Thursday, October 30, 2008

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများ အပိုင်း(၃)

ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများ အပိုင်း(၃)

ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများ အပိုင်း(၃)

စာဖတ်သူများခင်ဗျား-

တပ်မတော်အတွင်းက ဖြုတ် ထုတ် ချ နဲ့ အာဏာလုပွဲတွေ အခြေအနေကို ပြည်တွင်းက စစ်ဖက်နဲ့နီးစပ်သူက အခုလို ပေးပို့လာလို့ ကျွန်တော်ကိုဖိုးတရုတ်မှ တင်ပြပေး လိုက်ပါတယ်ခင်ဗျား။

ယနေ့ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) မှူးတွေရဲ့  အနေအထားနဲ့ အခြေအနေဟာ အရင်ခေတ်ကနဲ့ မတူဘဲ ပြောင်းလဲသွားပြီဖြစ်တဲ့ အကြောင်းတင်ပြပါအုံးမယ်။ မဆလ အာဏာရှင် အစိုးရ ခေတ်က ကစထမှူး နှစ်ဦးဖြစ်ခဲ့တဲ့ ဒု ဗိုလ်ချုပ်ကြီး စိန်အောင်နဲ့ ချစ်ဆွေတို့ဟာ အဲဒီအချိန်မှာ ပြည်တွင်း စစ်ဆင်ရေးကြီးတွေ ရှိတာမို့ ထိပ်တန်းလျှို့ ဝှက် အဆင့်ရှိတဲ့ စစ်ဆင်ရေး ဦး(၁)က ဦးစားပေး ဖြစ်နေတာကြောင့် သူတို့ရဲ့ အာဏာ ဇောင်းဟာ အစွမ်းထက်လှပါတယ်။ ယခု နအဖ ခေတ်မှာ တော့လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ ငြိမ်းချမ်းရေး ရယူထားပြီး ဖြစ်ရာ တိုက်ပွဲများ နည်းပါးသွားလို့ စစ်ဆင်ရေးလည်း မရှိသလောက် နည်းပါးနေပြီ ဖြစ်ပါတယ်။

အဲဒီအခါမှာ၂၀၀၃ ခုနှစ် နောက်ပိုင်း ကစထမှူးတွေ ဖြစ်လာတဲ့ ဒုဗိုလ်ချုပ်ကြီး (အောင်ထွေး၊ ရဲမြင့်၊ မောင်ဘို၊ ခင်မောင်သန်း) ၄ ဦးဟာ ရုံးခန်းတစ်ခန်း၊ ထိုင်ခုံနဲ့ စားပွဲ တစ်လုံးစီသာ ရရှိပြီး နေ့စဉ် စာဖတ်ကာ ငေါင်စင်းစင်းနဲ့ စစ်ရုံးကို တပ်မဲ့ ဗိုလ်ဘ၀တွေ အဖြစ်နဲ့သာ ရောက်လာခဲ့သူများ ဖြစ်နေကြပါတယ်။ အခြား တိုင်းမှူးတွေ ဖြစ်ခဲ့ကြတဲ့ ဒုဗိုလ်ချုပ်ကြီး (စိုးဝင်း၊ သိန်းစိန်၊ တင်အောင်မြင့်ဦး၊ တင်အေး) တွေကိုတော့ နောက်ခံ တပ်တွေ ရှိတဲ့ စစ်တပ်ရဲ့  အရေးကြီး ရာထူးများ ၊ ဥပမာ- လေကြောင်းကာကွယ်ရေး တပ်ဖွဲ့အရာရှိချုပ်၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်နဲ့ နိုင်ငံရေးအရ သြဇာအာဏာ ရှိလှတဲ့ အတွင်းရေးမှူး (၁/၂) ရာထူးများ ရရှိကုန်ကြပြီ ဖြစ်ရာ အဲဒီ ကစထမှူး (၄) ဦးရဲ့  ရင်ထဲမှာ ဘ၀င်မကျတာတွေရှိလာပြီး တပ်တွင်းအာဏာလုပွဲလည်း အတွင်းပိုင်းမှာ ပြင်းထန်လာပါတယ်။

ဒါကို သိတဲ့ စစ်ဘက်လက်ထောက် ဗိုလ်ချုပ်နေ၀င်းဟာ တပ်ချုပ်ထံ တင်ပြလာပါတယ်။ ဒါကြောင့် ကစထမှူး (၄) ဦးကို နှစ်သိမ့်တဲ့ အနေနဲ့ စစ်တိုင်းများကို ခွဲတမ်းချ ကွပ်ကဲရေး လုပ်ပိုင်ခွင့် ပေးထားမူကို Power လုပ်ပိုင်ခွင့် အရှိန်အဟုန် မြှင့်တဲ့ အနေနဲ့ ကစထမှူး တွေကို နယ်စပ်ဒေသ ဖွံ့ဖြိုးရေး၊ လေယာဉ်လမ်းနှင့် ကားလမ်းတည်ဆောက်ရေး စီမံကိန်း၊ တံတားနှင့် ဆည်ကြီးများ၊ ရေအားလျှပ်စစ် တည်ဆောက်ရေး စီမံကိန်းကြီး တွေမှာ စစ်ဆေးရေး ဆောင်ရွက်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ပေးခဲ့ပါတယ်။ အဲဒီ လုပ်ပိုင်ခွင့်ဟာလည်း အတွင်းရေးမှူး (၁/၂) တို့လို ငွေကြေး ၊အုတ်၊ ဘိလပ်မြေ စသဖြင့်ကို ဖြည့်ဆည်းပေးနိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ မရရှိ ကြဘဲ ဖြည့်ဆည်းပေးဖို့ထက် ဖြုတ်၊ ထုတ်၊ ချ အပြစ်ရှာ အမှုစစ် ပြဿနာ ရှာဖို့ အတွက် လူကြမ်းမင်းသား အဖြစ်သာ သရုပ်ဆောင်ခိုင်းခြင်း ဖြစ်ပါတယ်။ အဲဒီ လူကြမ်းမင်းသား တွေကို အခုအခါမှာတော့ အပြီးဘေးဖယ်လိုက်ပြန်လို့ ဘ၀င်မကျ ဖြစ်နေတဲ့ သူတို့နဲ့ သူတို့ရဲ့ သားတပည့်တွေဟာ အရိပ်အချည်ကို စောင့်ကြည့်လျှက် ရှိနေကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.