Thursday, October 30, 2008

[DeGoLar] 1 New Entry: ♥ Marina Barrage

♥ Marina Barrage


link : wanzw@flickr

ရေလှောင်ကန်နဲ့ ပင်လယ်နဲ့ ခြားပေးထားတဲ့ Marina Barrage ဆိုတဲ့ ရေလှောင်တမံကို နိုဝင်ဘာလဆန်း ၁ ရက်နေ့ (စနေနေ့) မှာ အများပြည်သူ ဝင်ရောက်ကြည့်ရှုဖို့ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ အဲဒီအစီအမံဟာ ရေသိုလှောင်ခြင်း၊ မြေနိမ့်ဒေသတွေအတွက် ရေလွှမ်းမိုးမှုကို ကြိုတင် ကာကွယ်ပေးခြင်း နဲ့ အပန်းဖြေနိုင်ခြင်း စတဲ့ အချက် ၃ ချက်ကို ဆောင်ကြဉ်းပေးမှာဖြစ်ပြီး ရေသိုလှောင်ခြင်း အနေနဲ့ကတော့ စင်္ကာပူရဲ့ ပထမဆုံးသော မြို့လယ်ခေါင် CBD ရပ်ကွက်နားမှာရှိတဲ့ ရေလှောင်ကန်ပဲ ဖြစ်ပါတယ်။ ဒါဟာ စင်္ကာပူကျွန်းရဲ့ ၁၅ ခုမြောက် ရေလှောင်ကန်ဖြစ်သလို ရေသိုလှောင်နိုင်တဲ့ မျက်နှာပြင် ဧရိယာဟာ ဟက်တာ တစ်သောင်းရှိပြီး စင်္ကာပူ တစ်နိုင်ငံလုံးရဲ့ ခြောက်ပုံတစ်ပုံစာ ရှိပါတယ်၊ အဲဒီကနေ နိုင်ငံသားတွေ အတွက် သောက်သုံးရေ ဆယ်ရာခိုင်နှုန်း ပိုပြီး ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ အပန်းဖြေဖို့အတွက် အဆိုပါ ရေလှောင်တမံ အပေါ်ဖက်က လူသွားစင်္ကြန်ကို အခကြေးငွေမယူပဲ ၂၄ နာရီ ဖွင့်လှစ်ထားမှာဖြစ်တယ်၊ အဲဒီအပေါ် တချိန်တည်းမှာ လူပေါင်း ၁၈၀၀ သွားလာနိုင်ပါတယ်။ (၁၈၀၀ လုံး ကိုယ်ဝန်ကြီးနဲ့ ဆိုရင်တော့ နည်းနည်းကြပ်မယ် ထင်ပါတယ်)

ရေလှောင်ကန်ရဲ့ ပင်မအဆောက်အအုံ (ရေစုပ်စက်ကြီး ၇ ခု ထားတဲ့နေရာ၊ အခုတိုင်းဟာ စက္ကန့် ၅၀ အတွင်းမှာ အိုလံပစ် ရေကူးကန်တစ်ကန်စာ ရေပမာဏကို ကိုင်တွယ်နိုင်တယ်) ခေါင်မိုးဟာ မြက်ခင်းစိမ်းတွေ စိုက်ထားတဲ့ စတုရန်းမီတာ ၁၁၀၀၀ အကျယ် ကွင်းပြင်တစ်ခု ဖြစ်ပါတယ်။ ပျော်ပွဲစားထွက်ဖို့၊ အောက်ဒိုးတေးဂီတ ဖျော်ဖြေပွဲ၊ ရုပ်ရှင်ပြပွဲ စတာတွေလုပ်ဖို့ သင့်တော်တဲ့ နေရာတစ်ခု ဖြစ်မှာပါ။ အဲဒါအပြင် ရေအရင်းအမြစ်နဲ့ ပတ်သက်တဲ့ အသိဥာဏ် ဗဟုသုတတွေ ပွားများစေဖို့လည်း ပြတိုက်တစ်ခု တည်ဆောက်ထားပါတယ်၊ PUB အေဂျင်စီ တာဝန်ရှိပုဂ္ဂိုလ်က အဆိုပါပြတိုက်ဟာ ပထမနှစ်မှာ လူပေါင်း တစ်သိန်းနှစ်သောင်းထိ ဆွဲဆောင်နိုင်လိမ့်မယ် လို့ ခန့်မှန်းထားတယ်၊ တခြား အခမဲ့ အစီအမံတွေ ဆိုရင် ဒိထက်တောင် လူတွေလာကြမယ်လို့ ၎င်းကပဲ ပြောကြားပါတယ်။ ပြတိုက်ကို တနင်္လာက သောကြာနေ့ထိ နံနက် ၉ နာရီကနေ ညနေ ၆ နာရီထိ (အင်္ဂါနေ့ ပြတိုက်ပိတ်သည်)၊ စနေ တနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေဆိုရင် နံနက် ၁၀ နာရီ ကနေ ည ၈ နာရီထိ ဖွင့်လှစ်မှာပါ။ သက်ဆိုင်ရာကနေ လာမယ့် ၂ နှစ်အတွင်းမှာ လက်ရှိ တမံအတွင်းပိုင်းက ပင်လယ်ရေတွေကို ပင်လယ်ထဲ ပြန်စွန့်ထုတ်ပြီး ကုန်းတွင်းပိုင်းက တခြားရေလှောင်ကန် တွေနဲ့ ဆက်သွယ်ထားတဲ့ ရေသွယ်ပိုက်ကြီးတွေကို အသေအချာ သွယ်တန်းပြီးတာနဲ့ မရီနာရေလှောင်ကန်ကို ရာနှုန်းပြည့် အသုံးချနိုင်မယ့် ရေသန့် (ပင်လယ်ရေ၊ ဆားငန်ရေတို့ မဟုတ်ပဲ သောက်သုံးရန် သင့်တော်သည့် fresh water ကို ဆိုလိုသည်၊ ရေသန့်ဗူးနှင့်ရောင်းသော သောက်ရေသန့် မဟုတ်ပါ) လှောင်ကန်တစ်ခုအဖြစ် ပြောင်းလဲသွားမယ်လို့ ဆိုပါတယ်။

သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး Clean and Green Singapore အစီအစဉ်နဲ့ တွဲဖက်ပြီး နိုဝင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ Carnival ပွဲလမ်းသဘင် တခမ်းတနား ကျင်းပမှာဖြစ်ပြီး ပြည်သူတွေအတွက် အခမဲ့ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးထားပါတယ်။ အဲဒါတွေကတော့ Merlion Park နဲ့ ရေတမံအကြားကို ရေပေါ်တက္ကစီ (လှေပါပဲ) ကနေ နံနက် ၉း၃၀ က ညနေ ၆း၃၀ နာရီထိ နာရီဝက်တကြိမ် ပြေးဆွဲပေးတယ်။ Marina Bay MRT ကနေ ရေတမံထိ လွန်းပျံဘတ်စ်ကားကို နိုဝင်ဘာလ ၁ ရက်နေ့အတွက် နံနက် ၉ နာရီကနေ ည ၉ နာရီအထိ၊ နိုဝင်ဘာလ ၂ ရက်နေ့အတွက် နံနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ ပြေးဆွဲပေးပါလိမ့်မယ်။ ၂ ရက်နေ့ နောက်ပိုင်း ဆိုရင်တော့ ရေပေါ်တက္ကစီ ရှိတော့မှာမဟုတ်ပဲ ဘတ်စ်ကားကတော့ နေ့စဉ် အခမယူပဲ ပြေးဆွဲနေဦးမှာပါ၊ အချိန်ကတော့ တနင်္လာက သောကြာအထိ ကြားရက်တွေမှာ နံနက် ၈း၃၀ ကနေ ညနေ ၆း၃၀ အထိ၊ စနေ တနင်္ဂနွေနဲ့ အများပြည်သူ ရုံးပိတ်ရက်တွေမှာ နံနက် ၉း၃၀ ကနေ ည ၈း၃၀ အထိ ဖြစ်ပါတယ်။ အခပေးမှ စီးချင်တယ်ဟေ့ ဆိုသူများအတွက် Marina Bay MRT မှာ SMRT ဘတ်စ်ကား နံပါတ် ၄၀၂ သို့မဟုတ် တက္ကစီနဲ့ သွားနိုင်ပါတယ်၊ ရှုပ်လိုက်တာကွာ ဆိုသူများ လမ်းလျှောက်သွားနိုင်ပါတယ်။ ဘွိုက်ဇ်လို အဲဒါကြီးက ဘာလုပ်ရမှာလဲ ဆိုသူများ အိမ်မှာထိုင်ပြီး စိတ်ကူးယဉ်နေနိုင်ပါတယ်၊ အဟဲ။
--
သေချာတာကတော့ လှတပတနေရာတွေ ငတ်မွတ်နေတဲ့ စင်္ကာပူသားတွေအတွက် လည်ပတ်စရာ၊ ငေးမောစရာ၊ ဓာတ်ပုံရိုက်စရာ နေရာလေးတစ်ခု တိုးလာတဲ့အတွက် ဝမ်းသာမိပါကြောင်း၊ ဒါဟာလည်း ဟင်ဒါဆန်တံတား ပြီးရင် ကျနော်အသွားချင်ဆုံး နေရာတစ်နေရာ ဖြစ်နေပါကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

--
『濱海堤壩』

下個月,國人又有多一個休閒好去處。經過十年籌備、三年建設,耗資 $226 million 興建的『濱海堤壩』(Marina Barrage )已竣工,內部設施將在下個月一日(星期六)正式開放給公眾使用。

公用事業局(PUB)3P 網路署署長葉慶元向媒體介紹新堤壩時,強調了它集三項功能於一身的獨特性:濱海堤壩不只能防止市區低洼地區如牛車水、駁船碼頭(Boat Quay)等發生水災,它也將把濱海內灣圍成蓄水池,為國人提供多 10% 的食水來源。此外,它將成為國人與旅客的新休閒去處,適合進行各式各樣的水上活動。

葉慶元說:「濱海堤壩的落成將帶來更多彩多姿的未來。」

其實,濱海堤壩在建設過程中融入許多可供公眾使用的設施,如水庫大樓的綠意屋頂、有知識性的展覽館等。葉慶元預計,展覽館將能在第一年吸引多達 120,000 人到訪,其他免費開放的公共空間相信會吸引更多人。當局計劃在接下來 2 年內將濱海內灣的海水都引回大海、並把衔接其他中區蓄水池的水管設置好,讓內灣可成為全面啟用的淡水蓄水池。濱海堤壩每天 24 小時免費開放,展館的開放時間則是周一到五(周二關閉),早上 9 時至傍晚 6 時;周末和公共假日,早上 10 時至晚上 8 時。

(來源:我報 - 星期五 2008 年 10 月 24 日 B8 本地新聞版)
--
Marina Barrage

The Marina Barrage (Big Dam) is a tidal and flood control barrier that will be constructed across the mouth of the Marina channel to the tune of $226 million. When it is ready by 2008, it will turn the waters of the Marina basin into an inland reservoir, Marina Bay will have a stabilised water level with no tidal fluctuations making it suitable for staging water-based events and performances and international water-sport competitions as well as recreational activities, including pleasure boating, canoeing, kayaking, sailing, water skiing and wind surfing, in addition to the water taxis and pleasure cruises that ply the area today. The view of marina east from marina southscheme is unique in that it is designed to achieve three aims: to act as a tidal barrier for flood control, to create a new reservoir to augment our water supply and to maintain a new body of freshwater at constant level in the heart of the city as a major lifestyle attraction. The Marina Barrage will enhance Singapore's water supply.
(source : KSDB.com)
PUB : Marina Barrage

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.