Tuesday, December 30, 2008

[မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ်] 1 New Entry: ၂၀၀၉ ခုနှစ် အတွက် ၉၀၀၂ ယောက်

၂၀၀၉ ခုနှစ် အတွက် ၉၀၀၂ ယောက်

Happy New Year 2009
၂၀၀၉ က ၉၀၀၂ နဲ့ အပြန်အလှန်လေ .. အဲဒါ ကက်ကင်းပေါ့.





" Cheers . . . . ကျန်းမာ ၊ စော်ကြည် ၊ အာရကေ ရွှင် ပါစေ . .

" နှစ်သစ်ကူး အကြို . . Cheers . . . Ccchhheerrrsss. ."

" တူးသောင်ဇင်အိတ် ကုန်လို့ နိုင်းတောင် ရောက်တော့မယ် . . ဟောကိန်းတွေ ဖြစ်မလာသေးပါလားဗျ. . ."

" ဖြစ်တဲ့ဟာတွေ ဖြစ်ပါတယ်ဗျာ . . . ဂျူလိုင်လအတွင်း အုပ်ချုပ်သူ ပြောင်းလဲမည် ။ သွေးခြောင်းစီးမှုများ မရှိ ဆိုတဲ့ဟောကိန်းအတိုင်း အထက်ပိုင်းတွေ ပြောင်းခဲ့တာပဲလေ. . . သွေးတောင်မထွက်ဘူး . .ကွက်တိပဲ "

" ကျန်တဲ့ ဟောကိန်းတွေ ဘယ်နားသွားထားမလဲ . . . နည်းနည်းတော့ လွဲနေတယ်နော် ၊ လမ်းညွန်ချက်တွေ ၊ မြေပုံတွေ ပြိုကွဲမယ်ဆိုလား ဘာဆိုလား . . ပြိုကွဲဖို့ နေနေသာသာ ၂၀၁၀ မှာ . . . "

" ဟာဗျာ . . ခင်ဗျား တော်တော်စားတာပဲ . . . အိမ်မှာ ချက်ထားတဲ့ဟင်းတွေအကုန် စားချင်တာ စားသွားဗျာ . . အုန်းတော့ လာ မစားနဲ့ . . ."

" မဖြစ်လာလို့ မဖြစ်ဘူး ပြောတာ မှားလား ကိုယ့်လူရာ "

" ဂယ်လီလီယို ရဲ့  လောအော့်ဖ် အီနားရှား ( law of inertia) ဆိုတာ ရှိတယ်ဗျ . . .အဲဒီ ဥပဒေသက ဘာပြောသလဲဆိုတော့ ...အေ ဘော်ဒီ ၀ယ်လ် ပရိဆာဗ် အိစ် ဗွီလော်စီတီ အင်န် ဒါရိုက်ရှင် စိုးလောင်း အတ်စ် နိုး ဖို့ စ် အင် အိစ် မိုးရှင်းဇ့်  ဒါရိုက်ရှင် အက်တ်စ် အွန် အိတ် .. တဲ့။ အရာဝတ္တု တစ်ခုဟာ တစ်ခြား အင်အား တစ်ခု သူ့ အပေါ်ကို မသက်ရောက် မချင်း သူ့  ဦးတည်ရာ ကို သူ့ အရှိန်နှုန်း အတိုင်း ဆက်ပြီး ဒိုးနေမယ်တဲ့ .. .

နယူတန်ရဲ့  လောအော့်ဖ် မိုးရှင်း ၃ခု ကလည်း ဆိုထားသေးတယ် . . တတိယ ဥပဒေသကို အရင်ပြောမယ် ..အက်ရှင်တိုင်းမှာ တန်ပြန်သက်ရောက်မှု ရီအက်ရှင် ဆိုတာ ရှိတယ်တဲ့. . . ပထမဥပဒေသက အပြင်က အားတစ်ခု မသက်မရောက်မချင်း အရာဝတ္ထုတစ်ခုဟာ သူ့  မိုးရှင်းအတိုင်း တည်မြဲနေမယ်တဲ့ .. ရပ်နေရင် ရပ်နေမယ် .. ဒိုးနေရင် ဆက်ပြီး ဒိုးနေမယ်ပေါ့ဗျာ .. .

အဲဒါကြောင့် ဟောကိန်းတွေက ပြောနေပေမဲ့ . . အီနားရှားတို့ .. မိုးရှင်းတို့ က ကျန်နေသေးတော့ အရှိန်မကုန်သေးဘူး.. ကားစီးသလိုမျိုးပေါ့ . . ကားက အရှိန်နဲ့ အရှေ့  ဖက်ကို မောင်းနေတုန်း ရုတ်တရက် ဘရိတ် ဆွဲအုပ်လိုက်ရင် ကားပေါ်မှာ ပါတဲ့သူတွေ အရှေ့  ဖက်ကို ယိမ်းယိုင်ပြီးမှ ရပ်သွားသလို မျိုးပေါ့ . . အဲဒါ.. အဲဒါ ပြောချင်တာ ..."

" ဒါဆိုရင် အရှိန်မသေသေးဘူး ဆိုတဲ့ သဘောပေါ့ . .နင့်ဟာကလည်း ဟောကိန်းက အရှိန်မသေသေးလို့ နည်းနည်းစောင့်ရမလို ဖြစ်နေပြီ"

" ဟင်းဟင်းဟင်း . . . ခင်ဗျားက အဲဒီ ဟောကိန်းတွေကို သေချာမဖတ်လို့ ဗျ.. . ပြောရရင် အဲဒီ ပညာရှင်တွေ တစ်ယောက်မှ မမှားဘူး.."

" ဒီလောက် လွဲနေတာကို . . မုန်လာဥ လုပ်ချင်နေသေးတယ်"

" သြော် . .ခက်ပါလား . . လာမယ့် ၂၀၁၀ မှာ အရပ်သား အစိုးရပြောင်းမယ်ဆိုတာ အာဏာလက်လွှတ်တာ မဟုတ်လို့ ဘာလဲ . . လူထုခေါင်းဆောင် နဲ့ အစိုးရ ခေါင်းဆောင်ပိုင်းတွေ ဆွေးနွေးကြမယ်ဆိုတာလည်း လူထုကို အုပ်ချုပ်နေတဲ့ အရပ်သားတာဝန်ယူ အစိုးရ နဲ့ စစ်တပ်ကို အုပ်ချုပ်နေတဲ့ စစ်တပ်ကိုတာဝန်ယူတဲ့ အစိုးရ ခေါင်းဆောင်ပိုင်းတွေ လစဉ်ဆွေးနွေးနေကြတာပဲလေ. . အနားယူတာတွေရှိမယ်ဆိုတာလည်း ဟုတ်နေတာပဲ . . တာဝန်ရပ်စဲပြီး အရပ်ဖက်ပြောင်းသွားတာလေ. . အုပ်ချုပ်သူ အကြီးအကဲ နောက်ဆုံးနေ့ ကလည်း ...."

" ဟာဗျာ.. ခင်ဗျားဟာက တစ်မျိုးကြီးပါလား .. သူများတွေ ထင်သလိုမျိုးလဲ မ. မ. မဟုတ်..ဟုတ်"

" ဟောကိန်းဗျ .. ဟောကိန်း .. အကြားအမြင်ပေးနေတာမှ မဟုတ်တာ . . . ကားထွက်ခြင်လို့  ဓာတ်ရိုက်ဓာတ်ဆင်လုပ်လိုက်တယ်. . ဈေးကြီးပေးပေး ၊ ဈေးနည်းနည်းပဲပေးပေး ကားထွက်သွားတာပဲလေ. . . ဓါတ်တိုင်ဝင်တိုက်လို့ ဝပ်ရှော့ရောက်သွားတာလဲ ကားထွက်သွားတာပဲ . . . ကားကို အသိက တစ်လလောက် အသုံးလိုတယ်ဆိုပြီး ချောဆွဲသွားတာလည်း ထွက်တာပဲ . .အခုဟောကိန်းမှာ ပါနေတဲ့ ကံဇာတာ အပြီးအပိုင်မှေးမှိန်သွားနိုင်သည် တို့ .. နောက်ဆုံးနေ့ တို့ ဆိုတာကလည်း ဖြစ်လာမှာပေါ့ . . ရက်အတိအကျနဲ့ တွက်ပြထားတော့ အဲဒါလေးကိုပဲ ထောက်ပြစရာဖြစ်တာပေါ့ . . ဆရာတွေက ၂၀၀၈ ဟောကိန်းဆိုပြီး မြန်မာသက္ကရာဇ် နဲ့ တွက်ထားရင် ဘယ့်နှယ်လုပ်မလဲ .. မြန်မာကောဇာက ဧပြီ လ ၁၆ အထိ အကြုံးဝင်တယ်လေ . . နောက်ထပ် ၃ လ ကျော်ကျော်ကြီးများတောင် ကျန်သေးတာပဲ ... "

" စောင့်နေတာ ကြာလှပေါ့ . . . မျိုးဆက်တစ်ဆက်မကတော့ဘူး .. မျိုးဆက်တစ်ဆက်ဆိုလို့  . . ဟိုတစ်လောက ၁၁ မီးငြိမ်းအောင် လုပ်တာဆို ပြီး. . ၉၀၀၂ ယောက်လွှတ်တာ ၊ ၆၅ နှစ် . . ၆၅ နှစ်နဲ့  ဆိုပြီး လုပ်တာ ၁၁ ဆိုပြီး ၀က်ဆိုက်ဒ်မှာတောင် ဖတ်လိုက်ရသေးတယ် ."

" လုပ်ပေါ့ .. ရှင်တို့ က ရဲတွေကိုး ဆိုသလို ဖြစ်နေပြီ . . ၁၁ မီးငြိမ်းချင်လို့  လည်းဖြစ်ရင်ဖြစ်မှာပေါ့ .. စက်တင်ဘာ နှစ်ပတ်လည် မတိုင်ခင် ငြိမ်းချင်လို့ လည်း နေမှာပေါ့ .. အဲဒီအခါပေးဆရာကတော့ ကက်ကင်း ကိုင်တာ နေမှာပေါ့ . .၉၀၀၂ ကို "

" ၉၀၀၂ ကို ဘယ်လို ကက်ကင်း ကိုင်တာလဲ"

" အခု လာမဲ့ ၂၀၀၉ က ၉၀၀၂ နဲ့ အပြန်အလှန်လေ .. အဲဒါ ကက်ကင်းပေါ့. .. ၆၅ ဆိုတာကလည်း န၀င်းတွဲ ကိုက်အောင် လုပ်တာပေါ့ဗျာ.. မုန်တိုင်းတိုက်ပြီးတော့ အင်ကြင်းပန်းထွက်တယ်လေ . . အင်ကြင်း ဆိုတာ နေကြတ်တာ .. လကြတ်တာကို ပြောတာ ။ အဲဒါကို ဓာတ်တိုင် (အင်္ဂ၀ိဇ္ဖာအခါတိုင်) ထူပြီးတော့ အခါပေးတာပေါ့ဗျာ . .



အဲဒီပုံမှာ ဆရာဇေယျာမောင်က ၀၆ ဟာ နောင်အနာဂါတ်မှာ ဖြစ်လာမဲ့ အကျိုးတရားလို့  ဟောကိန်းထုတ်ထားသဗျား. . . အဲဒါနဲ့ တစ်ဆက်တည်း တရုပ်ငလျင်လှုပ်တော့ တရုပ်က ဟူကျင်းတောင် (၀၆ - ၆၀) ဆိုတဲ့ ဟာကြီး ပေါ်ထွက်လာတာပဲ ... ၀၆ က ပြီးသွားပြီလား မပြီးသေးဘူးလားတော့ အခုထိ ဇဝေဇ၀ါပဲ . . အဲဒါနဲ့ တစ်ဆက်တည်း မှာပဲ ဟို အခါပေးဆရာက နေလကြတ်တဲ့ ၂၁ ကို ယူပြီး အခါပေးတော့ ၆၅ ကို ကိုင်ပြီး ပေးတာနေမှာပေါ့ ဒါကြောင့် ၆၅ ဆိုပြီး ဖြစ်ကုန်တာ . . သိတယ်မဟုတ်လား .. ပညာက သူ့ ဟာသူရှိနေတာ .. ကောင်းတဲ့သူ လက်ထဲ ရောက်ရင် ကောင်းသလို ဖြစ်မှာပေါ့.. မကောင်းသူလက်ထဲရောက်ရင် မကောင်းသလို အကျိုးပေးတာပေါ့ . ။

" အဲဒီ အခါပေးဆရာတော့ ဖင်ကောင်းလို့ ဒုတ်တောင်းနေတယ် ထင်တယ် . . ဒုတ်ကြီးကြီးနဲ့  အဆော်ခံချင်နေသလားမသိဘူး . . ဘယ့်နှယ် . . . သူများနိုင်ငံတွေမှာ life for jail ဆိုရင်တောင်မှ အနှစ် ၂၀ လောက်ပဲ ရှိတာ .. သူလုပ်မှ ၆၅ တဲ့ .. ကြား..ကြားဖူးပေါင်"

" ဟဲဟဲ . . . အရင်တုန်းက အကြံပေးဆရာက ကြက်ဆူ စိုက်ခိုင်းတာလေ . . ဘဲကြီး ထိသွားတယ်. . . ပညာစကားအရ ပြောရရင် ဘဲကြီး ဓာတ်ထိသွားတာပေါ့ဗျာ . . ပင်းယ ဇောက်ထိုးကိန်း မိသွားလို့  ထော့နဲ့ ထော့နဲ့  ဖြစ်သွားတာ မြင်တယ်မဟုတ်လား အခု ဆရာက အရင်ဆရာထက် ပိုထက်တယ်ထင်တာပဲ . . ကြက်ဆူတွေ ပြန်နှုတ်ခိုင်းနေတယ်. . . . မြန်မာနိုင်ငံအတွက်ကတော့ ၂၀၀၉ ကတော့ ကက်ကင်းနဲ့ ကြိုနေတဲ့ ၂၀၀၉ ဖြစ်နေပြီပေါ့ဗျာ . . .


You received this email because you are subscribed to the real_time feed for http://mmastrology.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.