Tuesday, December 23, 2008

[Mogok Media] 1 New Entry: ဦးဇင်း ဦးကျော် မိုးကုတ်လာမည်

ဦးဇင်း ဦးကျော် မိုးကုတ်လာမည်


ဦးကိတ္ထိသာရ တဖြစ်လဲ ဦးဇင်း ဦးကျော်ဟိန်း မိုးကုတ်ကို ကြွလာမယ်လို့ သိရပါတယ်။ မိုးကုတ် အနောက်ပိုင်း ကျပ်ပြင်၊ ပါရမီ နာမှုကူညီရေးအသင်း က ကမကထပြု ခေါ်ယူတာဖြစ်ပြီး ခေါင်းစဉ်ကိုတော့ တရားအလှူပွဲ (အသျှင် ကိတ္ထိသာရ (အကယ်ဒမီ ဦးကျော်ဟိန်း) စိတ်အကြောင်းဆွေးနွေးပွဲ လို့ တပ်ထားပါတယ်။

တရားပွဲအစီအစဉ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်...
- နေ့ရက် ။ ။ ၁၃၇၀-ပြည့်နှစ် နတ်တော်လဆုပ် (၁၃)ရက်မှ ပြာသိုလဆန်း (၄)ရက်နေ့အထိ။
(၂၅.၁၂.၂၀၀၈ မှ ၃၀.၁၂.၂၀၀၈)
- နေရာ ။ ။ မိုးကုတ်မြို့ အနောက်ပိုင်း၊ ပန်းမလယ်ပြင်ကျောင်းတိုက်။
- အချိန် ။ ။ ညနေ (၆း၃၀)

You received this email because you are subscribed to the real_time feed for http://mogokmedia.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.