Tuesday, December 30, 2008

[Better Tomorrow] 1 New Entry: ပြေးသူပြေး လဲသူလဲတဲ့ ကျန်းမာရေးပညာပေးဆွေးနွေးပွဲ

ပြေးသူပြေး လဲသူလဲတဲ့ ကျန်းမာရေးပညာပေးဆွေးနွေးပွဲ

တနင်္ဂနွေနေ့မို့ အလုပ်သမားတစ်ချို့  အလုပ်နားကြတယ်။ အဲဒီနေ့ရက်တွေမှာ ကျွန်တော့်အတွက်တော့ အလုပ် သမားများကို ကျန်းမာရေးပညာပေးဖြစ်ပါတယ်။ ဒီနေ့လည်း ကမ်းခြေနားက ပန်းရံဆိုက်တစ်ခုမှာ ကျန်းမာရေး ပညာပေးဖြစ်ပါတယ်။ တစ်ချို့ သားသမီးတွေနဲ့ သားအိမ်ပုံ ဘယ်လိုရှိတယ် မသိပါဘူး။ ကတ်ကြေးနဲ့ ကိုက်ထားတဲ့သားအိမ်ပုံကို ပြန်ဆက်နိုင်ဖို့ ၁၀ မိနစ်ခန့် အလွဲလွဲအမှားမှား ဖြစ်ခဲ့ပါတယ်။ ( အလုပ်သမားများရဲ့ ကျန်းမာရေးဗဟုသုတကို သိစေချင်လို့ပါ။) အမျိုးသမီးသမီးများရဲ့ သားအိမ်ဖွဲ့စည်းတည်ဆောက်ပုံနဲ့ လုပ်ငန်းစဉ်တွေ ရာသီစက်ဝန်း အကြောင်းကိုအဓိကထားဆွေးနွေးပေမယ့်။ ကိုယ်ဝန်ဆောင်မိခင် သုံးဦး ဆွေးနွေးပွဲတတ်ရောက်လာတာကြောင့် ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်ခြင်းအကြောင်းကို အနည်းငယ် ထပ်ရှင်းပြဖြစ်ပါတယ်။ ရုပ်ပန်းချီကားချပ်များနဲ့ ရှင်းပြတာကြောင့် အမျိုးသမီး ၁၆ ဦးအပြင် အခြားသူများပါ ၀ိုင်းဆွေးနွေးတာကြောင့် မထင်မှတ်ပဲ စည်ကားသွားပါတယ်။ အပြန်အလှန်ဆွေးနွေးပွဲကို ၁ နာရီခန့်အကြာမှာ အဆုံးသတ်ခဲ့ပါတယ်။

အချိန်အနည်းငယ်ရသေးတာကြောင့် လူမှုရေးစီးပွားရေး အကြောင်းကို ပန်းရံလုပ်သားကြီးအချို့ နဲ့ စကားစမြည် ပြောဖြစ်ပါတယ်။ အလုပ်သမားကဒ် (ဘတ်) မရှိတာကြောင့် ညဘက်တွေမှာ တန်းလျားမှာ မအိပ်ရဲလို့ တောထဲမှာ အိပ်နေရကြောင်းသိရပါတယ်။ ကလေးတွေ၊ သားသည်မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေ အတွက်စိုးရိမ်ကြောင်းလည်း ပြောပြပါတယ်။ စီးပွားရေးအနေနဲ့တော့ နှစ်ကုန်ရင် အလုပ်တွေ ရပ်တော့ မယ်လို့သိရပါတယ်။ တစ်ချို့ လည်း အခြားနေရာတွေပြောင်းရွှေ့ အလုပ်လုပ်ကိုင် နေပြီဖြစ်ကြောင်းသိရပါတယ်။ စကားမဆုံးခင်မှာပဲလူတွေ တ၀ုန်းဝုန်းထပြေးပါတယ် ရုတ်တရက်လန့်သွားပါတယ်။ သေချာမေးကြည့် တော့မှရုံးကလာကြိုတဲ့ကားကို ရဲကားအမှတ်နဲ့ ပြေးကြတာပါတဲ့။ တော်တော်လေးကို အားလည်းနာပြီး စိတ်မကောင်းလည်းဖြစ်မိပါတယ်။ သူတို့နေ့စဉ်ဒီလိုပြေးနေရတာကို လည်းကိုယ်ချင်းစာမိပါတယ်။ ဒီလိုအဖြစ် တွေ ဘယ်အချိန်အဆုံးသတ်မလည်း ဆိုတာ အဖြေမရှိသေးပါဘူး။

You received this email because you are subscribed to the real_time feed for http://tomorrowplan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.