Thursday, October 30, 2008

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: တနင်္ဂနွေရုပ်ရှင်

တနင်္ဂနွေရုပ်ရှင်

နေ့တစ်နေ့ဟာ ဒီလိုပဲကုန်ဆုံးသွားတော့မယ်
မင်းလက်ကို ဆွဲလို့ ကမ္ဘာအဆုံးအထိလျှောက်သွားချင်တယ်လို့ပြောခဲ့တယ်
မှန်ချပ်ကြီးရဲ့အထဲမှာ မြင်ရတာဘာလဲ
ချစ်ဇနီးလေးရဲ့ ကြက်ခြေခတ်လား
“He always farts because of annal sex.”
ကောင်းကင်အပြာကြီးက လမ်းလေးပေါ်က ဗွက်အိုင်ထဲကို ပြုတ်ကျနေခဲ့တယ်
မုန်ပုံးထဲမှာ ယင်ကောင်တွေ ပျံဝဲနေခဲ့တယ်
တစ်လုံးထိုးသေနတ်ကိုင်ထားသူဟာ မြက်ပင်တွေအကြားကနေ ထွက်ပေါ်လာခဲ့တယ်
ရဲအရာရှိဟာ
တစ်သက်လုံးလူဆိုးနဲ့ မကြုံဘူးလို့
မောင်းကို မဆွဲနိုင်ဘူး ဖြစ်နေတယ်
အခန်းထဲကို ဒေစီပန်းတွေရောက်လာတော့ သူမရှိတော့ဘူး
ပန်းပို့တဲ့ကောင်လေးဟာ ပြတင်းပေါက်ကနေ
ဗွက်ထနေတဲ့ လမ်းလေးအတိုင်းလိုက်ကြည့်နေတယ်
သူပြန်လာမှာ မဟုတ်တော့ဘူး
နေ့တစ်နေ့-၂ကို ပြန်မရိုက်ခင်အထိ

SKN

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.