Tuesday, December 30, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 2 New Entries: ကာတွန်း လှထွဋ်ဦး ရေးဆွဲသော - မြန်မာအင်တာနက်ဟာသများ

ကာတွန်း လှထွဋ်ဦး ရေးဆွဲသော - မြန်မာအင်တာနက်ဟာသများ

သာမညဆရာတော်ဘဒ္ဒန္တဝိနယ ခန္ဓာဝန်ချခြင်း (၅)နှစ်ပြည့် ပူဇော်ပွဲကျင်းပ

 

 

  

 ကျေးဇူးတော်ရှင်သာမညဆရာတော်ဘုရားကြီး အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိနယ မဟာထေရ်မြတ် ခန္ဓာဝန်ချခြင်း (၅)နှစ်ပြည့် ဂုဏ်ရည်မှန်းဆပူဇော်ပွဲကို  ၁၃၇ဝ ခုနှစ် နတ်တော်လဆန်း ၆ ရက်၊ ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက် (ဗုဒ္ဓဟူးနေ့) မနက် (၉)နာရီက သာမညတောင်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့နဲ့မိုင် (၂ဝ) အကွာမှာ ပအိုဝ်ဘာသာနဲ့ (ဒေးမဲ့စော)လို့ခေါ်တဲ့ စပါးတွေပုံထားသလို သာမညတောင်ရှိပါတယ်။ အဲဒီတောင်မှာ ဆရာတော် ဦးဝိနယဟာ သီတင်းသုံးနေထိုင်ခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ်မှာထင်ရှားလာပြီး မြန်မာပြည်အရပ်ရပ်မှ ဗုဒ္ဓဘာသာ ဝင်များ နေ့စဉ်ထောင်ပေါင်းများစွာ ကားကြီး၊ကားငယ်များဖြင့်လာရောက်ပူဇော်ခဲ့ကြရာ ကြက်ပျံမကျ စည်ကားလွန်းလှ ပါတယ်။ သက်သတ်လွတ်ထမင်းနဲ့ဟင်းများကို လာရောက်ကြသူများကို ကျွေးမွေးခဲ့ပါတယ်။ ဆရာတော်ကြီးဟာ သာသနိက အဆောက်အအုံ၊ အထက်တန်းကျောင်းများ၊ မော်တော်ကားလမ်းများကို ပြုပြင်ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ဆရာတော် ဦးဝိနယဟာ ကရင်ပြည်နယ်၊ ဘားအံမြို့အနီး ကော့ကျိုက်ကျေးရွာမှာ အဘ ဦးတောင်အိုး၊ အမိ ဒေါ်မအုံးတို့မှ ၁၂၇၄ ခုနှစ် ပထမဝါဆိုလဆန်း ၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၇ နာရီမှာ မီးရှုးသန့်စင်ဖွားမြင်ခဲ့ပြီး ၁၃၆၅ ခုနှစ် နတ်တော်လဆန်း ၆ ရက်၊ သက်တော် ၉၁ နှစ်၊ ဝါတော် ၇၁ ဝါတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါတယ်။ ခန္ဓာဝန်ချသည့် နှစ်ပတ်လည်တိုင်း ဂုဏ်ရည်မှန်းဆပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ၃.၁၂.ဝ၈ နေ့တွင် (၅) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဆရာတော်အား ရည်မှန်းလျက် မမေ့မလျော့သော အနယ်နယ်အရပ်ရပ်မှ ဒါယကာ၊ ဒါယိကာမများက ရဟန်း၊ သံဃာ၊ သာမဏေများကို ဆွမ်းသင်္ကန်းလှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး သာမညတောင်မှ နာယကဆရာတော်များက တရားပေးပါ တယ်။ ဆရာတော်ဘုရားရှိစဉ်က ကြက်ပျံမကျစည်ကားလှပြီး ရန်ကုန်မြို့မှ မိုင် ၂ဝဝ ခန့်ကွာဝေးတဲ့ သာမညတောင်ကို နေ့စဉ် ဘီအမ်ကားကြီး၊ ဆလွန်းကားများ၊ ရာချီသွားခဲ့ကြပါတယ်။ အခုအချိန်မှာတော့ ဆရာတော်ခန္ဓာဝန်ချပြီးနောက်ပိုင်း လာရောက်သူများနည်းပါးပြီး မရှိသလောက်ဖြစ်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။

(ပေါ်ပြူလာမြန်မာ)

 

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.