Tuesday, December 23, 2008

[Road to Freedom] 1 New Entry: မိတ်ဆွေများသို့

မိတ်ဆွေများသို့

ကျနော့်ဘလောဒ့်ကိုလာအားပေးတဲ့ မိတ်ဆွေများခင်ဗျာ..

ကျနော်ဘလောဒ့်ကိုစဖွင့်တုံးက ကြီးကြီးမားမားရည်ရွယ်ချက် တစ်ခုရှိခဲ့ပါတယ်။ တင်းကြပ်တဲ့ စစ်အစိုးရစည်းမျဉ်းတွေအောက်မှာ ကျနော်တို့အနေနဲ့ မြန်မာပြည်တွင်းထဲက လူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ထင်သလောက် မလွယ်ခဲ့ပါဘူး။ အလွှာတစ်ခုနဲ့ပဲ ဆက်စပ်နိုင်ခဲ့တယ်။ အဲဒါကြောင့် သတင်းတွေတင်တဲ့ သတင်းဘလောဒ့် တစ်ခုတည်ဆောက်ပြီး ဘလောဒ့်ကနေတစ်ဆင့် တက်ကြွလူငယ်တွေနဲ့ ထိစပ်ကြည့်မယ်ဆိုတဲ့ စိတ်ကူးက ဒီဘလောဒ့် ပေါ်ပေါက်လာရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ပါ။

သတင်းတွေတင်ရင်းနဲ့ နောက်ပိုင်းမှာ အရင်ကတည်းက ရှိခဲ့တဲ့ ကဗျာပိုးက ပြန်ထလာပြီး ကဗျာတွေ ပြန်ရေးဖြစ်ခဲ့တယ်။ ကဗျာတွေရေးရင်းရေးရင်းနဲ့ ဘလောဒ့်က ဒီကာလအထိ သက်တမ်းရှည်ကြာလာခဲ့ပါတယ်။ ပြန်ကြည့်ရင် ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ ကဗျာ ပုဒ်ရေ (၉၀) ၀န်းကျင်ခန့်အထိကို ရေးဖြစ်ခဲ့ပါတယ်။ ဒီလိုကဗျာတွေ ရေးဖြစ်ခဲ့တဲ့ အတွက်တော့ ကိုယ့်ကိုကိုယ် ကြေနပ်မိပါတယ်။

အခုတော့ ပြည်တွင်းအခြေအနေတချို့လည်း ပြောင်းလဲခဲ့တယ်။ ကျနော်ကိုယ်တိုင်လည်း အခြေအနေအပြောင်းအလဲမှာ တာဝန်အပြောင်းအလဲတွေ ရှိခဲ့တယ်။ ကျနော့်ဘလောဒ့်ရဲ့ မူလရည်ရွယ်ချက်နဲ့ ကျနော့်လက်ရှိအခြေအနေနဲ့ အံဝင်ဂွင်ကျမဖြစ်သေးပါဘူး။

ဒီတော့ ကျနော် ဘလောဒ့်ခြင်းအမူကို ရပ်နားမလား စဉ်းစားဖြစ်နေတာ အတော်ကြာပါပြီ။ တခြားအရေးတကြီး လုပ်စရာကိစ္စတွေလည်း ပေါ်လာလို့ပါ။ လောလောဆယ် ဘလောဒ့်ကိုတော့ ဆက်ဖွင့်ထား ပါဦးမယ်။ လာလည်သူတွေကိုအားနာသည့်အတွက် ပိုစ့်တွေလုံးဝ မတင်ဖြစ်တော့ဘူး ဆိုတဲ့အခါကျရင်တော့ ဘလောဒ့်ကိုပိတ်ပြစ်လိုက်ပါမယ်။

ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ ကဗျာတွေ ဖျောက်ခြားဆက်ရေးဖြစ်နိုင်အောင်လုပ်ပြီး ဘလောဒ့်လုံးဝ သေမသွားအောင်တော့ ကြိုးစားပါဦးမယ်။

မိတ်ဆွေအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ..။

ငြိမ်းချမ်းအောင်
ပြန်ခေါက်ထားပါ...

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.