပူပြင်းလှတဲ့ နွေလွင်ပြင်အောက်
အထီးကျန်ဆိုတဲ့ သူငယ်ချင်းနဲ့
အမေ့ကိုလွမ်းလို့ မျက်ရည်ကျရင်း
 သားစိတ်ပျော့တယ် ဆိုမလား....အမေ
အမေရေ
ပျော်တဲ့သူလည်း ပျော်ကြလိမ့်မယ်
လေးလပိုင်းရဲ့ အလယ်ရက်မှာ
နှုတ်ခမ်းအပြုံး နှလုံးသားမျက်ရည်နဲ့
အပျော်တစ်ခုကို ဖန်ဆင်းခဲ့ရတယ်
အမေ
မီးခဲများ နီရဲမယ့်နေ့အထိ
ဆားမပါတဲ့ ဟင်းတစ်ခွက်ကို
လေးနှစ်ပြည့်အောင် သည်းခံပြီးရင်
အမေရယ်
အမေ့လက်ရာ ဟင်းတစ်ခွက်ကို
ငတ်ငတ်ပြတ်ပြတ် စားသောက်ချင်ပါရဲ့
~~~ကိုကြီး~~~
ခေတ္တ - စင်္ကာပူ
( အမေကိုချစ်သော သူတိုင်းခံစားနားလည် နိုင်ပါစေ။ )
ဝန်ခံချက် ။ ။ အမေ ဆိုတဲ့ဒီကဗျာလေးဟာ လွန်ခဲ့တဲ့ငါးနှစ်လောက်က ကျွန်တော့် သူငယ်ချင်းတစ်ယောက် ရေးထားတာပါ။ (နေခြည်မင်းသစ်) ဆိုတဲ့ကလောင်အမည်နဲ့ မဂ္ဂဇင်းတစ်ခုမှာ ဖော်ပြခဲ့ဘူးပါတယ်။ မဂ္ဂဇင်းအမည် ကိုတော့ မမှတ်မိတော့ပါ။ နိုင်ငံရပ်ခြားမှာ အလုပ် လုပ်ကိုင် နေကြတဲ့သူတိုင်း မည်သူမဆို ကြုံတွေ့ရင်ဆိုင်ရတဲ့ အခြေအနေတွေကို အမှန်တကယ် ရေးဖွဲ့ထားပြီး မျှဝေခြင်းဖြစ်ပါတယ်။ ခံစားနားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ။
ဒီကဗျာလေးကို စင်္ကာပူရောက် ကျနော့်ရဲ့ အကိုကြီးမှ ပေးပို့သော ကဗျာဖြစ်ပါသည် အားပေးပါအုံးခင်ဗျာ


You received this email because you are subscribed to the real_time feed for http://www.zaung.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.