Thursday, October 30, 2008

[juniorwin] 1 New Entry: Burma Policeman and Writer – U Ba Thaw

Burma Policeman and Writer – U Ba Thaw

အင်္ဂလိပ်စာဆရာကြီးဦးခင်မောင်လတ် ၏ အကိုကြီး -  ဦးဘသော်(သို့မဟုတ်)ရဲအရာရှိတဦး

၁၉၅၆ ခုနှစ် စာပေဗိမာန် ဆု

ဤနှစ်အတွင်းချီးမြှင့်ရန်ကြေညာထားသည့်ဆုလေးမျိုးအနက်ဝတ္ထုရှည်ဆု၊

ဘာသာပြန်ဆုနှင့်စာပဒေသာဆုတို့ကိုသာဆုပေးနိုင်ခဲ့သည်။ဝတ္ထုရှည်ဆု

အတွက်ပုလိပ်အရာရှိတဦး၏ "ကိုယ်တွေ့စုံထောက်မူ" ကို၎င်း၊(ဘာသာပြန်ဆု

အတွက် သိပ္ပံစိုးလှ၏"ဘ၀အထွေထွေ"ကို၎င်း၊စာပဒေသာဆုအတွက်မန်းတင်၏

"မော်စကိုမှရန်ကုန်သို့"ကို၎င်း) ရွေးချယ်ချီးမြှင့်လေသည်။သုတပဒေသာ

ဆုကိုမူအဆင့်အတန်းမှီသောစာအုပ်များမရှိ၍မချီးမြှင့်နိုင်ခဲ့ချေ။

ကိုယ်တွေ့စုံထောက်မူ

စာအုပ်အမည်အပြည့်အစုံမှာပုလိပ်အရာရှိတဦး၏ကိုယ်တွေ့စုံထောက်မူ(လက်ပံပင်ရွာ

ဓားပြတိုက်ရာတွင်လူသေဆုံးမူ)ဟူ၍ဖြစ်သည်။

ရာဇ၀တ်မူတခုနှင့်စပ်လျှင်း၍ကျေးလက်ရွာသားတို့၏စိတ်ထားသဘောထားနှင့်ရဲအရာရှိ

တို့၏လုပ်ငန်းဆိုင်ရာအခက်အခဲတို့ကိုထင်ရှားစွာဖော်ပြနိုင်သောဝတ္ထုဖြစ်၏။စာရေးသူ

သည်မိမိရေးသားသောအကြောင်းအရာကိုသေချာစွာသိနားလည်၍မိမိနားလည်သမျှကို

ဇာတ်လမ်းဇာတ်ကွက်ဆင်ရာ၌ကောင်းသည်။

ရူမ၀တိုက်၊စာမျက်နှာ၂၀၀၊အဖိုး ၁ိ။

ပုလိပ်အရာရှိတဦး

အမည်ရင်းမှာ ဦးဘသော်ဖြစ်၏။၁၉၁၆ခုနှစ် ဖေဖွာရီလ ၂ ရက်နေ့တွင်မြင်းခြံမြို့၌

ဦးညွန့် ဒေါ်ခင်သွဲ့တို့မှဖွားမြင်၏။

အင်္ဂလိပ်မြန်မာ ၁၀ တန်းအောင်သည်။ ရဲအဖွဲ့တွင်နှစ်ပေါင်းများစွာအမူထမ်းခဲ့ပြီးနောက်

ခရိုင်ရဲဝန်အဆင့်ဖြင့်အငြိမ်းစားယူခဲ့လေသည်။

၁၉၅၂ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ မြ၀တီ၊ ငွေတာရီ၊ ရူမ၀၊ သွေးသောက် မဂ္ဂဇင်းများတွင်

စုံထောက်မူဆိုင်ရာဆောင်းပါးများကို၎င်း၊၁၉၅၄ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ရဲကြေးမုံ၊

မူခင်း၊ ပြစ်မူ တို့တွင်စုံထောက်ဝတ္ထုများကို၎င်း ရေးသားခဲ့သည်။ သူ၏အခြားကလောင်

အမည်များမှာ ရဲအရာရှိတဦး နှင့် ခင်မောင်သွင်ဟူ၍ဖြစ်၏။

သူ၏အခြားထင်ရှားသောလက်ရာများမှာ ကျွနိုပ်စုံထောက်ခဲ့သောမူခင်းများ၊ ညဥ့်သုံးယံ၊

သခွတ်တနယ်ရွာလုယက်မူ၊ လူဆိုးဂုဏ်၊ရှေးကမူခင်း၊ ကြက်ပေါင်စေးဥပဒေ၊ နွားသခိုး၊

အိုးဘိုထောင်ရွာလုယက်မူ  စသည်တို့ဖြစ်သည်။

စာညွန်း။   ဒဂုန်ရွှေမျှား ၏ မြန်မာနိုင်ငံစာပေဆုများ စာအုပ်ပါအကြောင်းအရာများဖြစ်သည်။

You received this email because you are subscribed to the real_time feed for http://juniorwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.