Thursday, October 30, 2008

[Padauk Myay] 2 New Entries: ဘယ်မှာလဲဒီမိုကရေစီ

ဘယ်မှာလဲဒီမိုကရေစီ

အောင်ထက်

ဒီမိုကရေစီဆိုတဲ့စကား၊ အယူအဆက ၈၈ နောက်ပိုင်းမှာ လူသုံးအများဆုံးစကားလုံးလို့ ပြောလို့ရတယ်။ တလောတုံးက ပို့စ်တစ်ခုမှာ မြန်မာ့နိုင်ငံရေးလောကမှာ လက်ဝဲသမားတွေ အကြောင်းရေးထားပြီး ဒီမိုကရေစီ အရေးတော်ပုံမှာ ကွန်မြူနစ်တွေပါနေတဲ့အကြောင်း ကောက်ချက်ချထားတာ ဖတ်လိုက်ရတယ်။ တကယ်တော့ စစ်ပြီးခေတ် မြန်မာ့နိုင်ငံရေးဟာ လက်ဝဲနိုင်ငံရေးလို့ ပြောလို့ရတယ်။ ဒေါက်တာဘမော်တို့ ခေါင်းဆောင်တဲ့ စောစိန်မော် ပါတီကလွဲရင် အားလုံး လက်ဝဲပဲ။ အပြင်းအပျော့ပဲကွာတယ်။ ဦးနုတို့က အင်္ဂလိပ်ပုံစံ ဖေဘီယန်ဆိုရှယ်လစ်။ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ကလည်း ဆိုရှယ်လစ်ပဲ။ ဗိုလ်ချုပ်လဲ ကွန်မြူနစ်ပါတီ စတင်တည်ထောင်သူထဲမှာ ပါခဲ့တယ်။ သခင် သန်းထွန်း၊ သခင်စိုးတို့က ကွန်မြူနစ်။ အနုပညာလောကမှာလည်း လက်ဝဲဆရာတွေ ကြီးစိုးခဲ့တာပဲ။ နိုင်ငံရေးမှာ ကွဲကြပြဲကြ ဖြစ်တာတွေကြည့်ရင် လက်ဝဲသမားခြင်း ကွဲတာသာ ဖြစ်တယ်။ နီတဲ့ကောင်က ပန်းရောင်ကို လက်ယာသမားလို့ နံမည် တပ်တယ်။ အနီခြင်းမှာ ဘယ်သူက ပိုနီလဲ ပြိုင်တယ်။ ပြောရရင် ခေတ်မီသူတိုင်း လက်ဝဲယိမ်းကြသည်။ ဆိုရှယ်လစ် စကားသုံးကြသည်လို့ ပြောနိုင်တယ်။

၈၈ နောက်ပိုင်းကြတော့ ဆိုရှယ်လစ်၊ ကွန်မြူနစ်ဆိုတဲ့ လက်ဝဲအတွေးအခေါ်နေရာမှာ ဒီမိုကရေစီ ဆိုတာ ၀င်လာတယ်။ အရင်တုံးက သူ့ထက်ငါ အနီပြိုင်နေတဲ့သူတွေ၊ ဘယ်သူလက်ဝဲ ပိုကျသလဲဆိုတာ ပြိုင်နေတဲ့သူတွေအားလုံး ဒီမိုကရေစီမှ ဒီမိုကရေစီဖြစ်လာတယ်။ မဆလဟောင်း၊ ဖဆပလဟောင်းတွေ၊ တပ်မှူးဟောင်းတွေ၊ ဗကပဟောင်းတွေ၊ အလံနီဟောင်းတွေအားလုံး ဒီမိုကရေစီဖြစ်လာပြီ။ အနုပညာလောကက ဆရာကြီးလဲ စာပေသစ်တို့၊ ပြည်သူ့အတွက်တို့ ဆိုတာမေ့သွားပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ၊ မော်ဒန်၊ ပို့စ်မော်ဒန်တွေလုပ်လာတယ်။ ဒီတော့ မြန်မာ့နိုင်ငံရေးမှာ တစ်ချိန်တုံးက ခေတ်မီအောင် လက်ဝဲ၀ါဒီလုပ်ခဲ့ပြီး အခုလည်း ဒီမိုကရေစီလုပ်ကြ ပြန်ပြီဆိုတာ ထင်ရှားတယ်။ ဒါ့ကြောင့် ဒီမိုကရေစီအရေးမှာ လက်ဝဲသမားများနေတယ်လို့ ပို့စ်ရေးသူက ပြောတာဖြစ်တယ်။ သူများ ၀ဲ လို့ လိုက်ဝဲတဲ့သူတွေ၊ သူများ ဒီမိုဆိုလို့ ဒီမိုတဲ့သူတွေ များပါတယ်။ လက်ဝဲတုံးကလည်း နှစ် နှစ်ကာကာယုံကြည်ခဲ့တာမဟုတ်သလို ဒီမိုကရေစီ ဆိုတော့လဲ နှုတ်ဖျားနဲ့ ပြောလိုက်တာပဲ။

ဒါ့ကြောင့်လည်း ဒီမိုကရေစီ ဘယ်လောက်ပဲအော်နေအော်နေ ဒီလူတွေကိုယ်တိုင်က ဗဟို ကြိုးကိုင်မှု၊ အကြွင်းမဲ့ အမိန့်နာခံမှုဆိုတာ တွေကို ကျင့်သုံးနေတုံးဘဲ။ ဒီချုပ်မှာ ပါတီတွင်း ဒီမိုကရေစီ မရှိဘူးလို့ ကျွန်တော်ရေးတော့ တူးတူးခါးခါး ဝေဖန်ကြတယ်။ အခု ကိုခင်ထွန်းတို့ လူငယ်အဖွဲ့တွေ ကိုယ်တိုင်က ဒီစကားကို ပြောပြီးနှုတ်ထွက်သွားတာကို ကြည့်ရင် ဒီချုပ်ထဲမှာ ဒီမိုကရေစီမရှိဘူးဆိုတာ ထင်ရှားနေပြီ။ ဒီချုပ်မှာသာ မဟုတ်။ တစည၊ ရှမ်းဒီချုပ်၊ ငြိမ်းအဖွဲ့များ၊ ပြည်ပရောက် နံမည်အမျိုးမျိုးနဲ့ အဖွဲ့များအတွင်းမှာလဲ ပါတီတွင်းဒီမိုကရေစီမရှိဘူး။ အများစုရဲ့ ဆန္ဒကို အလေးထားမှု၊ အနည်းစုရဲ့ ဆန္ဒကို ဂရုပြုမှုဆိုတာမရှိဘူးဆိုတာ တွေ့နိုင်တယ်။ အခုအစိုးရရော၊ အတိုက်အခံကရော ဒီမိုကရေစီ နိုင်ငံထူထောင်မယ်လို့ ပြောတယ်။ ဘယ်လိုပုံစံနဲ့ သွားမယ်ဆိုတာကို ငြင်းနေကြတယ်။ ဒါဘာနဲ့ တူသလဲဆိုတော့ ရေသောက်ဖို့အတွက် ဖန်ခွက် အ၀ိုင်းနဲ့သောက်မယ်။ လေးထောင့်နဲ့ သောက်မယ်လို့ ငြင်းနေပြီး ကိုယ်သောက်မယ့်ရေရဲ့ အရည်အသွေးကို ကြည့်ဖို့မေ့နေတာနဲ့တူတယ်။

တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီကျင့်စဉ်တွေ အမြစ်မတွယ်သေးဘူး။ ခေါင်းဆောင်ကို ဝေဖန်ရင်၊ ဆရာကို ဝေဖန်ရင် မကြိုက်ဘူး။ ကွဲလွဲတဲ့သဘောထားကို ပြောရင် မကြိုက်ဘူး။ ဒေါ်စုလို အနောက်နိုင်ငံမှာ နှစ်ပေါင်းများစွာနေခဲ့တဲ့သူတောင် ဒီချုပ်ကို ဗဟိုဦးစီးစနစ်နဲ့ လုပ်ခဲ့တယ်ဆိုရင် ကျန်တဲ့လူတွေအတွက် ဘာမှ ပြောစရာ မရှိတော့ဘူး။ ဒီတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် နေ့ချင်းညချင်းပေါ်လာမယ်လို့ ပြောရင် ရူးတာပဲ။

တကယ်တော့ ကျွန်တော်တို့ဟာ ဒီမိုကရေစီဆိုတဲ့ စကားအပေါ် ငြင်းခဲ့ကြတာ နှစ်နှစ်ဆယ်ပြည့်ပြီ။ မိမိပါတီ၊ မိမိ မိသားစုဆိုတဲ့ အခြေခံအဆင့်မှာတောင် ဒီမိုကရေစီရဲ့ အနှစ်သာ ရတွေကို ဘယ်လောက်ကျင့်နိုင်ပြီလဲ။ ဒီအဆင့်မှာကျင့်သုံးဖို့အတွက် နအဖ ခွင့်ပြုချက်လဲမလိုဘူး။ နအဖ လာဖမ်းမှာလဲ ကြောက်စရာမလိုဘူး။ ဒါတောင် လုပ်နိုင် ကြသေးရဲ့လား။ စဉ်းစားကြပါဦး။ အိမ်ဆောက်ရင် အုပ်မြစ်ခိုင်မှဖြစ်တယ်။ နိုင်ငံရေးစနစ်တည်ဆောက်ရင် အခြေခံ အဆောက်အအုံခိုင်မာမှ ဖြစ်မယ်။ အခုဖြစ်နေတာက လေထဲတိုက် အိမ်ဆောက်တာနဲ့ တူနေတယ်။ ဒီမိုကရေစီ အရေးတော်ပုံကို ခေါင်းဆောင် မယ့် ဒီချုပ်ထဲမှာပဲ ဒီမိုကရေစီရှိအောင်လုပ်ကြပါဦး။ ပြီးမှ စစ်တပ်နဲ့ ပြောကြတာပေါ့။

အောင်ထက်

၂၉ . ၁၀. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • အမေရိကန်ရဲ့ မြန်မာကျောက်မျက်ပိတ်ဆို့မှု ယခင်ဒဏ်ခတ်မှုများထက် ထိရောက်ဟုလူ့အခွင့် အရေး အဖွဲ့ သုံးသပ် - ဗွီအိုအေ click here
  • ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်လတွင် ဆရာဝန်နှင့် တွေ့ခွင့်ပြုမည် - မဇ္ဈိမ click here
  • သခင်တင်မြ ဟောင်ကောင် အစည်းအဝေး သွားရောက်ဖွယ်ရှိ မဇ္ဈိမ click here
  • နာဂစ် ဘောလုံး ရန်ပုံငွေ သိန်း ၁၂၀ ကျော်ရရှိ - မဇ္ဈိမ click here
  • ဗုံးကြောင့် သေဆုံးသူမှာ အဖွဲ့ဝင်ဖြစ်ကြောင်း စွမ်းအားမြှင့် ၀န်ခံ - မဇ္ဈိမ click here
  • အာဏာရှင်မှောင်ရိပ်၌ မြန်မာအမျိုးသမီးများ ကျားမခွဲခြားဆက်ဆံမှုဆိုးရွားစွာခံနေရ - ခေတ်ပြိုင်click here
  • အနောက်နိုင်ငံများရှိ မြန်မာစစ်သံမှူးရုံးများကို ပိတ်တော့မည် ခေတ်ပြိုင်click here

  • ရပ်ကွက်အာဏာပိုင်များက မမှန်မုန်တိုင်းသတိပေးချက်ထုတ်ပြန် ရန်ကုန်မြို့ခံများအထိတ်တလန့်ဖြစ် -ခေတ်ပြိုင်click here

  • ဧရာဝတီတိုင်းမှာ စပါးဈေးကျ လယ်သမားများအခက်တွေ့ - ခေတ်ပြိုင်click here

  • စစ်အဏာရှင် ကြီးစိုးမှုမှောင်ရိပ်" အစီရင်ခံစာ အမျိုးသမီးအဖွဲ့ထုတ်ပြန် - ဧရာဝတီ click here

  • မြန်မာနိုင်ငံတွင် ကမ္ဘာ့နံပါတ်တစ် ဗိုင်းရပ်စ်ဆော့ဖ်ဝဲ ပထမဆုံးဖြန့်မည် မြန်မာဖိုရမ် click here

  • အင်းလေးတွင် အာဆီယံ- ဂျပန် စင်တာမှ ကြီးမှူးသည့် ခရီးသွားလာရေးသင်တန်း ဖွင့်မည် မြန်မာဖိုရမ် click here
  • ဘုရင့်နောင်ပွဲရုံမှကုန်ပစ္စည်းများကို ဧရာဝတီတိုင်းဒေသအချို့သို့ ကားအစား ထော်လာဂျီများဖြင့်သယ်ယူ မှုများရှိလာ ၀ိကလီးအလဲဗင်း click here
  • ရေဘေးအန္တရာယ် တိမ်းရှောင်နိုင်ရေးအတွက် လမ်းလျှောက်အိမ်ဖန်တီး ၀ိကလီးအလဲဗင်း click here
  • ကမ္ဘာ့သတင်းရေစီးနဲ့ မြန်မာသတင်းစာ ခရီးသည်ကြီးများ လျှက်တစ်ပြက် click here
  • လားရာလမ်း လျှက်တစ်ပြက် click here
  • အောင်ပန်းမြို့တွင်ချင်းဈေးကွက်ပြန်အေးလာ မြန်မာတိုင်းမ် click here
  • မန္တလေးမြို့တွင်ဆိုင်ကယ်စက်ဘီးအငှားလူကြိုက်များ မြန်မာတိုင်းမ် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.