Tuesday, December 23, 2008

[mAunG mYo] 1 New Entry: မျက်မှန် နဲ့ အာပြဲ

မျက်မှန် နဲ့ အာပြဲ

ငှက်တွေလည်း အစုအဖွဲ့တွေနဲ့နေတက်ကြသလို လူဆိုတာလည်း အပေါင်းသင်းနဲ့နေတက်ကြတာ သဘာဝတစ်ခုပဲလို့ထင်ပါတယ် ။ ကိုယ့်ကိုအကျိုးလိုလို့ အကြောင်းရှာတဲ့သူငယ်ချင်းမျိုးလည်းကြုံဖူးသလို တကယ့်ဘ၀မှာ အမှတ်ရစရာ သူငယ်ချင်းတစ်ယောက်လောက်တော့ လူတိုင်းလူတိုင်းမှာ ရှိကြမှာပါ ။ကျနော့်အတွက်လည်းဒီလိုသူငယ်ချင်းမျိုး တစ်ယောက်တော့ရှိခဲ့တယ်။ သူနဲ့ ကျနော်က စရိုက်ချင်းတွေ ဆန့်ကျင်ဘက်တွေဖြစ်ခဲ့ကြပေမယ့် အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ် ။သူက "တာရာမင်းဝေ" ၊"မင်းသိင်္ခ" စာအုပ်တွေဖတ်နေတဲ့ အချိန် ကျနော်ကတော့ "မောင်လှမျိုး" တွေ ဖတ်နေတယ်။သူက ပတ်ဝန်းကျင်ကို သိပ်အာရုံမထားတက်ပဲ အေးအေးဆေးဆေးနေတက်ပြီး ကျနော်ကတော့ အမြဲခံစားချက်မျိုးစုံနဲ့ ပူလောင်နေပါတယ်။

ကျောင်းစတက်တဲ့နှစ်မှ ခင်ခဲ့ကြပေမယ့် တစ်ယောက်အကြောင်းတစ်ယောက် ခဏလေးအတွင်းသိခဲ့ကြပြီး အမြဲတစ်တွဲတွဲဖြစ်ခဲ့ကြတယ်။ မေဂျာတူတူ အဆောင်တူတူနဲ့ ဆိုတော့ တစ်ခြားသူငယ်ချင်းတွေထပ်ပိုခင်ကြပါတယ်။ စခင်ခါစ တစ်ပါတ်လောက်ပဲ သူ့နာမည်ရင်း " အောင်ကိုကိုဇော် "ဆိုတာ ခေါ်တယ် ရှည်လို့ဆိုပြီး နာမည်ပေးတော်တဲ့ ကျနော်က "မျက်မှန်" လို့ခေါ်လိုက်တာ နောက်ပိုင်း သူငယ်ချင်းတွေလည်း အဲ့နာမည်ပြောင်ပဲသူ့ကိုခေါ်ကော သူကစိတ်တိုပြီး မေတ္တာစကားက "ရှေ့ကနွားက ဖြောင့်ဖြောင့်မသွားတော့ နောက်နွားတွေလည်း ဘယ်ဖြောင့်တော့မလဲ" တဲ့း) မပြောင်းပါ ဒီနာမည်ပဲဆက်၍ခေါ်မည်။ အားကျမခံ သူက ကိုယ့်ကိုပြန်ခေါ်တဲ့နာမည်က "အာပြဲ" တဲ့ လှလိုက်တဲ့နာမည်။ သူကတစ်ဦးတည်းသော သား ဖြစ်တော့ အပေါင်းသင်းပိုမက်တယ်။ မွန်သူဌေးဖြစ်ပြီး ကပ်စေးကလည်းနည်းပါ့ ( ကိုယ့်ကိုဘာမှမ၀ယ်ကျွေးလို့း) ) ။ သူ့ဆီက ပိုက်ဆံထွက်ဖို့ဆိုတာ ဘုရားရွှေခွာရတာထပ်ခက်တယ် ။ဒါမျိုးဘယ်ရမလဲ ကျောင်းပိတ်ရက်နေ့လည်ပိုင်း ဗိုက်ဆာရင် မာယာပိုပြလိုက်တယ် " ဗိုက်ဆာလိုက်တာ ထမင်းသုတ်လေးတစ်ပွဲလောက် စားလိုက်ရ ဘယ်လောက်ကောင်းအိမ်ကလည်း ပိုက်ဆံမပို့သေးဘူးကွာ " အဲ့လိုမျိုး မကြားတကြားလေးသာ ပြောလိုက် " လာ....အာပြဲ ငါဝယ်ကျွေးမယ် ဒီတစ်ခါနောက်ဆုံးပဲ" တဲ့ သူ့ရဲ့နောက်ဆုံးတွေလည်း ဘယ်တော့မှမကုန် ၀ယ်ကျွေးခဲ့တဲ့အကြိမ်ပေါင်းလည်းများပြီး ။

သဘောင်္သီးဖျော်ရည်တစ်ခွက်ကို ပိုက် ၂ ချောင်းနဲ့ နှစ်ယောက်တူတူ သောက်ခဲ့ကြသလို မာမားပြုတ်တစ်ထုတ်ကို ကော်ရေခွက်ထဲထည့် အလုအယက်စားခဲ့ကြတာတွေည်းရှိခဲ့ဖူးတယ် ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရလေးတွေပါပဲ ။သူ့အိမ်က ၀ယ်ထားပေးတဲ့ မော်ဒယ် နိပ်နိပ် ဆိုင်ကယ်လေးတစ်စီးနဲ့ ကျောင်းပြေးပြီး မော်လမြိုင်အနှံ၊ ကျိုက်မရော အထိ ခြေဆန့်ခဲ့ဖူးတယ်။သူ့ဆိုင်ကယ်နောက်လိုက်မစီးဖြစ်ပဲ တစ်ခြားသူငယ်ချင်းနောက်လိုက်စီးဖြစ်ရင်တော့ ဒေါသထွက်ပြီး "စိန်ခင် ငွေခင် စိမ်းပလိန်ခင်" လို့နာမည်ဆိုးဆိုးတွေတပ်ပြီး ၃ ရက်လောက်စကားမပြောတော့ဘူး ။ အဲ့အခါကျ ပြန်ချော့ရတယ် " မင်းကလည်း တုံးလိုက်တာ ၂ယောက်စီးတော့ ဆိုင်ကယ်ကလေးပြီး ဆီပိုကုန်တယ်လေ အဲ့ဒါကြောင့် မင်းဆီကုန်သက်သာအောင် ငါကပြောင်းစီးပေးတာ မခေါ်လည်းနေ " တစ်ခါပဲချော့မယ် နှစ်ခါမချော့ဘူး နောက်နေ့ကျောင်းသွားချိန်ဆို "သွားမယ် ...တက် " ဆိုတဲ့ စပ်ဖြီးဖြီးရုပ်ကြီးနဲ့း) ။


သူကျောင်းရပ်နားခွင့်တင်တော့ နိုင်ငံခြားရောက်နေတဲ့ သူ့အဖေကိုယ်စာ ကိုယ်က အဖေတုလုပ်ပြီး လက်မှတ်ထိုးပေးလိုက်ရတယ်။ခံစားချက်တွေအများကြီးမထားတက်၊ တကယ့် လူကြီးပေါက်စလေးတစ်ယောက်လို အနေထိုင်တော်ပြီး ဘယ်သူ့ကိုမှ ခင်ခင်မင်မင်မပေါင်းတက်တဲ့ သူက ကျနော့်ကိုတော့ အခင်ဆုံးသူငယ်ချင်းပါလို့ပြောခဲ့ဖူးတယ် ကျေးဇူးပါ သူငယ်ချင်းရေ့ ။ဖုန်းပြောရမှာ သေလောက်အောင်ပျင်းသော စာရေးရပျင်းပြီး တစ်ခါခါ ရေးရင် စာရွက် ၅ ရွက်လောက်ရေးတက်တဲ့ သူငယ်ချင်း ကျနော့်ရဲ့ စာမျက်နှာတွေပေါ်မှာ ကုန်ကြမ်းဖြစ်ဖြစ်သွားခဲ့ဖူးတယ် ။ ကျနော်ရေးခဲ့ဖူးတဲ့သူ့အကြောင်းတွေကတော့ " သူခိုးဖမ်းသော သူငယ်ချင်းနှစ်ယောက် " "ကျနော် နဲ့ သူငယ်ချင်း " ဆိုတာတွေရေးခဲ့ဖူးပါတယ် ။သူအခုကျောင်းတက်နေတုန်း တစ်တန်းကို နှစ် နှစ်စီမံကိန်းနဲ့ ကျနော်တို့ သူငယ်ချင်းနှစ်ယောက် တစ်နှစ်တစ်ခါတော့ တွေ့ဖြစ်ကြတယ် ။ မေ့လို့ သူလည်းကျောင်းပြီးတာနဲ့ ဘုန်းကြီးဝတ်မှာတဲ့း)



ဒီပုံကတော့ ပြီးခဲ့တဲ့နိုဝင်ဘာက စာမေးပွဲဖြေပြီးတော့ ကျနော့်ဆီလာလည်ပြီး ရွှေမြို့တော်ရဲ့ ကြယ်ခြောက်ပွင့် ဘူတာရုံမှာ ရိုက်ထားတာပါး) ( ဘူတာရုံညစ်ပတ်လွန်းလို့ ) ။ ဘုတ်သိုက်ဖြစ်နေတယ် အိပ်ယာထဆိုတော့ ။အခုနောက်ပိုင်း Blog မှာ ဓာတ်ပုံတွေ တင်နေမိတယ် ကိုယ့်ရဲ့ ကြည့်မပျော်တဲ့ရုပ်ကို နောက်ဆိုတင်တော့ဘူးနော့် အားလည်းနာတယ် ခင်လည်းခင်တယ် ဒီတစ်ခါ နောက်ဆုံးပါ :P







You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.