Tuesday, December 30, 2008

[My Burmese Blog] 1 New Entry: My First MacBook

My First MacBook

macbook

မနေ့က singapore ကနေ Apple MacBook ရောက်လာပါတယ်။ Christmas present ပေါ့ အမေက ၀ယ်ပေးတာပါ။ ၀ယ်လိုက်တာက အရင် ကျွန်တော်ရေးခဲ့တဲ့ 13-inch new MacBook ပါ။ Oct 14 ရက်နေ့က Apple က စဖြန့်ပါတယ်။ အခု ၀ယ်လိုက်တဲ့ တစ်ခုက 2.0 GHz Core 2 Duo, 4 GB DDR3 RAM, 160 GB HD, Nividia Geforce 9400 ပါပါတယ်။ အမှန်တော့ စင်ကာပူက အကိုကို ၀ယ်ခိုင်းတာ 2GB RAM ပါ အကိုက ဆက်မြင့်ရင် ဈေးသက်သာတယ်ဆိုပြီး 4GB အထိမြင့်လိုက်တာပါ။

ကျွန်တော်ရဲ့ ပထမဆုံး notebook ပါ။ အခုတော့ သုံးရတာ တော်တော် နှစ်သက်ပါတယ်။ aluminum body က heat မတက်တာကတော့ သဘောကျစရာပါ။ နောက် battery time က 3 ခွဲ 4 နာရီလောက် ရပါတယ်။ ၀ယ်တော့ remote control ပါ တစ်ခါတဲ တွဲဝယ်ထားလိုက်တယ်။ အမှန်တော့ Mobile Phone ရှိရင် bluetooth နဲ့ remote လုပ်ပြီး သုံးရင်ရပါတယ်. အခု ကျွန်တော်ဖုန်း K800 လဲ Mac မှာ remote လုပ်ပြီး သုံးပါတယ်။ Remote ၀ယ်တာက အဓိကက DVD ကြည့်ဖို့ နဲ့ ကျောင်းမှာ presentation တွေ လုပ်ဖို့ အတွက်ပေါ့.. DVD ကြည့်ရတာ တော်တော် ကောင်းပါတယ် HD စနစ်နဲ့ ကြည်ပါတယ်။ အသံကတော့ ကောင်းပေမယ့် တိုးသလားလို့။ Silicon နဲ့ လုပ်ထားတဲ့ keyboard ကာဗာလဲ ၀ယ်လိုက်တယ်။ ဖုန်တက်မှာ စိုးလို့..

အခု လက်ရှိပါလာတဲ့ Mac OS X 10.5.5 ကို သုံးနေပါတယ်.. Windows တော့ မတင်ရသေးဘူး။ အခု Cross Over Application နဲ့ windows ရဲ့ exe ဖိုင်တွေ သုံးနေပါတယ်။ အခုလဲ ဒီစာရေးနေရင်း dashboard widgets, games တွေ ဒေါင်းလုဒ် လုပ်နေတာပါ။ Adobe AIR တင်ပြီး app တွေလဲ သုံးပါတယ်။ TrackPad က Apple က ညွှန်းထားတဲ့ အတိုင်း buttonless နဲ့ အတော် သုံးလို့ ကောင်းပါတယ်။ Windows အတွက် trackpad firmware update တော့ ဒေါင်းလုဒ်မလုပ်ရသေးပါဘူး။

ကြည့်ရတာတော့ MacBook က အကြမ်းခံမယ့်ပုံ ပေါ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကလဲ ကိုင်တာ ကြမ်းပါတယ်။ လက်ရှိ အာမခံ သက်တမ်းက 1 နှစ်စာပဲရှိပါတယ်။ နောက်ထပ်ပိုက်ဆံပေးပြီး ထပ်မတိုးထားပါဘူး။ အကြမ်းခံမယ်လို့ ယုံတာကိုး.. နောက်ဆိုရင်တော့ အပြင် laptop ယူသွားရင် ထီး ယူဖို့က အကျင့်လုပ်မှ ရတော့မယ်ဗျ :D ပြီးတော့ ဒီ mac ကို ၀ယ်ပေးတဲ့ အမေ၊ အကို၊ အမ kmla နဲ့ ynt တို့ကိုလဲ အများကြီး ကျေးဇူးတင်ပါတယ်။ နောက်ဆိုရင်ေ၇းစရာ Apple Category နဲ့ Mac ဆိုတဲ့ tag တိုးလာ တော့မှာပေါ့ =D

macbook

macbook

macbook
Related Posts

You received this email because you are subscribed to the real_time feed for http://www.htootayzar.com/myblog/feed/. To change your subscription settings, please log into RSSFWD.