Thursday, October 30, 2008
[ALL FRIEND's WELCOME To My Blog] 1 New Entry: JOKES
JOKES
ဒါက ဒီလိုရှိပါတယ်....
မောင်ခွေးသည် အိမ်စာစာအုပ်ကို ဆရာမအားပေးလိုက်ရာ ဆရာမက
မောင်ခွေး၏ စာအုပ်ကို သေသေချာချာ ကြည့်ပြီးနောက်
"ဟေ့ မောင်ခွေး။ ဒီဟာ မင်းရေးတာလား။ မင့်အဖေလက်ရေးနဲ့တူနေပါလား။
မင်းဘာပြောချင်သေးသလဲ။"
မောင်ခွေးသည်အတန်ငယ်တွေနေပြီးနောက်
"သြော် ကျွန်တော်ရေးတာပါဆရာမ၊ နို့ပေမယ့် ဖေ့ဖေ့ဖောင်တိန်နဲ့ရေးလို့ ဖေ့ဖေ့
လက်ရေးဖြစ်နေတာပါ။" 
ဆရာမကရော ကျွန်တော့် အဖေ လက်ရေးမှန်း ဘယ်လိုသိလဲ မသိဘူးနော်...
*******************************************************************
*******************************************************************
စိတ္တဇ ဟာသများ (၄)
           စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
 လက်ထဲတွင်လည်း  သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။
                  "ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."
                  "မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."
                 "မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."
                  "မဆင်းဘူးဆရာ...မဆင်းဘူး"
                               ဆရာဝန်လဲ ကြံရာမရ  ဖြစ်နေတယ်။အဲဒီ အချိန်မှာ  နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က
 အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး
        "ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."
          "ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."
                         ပထမလူနာလဲ  သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က
              "မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာ
လဲ.."
*******************************************************************
*******************************************************************
ဗေဒင်ဆရာ
ဗေဒင်ဆရာ။ ။ ခင်ဗျားမှာ ကလေးသုံးယောက်ရှိရမယ်။
မေးသူ။ ။ ဟင့်အင်း ။ ဒါဆိုဆရာမှားသွားပြီ
ကျွန်တော့်မှာ စုစုပေါင်းကလေး ငါးယောက်တောင် ရှိပါတယ်။
ဗေဒင်ဆရာ။ ။ဘာလဲ ခင်ဗျာက သူတို့အားလုံးရဲ့ ဖခင်လို့ ကိုယ့်ကိုယ်ကို
ထင်နေတယ်ပေါ့လေ။
*******************************************************************
*******************************************************************
စိတ္တဇ ဟာသများ (၁)
                 စိတ္တဇ ဆေးရုံ တစ်ခုမှာ ဆရာဝန်တွေဟာ ပြန်ကောင်းလာတဲ့ လူနာတွေကို ပြန်လွတ်ပေးဖို့  စဉ်းစာကြပါတယ်။ အဲဒီမှာ သူတို့ 
ဟာစမ်း သပ်မှုတစ်ခု လုပ်ကြပါတယ်။ Video ပြစက်ရှေ့မှာ ရှိတဲ့ ထိုင်ခုံတွေကိုဆေးသုတ် ပြီးတော့သူတိုကို Video ပြပါတယ်။ ဘယ်သူကများ ဆေးသုတ်တာကို သိမလဲ လို စမ်းသပ်ပါတယ်။ ဘယ်သူမှမသိကြပါဘူး။ ဒါပေမယ့် လူတစ်ယောက်ကတော့ ထိုင်ခုံတွေကို သေသေချာချာ ကြည့်
ပါတယ်။ ပြီးတော့ သတင်းစာတစ်စောင်ကို ထိုင်ခုံမှာဖြန့် ခင်း ပြီးမှထိုင်တယ်။ ဆရာဝန်တွေက ဒီလူတော့ရောဂါပျောက်သွား ပြီဆိုပြီး အိမ်ကို ပြန်
လွတ်လိုက်ပါတယ်။ အိမ်ရောက်တော့ သူမိန်းမ ကမေးတယ်။
         "ရှင် ထိုင်ခုံတွေမှာ ဆေးသုတ်ထားတယ်ဆိုတာသိတယ်ပေါ့ဟုတ်လား , ဘယ်လိုလုပ်သိတာလဲ"
          "ဘာတွေလာပြောနေတာလဲ...ငါကအရပ်ပုလို့  ထိုင်ခုံမှာသတင်းစာခုပြီးထိုင်တာဟ..." 
*******************************************************************
*******************************************************************
အချစ်စစ်ဆိုတာ...
ပန်းခြံတစ်ခုထဲဝယ် ကောင်မလေးက သူ့ချစ်သူကောင်လေးကိုမေး၏။
ကောင်မလေး - "ကျွန်မက လှသလားဟင်..."
ကောင်လေး - "ဟင့်အင်း"
ကောင်မလေး - "ဒါဆို ကျွန်မ ရှင့်အနားမှာရှိနေတာရော ရှင်ပျော်မှပျော်ရဲ့လား..."
ကောင်လေး - "ဟင့်အင်း"
ကောင်မလေး - "ဟင်...ဒါဖြင့် ရှင်နဲ့ ကျွန်မဝေးသွားခဲ့ရင်ကော ရှင်စိတ်ဆင်းရဲရမှာလားဟင်..."
ကောင်လေး - "ဟင့်အင်း"
ကောင်လေးဆီမှ "ဟင့်အင်း" ဆိုသော အဖြေကို (၃)ခါတိတိ ကြားပြီးသောအခါ ကောင်မလေးခမျာ ၀မ်းနည်းကြေကွဲစွာ ကောင်လေးရှေ့မှ ထွက်သွားဖို့ပြင်လိုက်တယ်။
ရုတ်တရက် ကောင်လေးက ကောင်မလေးရဲ့လက်ကို ဖမ်းဆွဲထားလိုက်ပြီး...
"မင်းက လှတာမဟုတ်ပါဘူး...ချစ်စရာကောင်းတာပါ...
ငါပျော်ဖို့ မင်းကိုငါ့အနားမှာ ရှိနေစေချင်တာမဟုတ်ပါဘူး...ငါ့ရဲ့ရှင်သန်မှုအတွက် မင်းမရှိလို့ကို မဖြစ်တာပါ...
မင်းနဲ့ဝေးရရင် ငါစိတ်ဆင်းရဲရမှာမဟုတ်ပါဘူး...ငါသေသွားနိုင်တာပါ..."လို့ပြောလိုက်တယ်။
You received this email because you are subscribed to the real_time feed for http://jokesandpoem.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.