Tuesday, December 23, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 9 New Entries: ဦးဖိုးသာအောင် (နော်ဝေ)ရေးသော“နှစ် နှစ်ဆယ်ခရီး၏ ရိုက်ခတ်သံများ”

ဦးဖိုးသာအောင် (နော်ဝေ)ရေးသော"နှစ် နှစ်ဆယ်ခရီး၏ ရိုက်ခတ်သံများ"

http://www.linyaungchi.org/article/

၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်၊ စနေနေ့ နေ့စွဲဖြင့်ရေးသော ဒေါက်တာသောင်းထွန်း၏ " ဒေါ်အောင်ဆန်းစုကြည်၏ ရွေးချယ်မှု မရွေးချယ်မှု " ဆောင်းပါးကို ဂါမဏိက ဘာသာပြန်ဆို မဇ္စျိမဝက်ဆိုဒ်တွင် ဖော်ပြသဖြင့် ဖတ်ခဲ့ရပါသည်။ ထို့ကြောင့် ဤဆောင်းပါးကို ရေးဖြစ်ပါသည်း။
              ဗြိတိန်နိုင်ငံထုတ် ဂါဒီးယန်းသတင်းစာတွင် နိုင်ဝင်ဘာလ (၁၁) ရက်နေ့ပါ ကေသီစကော့ကလပ်နှင့် အဒြီယန်လဗီတို့ ရေးတဲ့ " တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒါလောက်သူရဲကောင်းကြီး မဟုတ်ပါ " ဆောင်းပါးတွင် အမှားအယွင်းများ အတော်များများ ပါဝင်နေပါသည်။ ထိုအထဲမှ အထင်ရှားဆုံးအမှားများကို ထောက်ပြပါမည်ဟု အစချီကာ ဒေါက်တာသောင်းထွန်းက ချေပဆောင်းပါး ရေးပါသည်။ သူ၏ အဓိက ချေပချက်များမှာ…………..( မြန်မာ ဒီမိုကရေစီလှုပ်ရှားမှုအနေဖြင့် မိမိတို့ လှုပ်ရှားမှုကို မိမိတို့ ဖာသာပြန်လည် ဝေဖန် ပြစ်တင်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ဝေဖန်ပြစ်တင်ရန် စိတ်သန်နေကြခြင်းသည် လှုပ်ရှားမှု၏ ယိုယွင်းကျဆင်းမှုကို သက်သေပြနေသည်)     ဤအချက်ကို ဒေါက်တာသောင်းထွန်းက ဂါးဒီးယန်းဆောင်းပါးရှင် နှစ်ဦး၏ မှားယွင်းသော အယူအဆဖြစ်သည်ဟု ပထမဆုံးရေးသားချေပထားတာ တွေ့ရပါသည်။
              အဖွဲ့အစည်းအသင်းအပင်းများတွင် မိမိကိုယ်ကို ဝေဖန်ရေးနှင့် ခေါင်းဆောင်ကို ဝေဖန်ရေး လုပ်ရန်လိုအပ်လာပြီဟု စိတ်ဆန္ဒ ထက်သန်လာပြီဆိုလျှင် ထိုအဖွဲ့အစည်းနှင့် ခေါင်းဆောင်တို့တွင် ယိုယွင်းကျဆင်းမှုတွေ ရှိလာခြင်း၊ တခုခု မှားယွင်းလာပြီဖြစ်ခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်မှာ အမှန်ပင် မဟုတ်ပါလား။ " ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစုံလည်းပဲဖြစ်ဖြစ် အမှားအယွင်းနှင့် မကင်းနိုင်ကြပါ။ အပြုသဘောဝေဖန်ချက်တို့ကို လက်ခံပြီး ဟုတ်မှန်လျှင် လက်ခံဖို့ ပြုပြင်ဖို့သာရှိပါသည်။ ဝေဖန်ချက်၊ စွပ်စွဲချက် ဟူသည်မှာ ချစ်လို့ဖြစ်စေ၊ မုန်းလို့ဖြစ်စေ အဓိက မကျပါ။ မှားခြင်း၊ မှန်ခြင်းသာ အဓိက ဖြစ်ပါသည်။ ဒေါက်တာသောင်းထွန်းအနေဖြင့် ဂါးဒီးယန်း ဆောင်းပါးရှင်တို့၏ ဝေဖန်ရေးသားမှုအပေါ် မည်ကဲ့သို့ မှားယွင်းနေသည်ကို ဖော်ပြပြီး ရေးသားရန်လိုအပ်ပါသည်။
             ဂါးဒီးယန်းသတင်းစာပါ ဆောင်းပါး၌ ဆောင်းပါးရှင်၏ ကိုးကားချက်တွေ ပါလာပါသည်။ ဤသည်မှာ…. ရန်ကုန်မြို့မှ လူကြီးပိုင်းအမတ်တဦးက " ကျွန်တော်တို့ စွန့်လွှတ်အနစ်နာခံတာတွေ သက်သက်နဲ့ပဲ အောင်ပွဲတကယ် ရနိုင်၊ မရနိုင်ကို အလေးအနက်စဉ်းစားဖို့လိုပြီ " ဟု ပြောကြောင်း၊ နောက်တယောက်ကလည်း " လူကြိုက်များခဲ့တဲ့ အန်အယ်ဒီပါတီ လမ်းပျောက်သွားပြီ " ဟု ပြောကြောင်း ရေးသားထားပါသည်။
              ဤကဲ့သို့ ကိုးကားရေးသားချက်အပေါ် ဒေါက်တာသောင်းထွန်းက…. ဤအသံများမှာ အတိုက်အခံလှုပ်ရှားမှုကြီး၏ ပြိုကွဲခြင်း လက္ခဏာကိုပြရာမရောက်ဘဲ လွတ်လပ်စွာငြင်းခုံ ဆွေးနွေးနိုင်စွမ်းဟူသည့် အတိုက်အခံလှုပ်ရှားမှုကြီး၏ ခွန်အားကိုသာ သက်သေပြ ခြင်းဖြစ်ပေသည်ဟု ချေပထားပါသည်။ မည်သို့ဆိုစေ ဆောင်းပါးပါ ကိုးကားချက်သည် လူတိုင်းပင်လွယ်လွယ်နှင့် သဘောပေါက်ပါနိုင်ပါသည်။
          " ကျွန်တော်တို့ စွန့်လွတ်အနစ်နာခံတာတွေ သက်သက်နဲ့ပဲ အောင်ပွဲတကယ်ရနိုင်၊ မရနိုင်ကို အလေးအနက်စဉ်းစားဖို့လိုပြီ " ဆိုသည့် ပြောဆိုချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်ဆုတ်ကိုင်ထားသော လမ်းစဉ်ကို တိုက်ရိုက်ဝေဖန်ထောက်ပြလိုက်ခြင်း ဖြစ်ပါသည်။ ဤဝေဖန်ထောက်ပြသတိပေးချက်သည် လက်တွေ့အခြေအနေအရ ဘယ်နေရာမှာ မှားနေလို့လဲ။ သဘောတရားရော အချက်အလက်အရပါ မှားနေသည်ဟု ယူဆလျှင် ဒေါက်တာသောင်းထွန်း ထောက်ပြသင့်ပါသည်။ နောက်တခုက " လူကြိုက်များတဲ့ အန်အယ်ဒီပါတီသည် ဘယ်လမ်းပေါ်မှာ ဘယ်လိုဆက်လျှောက်နေသည်၊ ရှေ့ကိုဘာတွေ ဆက်လုပ်မည်ဆိုတာတွေကို ဒေါက်တာသောင်းထွန်းတို့ သိပါသလား၊ သိလျှင်ချေပပြောဆိုရှင်းပြသင့်ပါသည်။
           တွေ့ဆုံဆွေးနွေးရေးကို မရမချင်းကြေငြာချက်ထုတ်ပြီး တောင်းဆိုနေသည့် မူသည် အန်အယ်ဒီ လမ်းမပျေက်သေးပါဘူးဟု ယူဆလျှင်လည်း ယူဆနိုင်ပါသည်။ သို့သော် " အန်အယ်ဒီ၏ အနာဂတ်သည် မှုန်ဝါးနေပါပြီ " ဟု အမှန်ကိုအမှန်အတိုင်း ဦးဝင်းတင် ကိုယ်တိုင် ထုတ်ဖော်ပြောနေသည်ကို ဒေါက်တာသောင်းထွန်းတို့ နားလည်သဘောပေါက်သင့်နေပါပြီ။ နောက်နှစ်ပေါင်း (၂၀) လောက်အထိ စစ်အစိုးရက လိုက်လျှောမည်ပုံ မပေါ်ပါ။ ဒါကြောင့် ထွက်ပေါက်ရှာဖို့ဆိုတာထက် ဖောက်ထွက်ဖို့ကြိုးစားကြပါလို့ ဦးဝင်းတင်က လူငယ်များကို သတိပေးလိုက်ပါသည်။
            ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍  " သူမသည် ပျော့ပြောင်းလိုက်လျှောမှုထက် ခေါင်းမာမှုကြောင့် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည်၊ " " အဖမ်းခံရပြီးနောက် ငြိမ်သွားသည် " သူမ၏ တိုက်ပွဲမှာ တရားထိုင်ကမ္မဋ္ဌါန်း တိုက်ပွဲအဖြစ်သို့ လွှဲပြောင်း သွားပုံရသည်။ သူမ၌ နိုင်ငံရေး နလဗိန်းတုံးဖြစ်ခြင်းနှင့် မာနကြီးဘဝင်မြင့်သည့် အကျင့်စရိုက်ရှိခြင်း ဟူသော ချို့ယွင်းချက်ရှိသည်ဟု ဆောင်းပါးရှင်များကဆိုသည်။
          ဤအချက်နှင့် ပါတ်သက်၍ ကျွန်တော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်သည် နိုဗယ်ဆုကို ထိုက်ထိုက်တန်တန်ရရှိပြီး ထင်ရှားကျော်ကြားခြင်းဖြစ်သည်။ ပျော့ပြောင်းမှု၊ ခေါင်းမာမှုနှင့် မဆိုင်ပါ။ ပျော့ပြောင်းခြင်း၊ ခေါင်းမာခြင်း တခုခုကို နေရာတိုင်း တရားသေဆုတ်ကိုင်ထားခြင်းအတွက် နိုင်ငံရေးမှာ အောင်မြင်ခြင်း၊ ကျဆုံးခြင်းများ ရှိနိုင်ပါသည်။ ဒါကိုလည်း နိုင်ငံရေး၏တိုးတက်မှု၊ ကျဆုံးမှုနှင့်သာ တိုင်းတာနိုင်ပါသည်။ ယခုထိတော့ မြန်မာအတိုက်အခံတို့၏ နိုင်ငံရေးမှာ အကြီးအကျယ်ကျဆုံးခန်းပဲ ဖြစ်နေပါတော့သည်။
        " သူမ၌ နိုင်ငံရေး နလဗိန်းတုံးဖြစ်ခြင်းနှင့် မာနကြီးခြင်း၊ ဘဝင်မြင့်သည့်အကျင့်စရိုက်ရှိခြင်း " ဟူသော ချို့ယွင်းချက်ရှိသည်ဟူသော အချက်သည် ဆောင်းပါးရှင်များ၏ ယေဘူယျဆန်သော စွပ်စွဲချက်ဖြစ်ပါလိမ့်မည်။ ဒေါ်စု၏ တိုက်ပွဲပုံစံသည် မဟတ္တမဂန္ဓီ၏ အကြမ်းမဖက် သည့်နည်းနှင့် အလွန်တူလွန်းပါသည်။ သို့သော် ဒေါ်စုသည် ဂန္ဓီမဟုတ်သလို စစ်အစိုးရသည်လည်း အင်္ဂလိပ်အစိုးရမဟုတ်ပါ။ အချိန်ကာလ သည်လည်း ဖက်ဆစ်၊ နာဇီနှင့် မဟာမိတ်တို့ရဲ့ တိုက်ပွဲကြီးကာလမျိုး(ဒုတိယ ကမ္ဘာစစ်ကာလမျိုး) လည်း မဟုတ်တော့ပါ။ ယနေ့ကာလသည် စစ်အေးခေတ်ပြီးဆုံးပြီး အကြမ်းဖက်အစွန်းရောက်၊ ကွန်မြူနစ်လက်ကျန် အရှေ့မျှော်ဝါဒကို လက်ခံလာကြသူများနှင့် ဒီမိုကရေစီ အနောက်အုပ်စုတို့၏ ရင်ဆိုင်ယှဉ်ပြိုင်ရေးကာလပင် ဖြစ်ပါသည်။ ဤအခြေခံကွာဟ ချက်များအပေါ် ဒေါ်စု ကောင်းကောင်း နားလည်ခြင်း ရှိမရှိ ဆိုတာကတော့ အချိန်က သက်သေပြနေပါသည်။ " မာနကြီးသည်၊ ဘဝင်မြင့်သည် " ဟူသောအချက်သည် ဝေဖန်သူကိုယ်တိုင်က ထိတွေ့ဆက်ဆံဖူးပြီး၊ အချစ်အမုန်းကင်းသော စိတ်ဖြင့် ဝေဖန်မှာသာမှန်ပါလိမ့်မည်။
              ဒေါက်တာသောင်းထွန်း၏ ချေပဆောင်းပါးတွင် " စစ်အစိုးရ၏ သံမဏိအုပ်ချုပ်ရေးအောက်တွင် ပြည်သူလူထုနှင့်လည်းကောင်း၊ ပြည်သူလူထုကို ဒီမိုကရေစီနည်းကျ ကိုယ်စားပြုထားသူတို့နှင့်လည်းကောင်း ထိတွေ့ဆက်ဆံနိုင်ရန် လုံးဝမဖြစ်နိုင်ပါ " ဆိုသည့် အချက် သည် အလွန်မှန်ကန်ပါသည်။ " ယင်းသို့သော အနေအထားတွင် ခိုင်မာတာရှည်ခံသော ပေါ်လစီကို သေသေချာချာဖော်ထုတ်နိုင်မည် မဟုတ်ဘဲ ပြေးရင်းလွှားရင်း ဖော်ထုတ်ရသည့် ပေါ်လစီသာ ဖြစ်နိုင်ပါမည်။ မဲဆန္ဒရှင်များ(သို့မဟုတ်) အောက်ခြေထုများနှင့် ထိုက်သင့်သော ညှိနှိုင်းတိုင်ပင်မှုပင် မပြုနိုင်ဘဲ ဖော်ထုတ်ရသည့် ပေါ်လစီ၊ အဓိပ္ပါယ် အတိအကျပြောရလျှင် ဒီမိုကရေစီမကျသည့် ပေါ်လစီသာ ဖြစ်ပါ လိမ့်မည် " ဟူသော ဒေါက်တာသောင်းထွန်း၏ ဖော်ပြချက်ကတော့ နိုင်ငံရေးမှာ သဘာဝမကျစွာ ကာကွယ်မှုဟု ယူဆပါသည်။ ဒေါ်စုကို အချုပ်ခံနေရချိန်မှာ ဒေါ်စုအနေဖြင့် မည်သည့်ပေါ်လစီမျိုးကိုမှ ချမှတ်မပေးနိုင်ပါ။ အဖွဲ့ဝင်လူကြီးများနှင့် တိုင်ပင်ခွင့်မရှိ၍ ဖြစ်ပါသည်။ သို့သော် အန်အယ်ဒီမှာ အခြေခံမူမှာ ရှိရပါလိမ့်မည်။ ဒေါ်စုအချုပ်ခံနေရလျှင် ဘာလုပ်မည်နည်း။ ဒေါ်စု မရှိလျှင် ဘာဆက်လုပ်ကြမည်နည်း။ ဒီမေးခွန်းသည် အန်အယ်ဒီ၏ အခြေခံမူကိုမေးနေပါသည်။ ဒေါ်စုကတော့ သူအဖမ်းခံရလျှင် ကျန်လူတွေ ဘာဆက်ပြီးလုပ်ရမည်လို့ အခြေခံမူတွေရှိနေတယ်လို့ မပြောခဲ့ဘူးလား။ ခိုင်မာတဲ့ အန်အယ်ဒီ အခြေခံလမ်းစဉ်ဆိုတာ ဘာလဲ။ ဒေါက်တာသောင်းထွန်းကော ဖြေနိုင်ပါ့မလား။ ဖြေနိုင်လျှင် အန်အယ်ဒီ၏ ရှေ့ဆက်လုပ်ရမည့် ပေါ်လစီ ဖြစ်လာပါလိမ့်မည်။
                    ဂါးဒီးယန်းဆောင်းပါးရှင်များအနေနှင့် ဒေါက်တာသောင်းထွန်းပြောသလို " အမျိုးသားသူရဲကောင်းမတဦးကို သိက္ခာချရေး ရည်မှန်းချက်ဖြင့် အသိအမြင် ဗဟုသုတချို့တဲ့စွာ ဝါးလုံးချီးသုတ်ရမ်းသည် " ဟုဆိုလျှင် ထိုဆောင်းပါးရှင်များ အနေနှင့် လုံးဝမကောင်းပါ။ မလုပ်သင့်ပါ။ ဒီလိုမဟုတ်ဘဲ သူတို့ရေးသားမှုတွေက သဘာဝကျပြီး မြန်မာနိုင်ငံရေးရဲ့ ချို့ယွင်းချက်တွေကို မှန်မှန်ကန်ကန် ထောက်ပြခြင်း ဖြစ်ပါက လက်ခံပြီး ပေါ်လစီကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ရန်ပင်ဖြစ်ပါသည်။
                    နောက်ဆုံးအနေနှင့် ဒေါက်တာသောင်းထွန်းက (၁၁) ရက်နေ့ထုတ် ဂါးဒီးယန်းသတင်းစာဆောင်းပါးက မည်သို့ပင် ဆိုစေကာမူ ကျွန်တော်တို့အနေဖြင့် ကိုယ့်လမ်းကိုယ်ဆက်လျှောက်မည်သာဖြစ်ပါသည် ဟု ဆိုပါသည်။ ဒီနေရာမှာ အန်အယ်ဒီကတော့ အနာဂတ်မှုန်ဝါးနေပါသည်ဟု ပြောနေချိန်တွင် ဒေါက်တာသောင်းထွန်းတို့  NCGUB က ကိုယ့်လမ်းကိုယ် ဆက်လျှောက်မည် ဆိုသည်မှာ ဘယ်လမ်းကို ဆိုလိုပါသနည်း။ NCGUB သည် ၁၈ နှစ်တာ လမ်းလျှောက်နေသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ သို့သော် ဘယ်ကို လျှောက်နေသည်။ ဘယ်ကိုဦးတည်နေသည်ဆိုတာ ကတော့မရှင်းပါ။ ဥပမာအားဖြင့် ဝါရှင်တန်လား? ပီကင်းလား? ။          ။

ဦးဖိုးသာအောင် (နော်ဝေ)

Send a message of hope and encouragement -Greetings Card Campaign 2008.

Greetings Card Campaign 2008

The annual Greetings Card Campaign brings people across the world in touch with each other in a simple way - sending a card with a friendly greeting or message of solidarity to someone who is in danger or unjustly imprisoned. These are prisoners of conscience, people under sentence of death, human rights defenders under threat because of their work, and others at risk.

Myanmar (Burma)
Min Ko Naing
(PA W U TUN)

Peaceful protester imprisoned
Political dissident Min Ko Naing was arrested and imprisoned for a third time in August 2007 after leading an anti-government protest. A prominent leader of the pro-democracy uprising of 1988, Min Ko Naing previously spent 15 years in prison, many of them in solitary confinement, for peaceful opposition to the government. He could now face up to 20 years in prison.

DETAILED CASE DESCRIPTION

Prominent activist Min Ko Naing was arrested on 21 August 2007, two days after leading a peaceful march in Yangon (Rangoon), Myanmar's largest city, to protest increased fuel prices. Later that month large-scale anti-government demonstrations were to erupt across Myanmar, the largest protests against the military junta since 1988.
He was arrested with 12 other members of the '88 Generation Students group. This group was cofounded by  Min Ko Naing in 2005 to renew the pro-democracy activities of those who took part in the 1988 protests.
A veteran campaigner, Min Ko Naing is one of the best-known political dissidents in Myanmar. As chair of the All Burma Federation of Student Unions he was at the forefront of the pro-democracy mass demonstrations that took place across Myanmar 20 years ago. These demonstrations were brutally suppressed by the military junta and an estimated 3,000 people were killed and thousands more imprisoned or 'disappeared'. For his part in the demonstrations Min Ko Naing was imprisoned for 15 years and finally released in 2004.
Since his arrest in 2007, Min Ko Naing has been detained in Yangon's Insein prison.
The first hearing of his case took place on 28 August 2008, more than a year after his arrest. He appeared in court alongside 34 others, also detained in connection with the demonstrations. All face a range of politically-motivated charges under laws that include three pieces of security legislation routinely used to prohibit and punish peaceful criticism of the government.
Conditions in Insein prison are poor and Min Ko Naing has been held in solitary confinement for over 23 hours each day. He has been suffering from an eye infection, gout and high blood pressure for which he has received inadequate medical attention. In April 2008, a specialist finally treated Min Ko Naing's eye infection, but only after after repeated delays. He told Min Ko Naing his eyesight has been affected
by his many years in damp prisons.
In June 2008 Min Ko Naing's health worsened but his request for further treatment was denied and it is unclear if he was subsequently given the necessary treatment.

Leading Mon monk passes away; funeral in Pegu Dec 27-28

Mon 22 Dec 2008, Asah, IMNA

http://www.monnews-imna.com/newsupdate.php?ID=1271

The funeral for the Mon monk Bhaddanta Kosalla, Dean of the Faulty of Pariyatti at the International Theravãda Buddhist Missionary University (ITBMU) will be held from December 27-28 at Suahkhakarroi Monastery in Pegu town, Pegu Division.

Bhaddanta Kosalla passed away on November 27th of unknown diseases while sitting in a car waiting for a train to Rangoon in Moulmein Township, Mon State. He was 68 years old.

 Bhaddanta Kosalla was in Kyaikmaraw township attending a meeting with Burma's largest union of Mon monks, known as Rhemonnya Ni Kar Ya." According to the driver of car, his supporters immediately brought his dead body to his temple for the viewing and the giving of respects.

"Currently his followers, Mon monk organizations, his students that are now studying abroad, his current ITBMU students and the Ministry of Religious Affairs are preparing for his funeral," a follower of Bhaddanta Kosalla told IMNA via phone.

His student and followers feel that they have lost a "star" of the Mon people, said ITBMU students who do not want to be identified for security reasons, who lamented the loss of someone they say excelled at teaching and literature.

"Due to expertise in literature and religion, the government brought him to ITBMU. He was excellent at teaching and we could easily understand his lessons. Even if we have a new teacher in his position, we will face difficulties because no one is as knowledgeable about literature," the ITBMU student monk added.

Bhaddanta Kosalla was born on February 17th, 1941 in Ye Township, Mon State. The date of his Higher ordination was March 25th, 1962. Bhaddanta Kosalla was highly educated, and the author of many books on Buddhism, he has been acting for SÈsana. He graduated with his B.A. from Rangoon University in 1961. He passed with DhammÈcariya (Master of Dhamma) and Vinayadhara (The Bearer of vinaya) in 1973 and 1975 respectively.

In 1985 and 1987 he obtained a Diploma in Journalism and Diploma in English (Gold Medallist) from Aquinas college Colombo. He also gained a Post Graduate Diploma in Buddhist Studies from Kelaniya University in 1985-86. In 1989, he earned a M.A. in Budhist Literature from the University of Kelaniya.

In 2001 and 2005, Burma's government conferred upon him the title "AggamahÈganthavÈcaka paÓÉita and AggamahÈpaÓdita." He was an abbot at Suahkhakarroi Monastery and the Dean of the Faculty of Pariyatti at I.T.B.M.U. until his death.

တပ်ထွက်တစ်ဦးက မူလတန်းကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်

http://www.monnews-imna.com/burmese/newsupdate.php?ID=163

Mon 22 Dec 2008, အာကာ

ရေးမြို့နယ်တောင်ပိုင်း ဟံဂံကျေးရွာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့၌ အသက် ၁၀ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူတစ်ဦး ဆရာမအိမ်၌အိပ်ပျော်နေစဉ် ၄င်းဆရာမ၏ခင်ပွန်း တပ်ထွက်စစ် သားဟောင်း၏ မုဒိမ်းပြု ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

ထိုကလေးမလေး (မိ……) မှာ အပေါင်းအဖေါ်သူငယ်ချင်း မူလတန်းကျောင်းသူကျောင်းသား ၁၅ ဦးခန့်နှင့်အတူ ၄င်း၏ ဆရာမအိမ်၌ ညစဉ်စာကျက် အိပ်စက်လေ့ရှိပြီး ဆရာမခရီးထွက်၍ ပြန်မ ရောက်သော ၄င်းည၌ အဓမ္မပြုကျင့်ခံရခြင်း ဖြစ်သည်။

ထပ်ကြပ်အဆင့်ရှိ ၄င်းတပ်သားဟောင်းမှာ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်တွင် ရေးမြို့၏မြောက် ဘက် ၂ မိုင်ခန့်၌ အခြေချထားသော ခမရ (၅၈၆) မှ အနားယူခဲ့သည့် အသက် (၃၅) နှစ်အရွယ်ရှိ တပ်ကြပ်ပြည့်စိုးဟန် ဖြစ်သည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။

ည ၁၀ နာရီ နှင့် ၁၁နာရီ အချိန်ခန့်တွင် ကျောင်းသူကျောင်းသားအားလုံး အိပ်ပျော်စဉ် ၄င်းတပ် သားဟောင်းမှာ ကျောင်းသူများအကြား၌ အိပ်မွေ့ကျနေသော ကလေးမကို ၄င်း၏အိပ်ခန်းသို့ ပွေ့ချီ၍ ဖျက်ဆီးခဲ့ကြောင်း၊ ကလေးမလေးမှာ ကြောက်လန့်ဇောနှင့် ခေတ္တမျှ မေ့မျောခဲ့ရကြောင်း မြေးမလေး၏ ပြောပြချက်ကို အဖွားဖြစ်သူက ပြန်လည်ပြောပြခဲ့သည်။

''အဲဒီညက အမေတို့ ဘာမှမသိလိုက်ရဘူး။ နက်ဖြန်ခါ (ဒီဇင်ဘာ ၁၅ ရက်နေ့) မှာလည်း အမေ့ မြေးကကြောက်ပြီး ဘာမှပြန်မပြောဘူး။ နေမကောင်းဘူးဆိုပြီး ကျောင်းမတက်နိုင်တာလောက်ပဲ ပြောတယ်။ မိုးချုပ်စ အချိန်လောက်မှာ အဲဒီကောင်က စာကျက်ချိန်မှာ အိမ်မရောက်ဘူးဆိုပြီး  အ မေ့မြေးကို လာခေါ်တယ်။ အဲဒီကောင်ကိုမြင်တော့ အမေ့မြေးက အိမ်ထဲဝင်ပုန်းတယ်။ ကလေးအမူ အရာပျက်နေတော့ အမေက ကလေးကိုမေးတာပေါ့၊ အဲဒီတော့မှ အားလုံးသိလိုက်ရတယ်။ နောက် တော့ ရယက ကို တိုင်လိုက်တယ်'' ဟု အသက် ၅၆ နှစ်အရွယ်ရှိ အဖွားဖြစ်သူက ငိုရှိုက်ရင်း ပြောသည်။

ဒီဇင်ဘာ (၁၅ ရက်နေ့ည) တွင် ၄င်းတပ်သားဟောင်းအား ဖမ်းဆီးပြီး ကျေးရွာ ရယကရုံး၌ ၆ ပေါက်သွင်းထားခဲ့သော်လည်း လူတစ်ဦးတစ်ယောက်က လွှတ်ပေးခဲ့၍ လွတ်မြောက်သွားခဲ့ ကြောင်း၊ ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ၄င်းလွတ်မြောက်သည့်အဖြစ်ကို ရွာသားများသိရှိပြီး ပြန်လည်ဖမ်းဆီးပေးရန် ရယက ဥက္ကဌသို့ တောင်းဆိုခဲ့ကြောင်း၊ နေ့လည်ချိန်ခန့်တွင် ရွာနှင့် ၆ မိုင်ခန့်ဝေးသော ရေးမြို့မီးရထားဘူတာရုံ၌ ၄င်းအားပြန်လည်ဖမ်းဆီးမိခဲ့ကြောင်း ရွာသားတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့တွင်ပင် ကျောင်းသူလေးအား ရေးမြို့ပြည်သူ့ဆေးရုံ၌ ဆေးစစ်အတည်ပြုချက် ရယူပြီး တပ်ကြပ်ဟောင်းပြည့်စိုးဟန်အား ရေးမြို့ မြို့မရဲစခန်း၌ ဖမ်းဆီးထားခဲ့သည်ဟု ၄င်းရွာသား က ပြောသည်။

ကျောင်းသူလေး (မိ……) ၏ မိဘများမှာ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြပြီး ၄င်းမှာ မောင်ငယ် တစ်ဦးနှင့်အတူ အဖိုးအဖွား၏အိမ်၌ မှီခို၍ ကျောင်းတက်နေရသည်။

''ဒီကလေးမလေးက ရုပ်ရည်လေးသနားကမားနဲ့၊ မိဘတွေကလည်း ဒီမှာမရှိ။ အဖိုးအဖွားတွေက လည်း ဆင်းရဲဆိုတော့ သိပ်သနားဖို့ကောင်းတာပဲ။ ခုဆိုအပြင်လည်းမထွက်ရဲ။ ကျောင်းလည်းမ တက်ရဲတော့ဘူးဆိုတော့ ပညာရေးနဲ့လည်း ဝေးပြီပေါ့'' ဟု ရွာသူတစ်ဦးက ပြောသည်။

ကျောင်းသူလေးမှာ အဓမ္မပြုကျင့်ခံရပြီးနောက် ရှက်စိတ်ဖြင့် ကျောင်းထွက်လိုက်ရပြီး အိမ်ပြင်သို့ ပင် မထွက်ရဲကြောင်း အိမ်နီးချင်း တစ်ဦးက ပြောသည်။

''အမေတို့က ကျောင်းမထွက်စေချင်ပါဘူးကွယ်။ ဒါပေမယ့် ပတ်ဝန်းကျင်က အမေ့မြေးလေးအပေါ် မျက်စိထောင့်ထောက်ကြည့်တဲ့ အဖြစ်မျိုးကို အမေမမြင်ရက်ဘူး၊ ဘာပြောရမှန်းတောင် မသိတော့ ပါဘူးကွယ်၊ အဲဒီကောင်ကိုပဲ သတ်သာသတ်ပစ်လိုက်ချင်တယ်'' ဟု အဖွားဖြစ်သူက နာကြည်း သော ဒေါသမျက်ရည်ဖြင့် ပြောသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,22th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )Doctors name top 10 humanitarian crises of 2008

( 2 )Japan To Take In Myanmar Refugees

( 3 )North Korean refugees face trial in Myanmar

( 4 )North Korean defectors to be tried in Myanmar

( 5 )လေလေးအကူအညီ ဆန်များ အလွဲသုံးစားမှု ထင်ရှားနေပါလျှက် အရေးမယူ

( 6 )ဦးဝင်းတင်နှင့် လူငယ်များက နိုင်ငံရေး အကျဉ်းသား မိသားစုများကို တွေ့ဆုံအားပေး

( 7 )Myanmar to grant surplus rice export through border trade

( 8 )ဦးဝင်းတင်နှင့် အဖွဲ့ချုပ်လူငယ်များကို အာဏာပိုင်များက လိုက်လံနှောက်ယှက်

( 9 )Leading Mon monk passes away; funeral in Pegu Dec 27-28

VOB December Issue

A gift for Burma

တိုကျို ဘုန်းကြီးကျောင်းရန်ပုံငွေပွဲ

အရှင်ဂမ္ဘီရ - ရွှေဝါနဲ့ ရွှေမြန်မာကို အလှဆင်စေခဲ့သူ

ကိုမော်

ရွှေဝါရောင်ကို ဦးဆောင်ရာမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တပါးလည်းဖြစ်၊ သံဃတပ်ပေါင်းစုအဖွဲ့ကြီးရဲ့ ခေါင်းဆောင်တပါးဖြစ်သူ အရှင်ဂမ္ဘီရ ဖမ်းဆီးအကျဉ်းချ ခံထားရတာဟာ နိုဝင်ဘာလ ၄ ရက်နေ့မှာ တနှစ်တင်းတင်း ပြည့်သွားခဲ့တယ်။ အရှင်ဂမ္ဘီရဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင်း တနေရာမှာ ဖခင်ဖြစ်သူနဲ့အတူ အာဏာပိုင်တွေရဲ့ လက်ပါးစေတွေက ရိုက်နှက်ဖမ်းဆီးတာကို ခံခဲ့ရသူပါ။

တကယ်တော့ သူဟာ သက်တော်အားဖြင့်လည်း ၂၉ နှစ်သာရှိသေးတဲ့ ငယ်ဖြူ စာသင်သား သံဃာတော်တပါးပဲ ဖြစ်ပါတယ်။ သိုပေမယ့် မျက်မှောက်ကာလ ဒကာ၊ ဒကာမတွေ ခံစားကြုံတွေနေကြရတဲ့ အခက်အခဲ၊ အကျပ်အတည်း မျိုးစုံရဲ့ အခြေခံဇစ်မြစ်ဟာ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ တဖက်သတ် ဗိုလ်ကျ အနိုင်ကျင့်နေတာတွေကြောင့်ပဲ ဖြစ်တယ်လို့ သိမြင်နားလည်လာတဲ့ အချိန်မှာတော့ လျစ်လျူရှု မနေနိုင်တော့ဘဲ မိမိနဲ့အတူ တခြား ရဟန်း သံဃာတော်များကပါ ပူးပေါင်းပါဝင် ဖြေရှင်ပေးနိုင်ဖို့အတွက် စာသင်သား လောကကို စွန့်ခွာပြီး ကြိုးစား အားထုတ်ခဲ့ပါတော့တယ်။ အခုဆိုရင် သံဃာ့သမိုင်းမှာ ကဗ္ဗည်းထိုးရမယ့် သံဃာတော်များ မေတ္တာပို့သ ဆန္ဒပြမှုကြီးဟာလည်း ၀င့်ဝင့်ကြွားကြွားနဲ့ ဂုဏ်ပြောင်နေဆဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အရှင်ဂမ္ဘီရကတော့ အကျဉ်းထောင်မှာ အကျဉ်းစံနေရပါတယ်။ ပြီးခဲတဲ့ စက်တင်ဘာလ ၁၀ ရက်နေ့တုန်းက မိသားစုဝင်တွေ အဖမ်းခံရတာရယ်၊ စက်တင်ဘာ နှစ်ပတ်လည် နေ့ရယ်ကြောင့် အရှင်ဂမ္ဘီရဟာ စိတ်ဖိစီးမှုဒဏ်တွေကို ပြင်းထန်စွာ ခံစားနေရတဲ့ ကာလမှာ အကျဉ်းထောင်တွင်း တာဝန်ရှိတဲ့ ရဲမှူးတွေ လာကပ်တဲ့ နွားနို့ကို ဘုန်းပေးမိတဲ့အတွက်လည်း အဲဒီနေ့မှာပဲ ၃ ခါ အန်ပြီး ဆေးရုံတင်လိုက်ရတယ်လို့ သိရတယ်။( ဆက်ဖတ်ရန် ) အဖမ်းဆီးခံရခြင်း တနှစ်ပြည့် နှစ်ပတ်လည်ကာလမှာကို အရှင်ဂမ္ဘီရဟာ အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေး ဆိုးဝါးစွာ ခံစားနေရလေရဲ့။ ဆေးရုံတက်ပြီးမှ သိရတဲ့ ကျန်းမာရေး အခြေအနေတွေက အကြောင်းအရာ တခုခုကို စဉ်းစားလိုက်ရင် ခေါင်းကိုက်တယ်၊ ဇက်ကြောတွေ တက်လာတယ်၊ ဘာကိုမှ လေးလေးနက်နက် စဉ်းစားလို့ မရဘူး ဖြစ်သွားတဲ့အပြင်ကို လူကလည်း ပိန်ချုံးကျသွားလိုက်တာ အရိုးပေါ် အရေတင်ပါပဲလေ။ ဒိအပြင်ကို ထူးဆန်းတာက ထောင်ဝင်စာ ပုံမှန်တွေ့နေတဲ့ အမတော်ကြီးကို တခါမှ မပြောဘူးခဲ့တဲ့ ''နိုင်ငံရေး မလုပ်ပါနဲ့၊ ပေါက်မြို့မှာပြန်ပြီး အေးအေးဆေးဆေး နေပါ၊ သူကိုလည်း ထောင်ဝင်စာ တွေ့မနေပါနဲ့တော့'' အစရှိတဲ့ စိုးရိမ်တဲ့ စကားလုံးတွေနဲ့ ခဏခဏ ထပ်မှာနေတဲ့အပြင် ပုံစံကလည်း အရမ်း စိုးရိမ်စိတ် ကြီးနေတဲ့ ပုံပဲလို့ ကြားသိရတော့ စာရေးသူအနေနဲ့ အတော့်ကို အံ့သြမိသွားပါတယ်။

ဘာကြောင့်လဲဆိုတော့ စာရေးသူနဲ့ အရှင်ဂမ္ဘီရနဲ့ အနီးကပ်နေခဲ့ဖူးတော့ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်ပုံတွေကို မျက်မြင်ကိုယ်တွေ့ သိရှိထားရသူ ဖြစ်နေတဲ့အတွက် အံ့သြမိတာပါပဲ။ သူနဲ့ စကားပြောလိုက်မှဖြင့် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းကကို လွတ်တယ်မရှိဘူး။ သူ စဉ်းစားတွေးခေါ်နေတဲ့ အကြောင်းအရာ မှန်သမျှဟာလည်း မြန်မာပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ နည်းလမ်းတွေပါပဲ။ ဒါမှ နှစ်ဦးနှစ်ဖက် မနစ်နာစေဘဲ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်မယ်လို့ သူကိုယ်တိုင် ခံယူထားပြီး ကြိုးစားနေတယ်ထင်ရဲ့။ အရှင်ဂမ္ဘီရရဲ့ ဘွဲတော်အရင်းက စန္ဒောဘာသ။ သူ့ကို သူငယ်ချင်း အပေါင်းအသင်းတွေက ဗိုလ်စံ ဘာတွေလုပ်နေတုန်းဗျလို့ မေးတဲ့အခါတိုင်း သူ ပြန်ဖြေလေ့ရှိတာက ''တပည့်တော် ဗုဒ္ဓအလိုတော်ကျ ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ ဆိုတဲ့အလုပ်တွေကိုပဲ ပုံမှန်လုပ်ဖြစ်နေပါတယ် ဘုရား'' တဲ့။

အရှင်ဂမ္ဘီရဟာ အဲသလို ရည်မှန်းချက်ကြီးမားသလို စိတ်ထားကလည်း ဖြုစင်သန့်ရှင်းရုံမက ပေးဆပ်မှုတွေကလည်း များပြားလှပါတယ်။ သို့ပေမယ့်လည်း သူ ပြန်လည်ရရှိတဲ့ ခံစားပိုင်ခွင့်တွေကျတော့ အဘက်ဘက်က နိမ့်ကျလှပါတယ်။ စာရေးသူတို့ ရန်ကုန်ကို အရှင်ဂမ္ဘီရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပထမဦးဆုံးအကြိမ် ရောက်တုန်းကဆိုရင် အောင်မင်္ဂလာ အဝေးပြေးကွင်းကို လာကြိုတဲ့ အရှင်ဂမ္ဘီရရဲ့ ပုံစံဟာဖြင့် အတော့်ကို ဘ၀င်ကျစရာ မကောင်းလှပါဘူး။ ဆံပင်က လက်မ၀က်သာသာ ရှည်ပြီး၊ ထိုင်းပိုး သင်္ကန်းကို ဂျွတ်တက်အောင်ဝတ်ထားကာ ပိုးလွယ်အိတ် ခပ်ညစ်ညစ်ထဲမှာ ပစ္စည်းအပြည့်ထည့်ပြီး လွယ်ထားတဲ့ သူ့ပုံစံလေးကို ခုထက်ထိ မြင်ယောင်နေမိပါသေးတယ်။ အဲဒီတုန်းကဆို ''ဒီဘုန်းကြီးကွာ ဘုန်းကြီးမပီသဘူး။ တော်တော်ကို ပေတိပေစုတ် နိုင်တာပဲ'' လို့ပြောကြတာတွေ ကြားဖူးပါရဲ့။

ရေနံချောင်းမြို့ ဆိုတာကလည်း ရေနံချောင်းသား စကားငှားသုံးရရင် "အစိုးရက အညိုရောင်ဆိုလား၊ အမဲရောင်ဆိုလား။ အဲသလိုသတ်မှတ်ပြီး ဘာတခုမှ ဖွံ့ဖြိုးအောင် ဆောင်ရွက်မပေးလို့ မြို့က စုတ်ခြာခြာဖြစ်နေတာတဲ့" တကယ်တော့ ရေနံချောင်းဆိုတာက အချက်အချာကျတဲ့ သမိုင်း အစဉ်အလာကြီးမားတဲ့ မြို့တမြို့ဖြစ်ပြီး နိုင်ငံရေးအရလည်း တက်ကြွမှုအပြည့်ရှိတဲ့ မြို့ပဲကိုး။ အဲသလို အသင့်အတင့် ပြည့်စုံနေတဲ့ စာသင်သားတွေဆိုတော့ အရှင်ဂမ္ဘီရရဲ့ အပေါ်ယံ ရုပ်ပုံလွှာကိုကြည့်ပြီး အတင်းပြောတာ (တနည်း) သုံးသပ်တာ ဖြစ်လေ့ဖြစ်တာရှိတဲ့ သဘာဝတခုလိုပါပဲ။ ဒါပေမဲ့ သူနဲ့ စကားပြောလိုက်မှဖြင့် လူပုံစံ စုတ်ခြာခြာ နိုင်သလောက် စကားအရာ၊ ဒီထက် ချုံ့ပြောရရင် စိတ်ထားအရာမှာကျတော့ သိက္ခာအပြည့်ပဲ ဖြစ်နေလေတော့ မလေးစားဘဲ ဘယ်နေနိုင်တော့မလဲ။

အံ့သြတကြီးကို ဖြစ်ခဲ့ရတာပေါ့။ ဒီထက် အံ့သြစရာကောင်းတာက သူ့မှာ အဲဒီ သင်္ကန်းတစုံနဲ့ ရေလဲစရာ သင်းပိုင်တထည်၊ တခြား ကိုယ်ပတ် သင်္ကန်းလေးတထည်သာ ရှိတာကြောင့် အဲဒီသင်္ကန်းကို လျှော်လိုက်မှဖြင့် သူ အပြင်ထွက်ဖို့ အဆင်မပြေနိုင်ပဲ ဖြစ်သွားပြီး အလုပ်တွေ နှောင့်နှေးကုန်မှာကို ငဲ့ညှာနေတာကြောင့်ပဲလို့ စာရေးသူ နားလည် သဘောပေါက်လိုက်ချိန်မှာတော့ တကယ့်ကို လေးလည်းလေးစား၊ သနားလည်း သနားမိတော့တာပါပဲ။ သူဟာ စာသင်သားတို့ ရသင့်ရထိုက်တဲ့ လာဘ်လာဘတွေ မရရှိတော့တဲ့အပြင် အရင် ရှိရင်းစွဲကျောင်းမှာ ရှိပြီးသား အသုံးအဆောင်လေးတွေကိုတောင်မှ လုံခြုံရေးအရ ဂရုမစိုက်နိုင်အားတော့ဘဲ ရှိသမျှနဲ့ ရောင့်ရဲပြီး နိုင်ငံအရေး အားထုတ်တော်မူတာပါ။ အဲဒီလို ဘ၀ဖြတ်သန်းမှုရဲ့ ဒဏ်တွေကို ကြံ့ကြံ့ခံပြီး နိုင်ငံအရေး အားထုတ်၊ အားပေးခဲ့တဲ့ ကိုယ်တော်ဟာ အခုတော့ သူ့အမကို နိုင်ငံရေးမလုပ်ဖို့ တားမြစ်နေတယ်ဆိုတော့.. ။

ဒါနဲ့ ဇနီးသည် (အရှင်ဂမ္ဘီရရဲ့ အမတော်အငယ်) ကို အရှင်ဂမ္ဘီရအကြောင်း စေ့စေ့စပ်စပ် မေးကြည့်တော့မှ အရှင်ဂမ္ဘီရဟာ ကိုယ်တိုင်ခံစားရတဲ့ အခက်အခဲ ဒုက္ခတွေကို ဂရုစိုက်လေ့ မရှိပေမယ့် သူ့ကြောင့် သူ့ရဲ့ မိသားစု၊ ဆွေးမျိုးညာတိ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်လာရင်တော့ စိုးရိမ်စိတ် အလွန်ကြီးမားသူဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့ရတယ်။ ဒါကို ကောင်းကောင်း သဘောပေါက်နေတဲ့ အာဏာပိုင်တွေကလည်း အရှင်ဂမ္ဘီရကို ဖိအားပေးသတဲ့။

စာရေးသူနဲ့ ဇနီးသည်ဖြစ်တဲ့ အရှင်ဂမ္ဘီရရဲ့ အမတော်အငယ်တို့ ရှောင်တိမ်းနေရတဲ့ကာလမှာ အမတော်အငယ်ဖြစ်သူနဲ့ သူ့အမျိုးသားကို ဖမ်းဆီးထားပြီးဖြစ်ကြောင်းကို နေ့ရက်အတိအကျ၊ အချိန်၊ နေရာ၊ လက်ရှိ ချုပ်ထားတဲ့ အဆောင်နံပါတ် အစရှိတဲ့ အချက်အလက်တွေနဲ့ အယုံသွင်းတဲ့အပြင် ညီတော်ဖြစ်သူနဲ့ အမတော်အကြီးရဲ့ အမျိုးသားဖြစ်သူ နှစ်ဦးစလုံးကို တပြိုင်နက် ဖမ်းပြလိုက်တော့ မိသားစုကို သံယောဇဉ်ကြီးပါတဲ့ အရှင်ဂမ္ဘီရ ဘယ်လိုခံစားနေရမလဲ တွက်သာကြည့်ပါတော့လေ။ ဒီ့အပြင် အမတော်ဖြစ်သူကလည်း မွေးခါနီးဖွားခါနီး ကိုယ်ဝန်ဆောင် မိခင်လောင်း ဖြစ်နေပြီး၊ မိဘနှစ်ပါးက ဆိုရင်လည်း အသက် ၇၀ ကျော်မှ ဆေးပေးမီးယူ အားကိုးစရာ သားသမီးတွေ တယောက်မှ အနားမှာ မရှိဖြစ်နေတာကို အရှင်ဂမ္ဘီရ ဘယ်လိုလုပ် မေ့ထားလို့ ရနိုင်ပါ့မလဲ။

သို့ပေမယ့် အရှင်ဂမ္ဘီရဆိုတဲ့ သံဃာ့အာဇာနည် ခေါင်းဆောင်တပါးဟာ နအဖ ထံ ဒူးထောက်ပြီး အဓမ္မကို ဘယ်တော့မှ အားပေးအားမြှောက် လုပ်မှာမဟုတ်ဘူး ဆိုတာကတော့ အသေအချာပါပဲ။ အရှင်ဂမ္ဘီရ ဖမ်းဆီးခံရခြင်း နှစ်ပတ်လည်မှာ အရှင်ဂမ္ဘီရကို ဒီစာလွှာနဲ့ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။

ကိုမော် (စာရေးသူသည် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာသူ ဖြစ်သည်။)

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.