Tuesday, October 14, 2008

[HEALTH INFORMATION] 1 New Entry: အစာအိမ်နာ (သို့) လေနာရောဂါ (Peptic Ulcer)

အစာအိမ်နာ (သို့) လေနာရောဂါ (Peptic Ulcer)




အများ ခေါ်သလို အစာအိမ်နာ(သို့) လေနာ လို့ရေးရပေမယ့် တကယ် အတိအကျ ပြန်ဆိုရရင်
Peptic Ulcer ဆိုသည်မှာ အစာချေ လမ်းကြောင်း တစ်လျှောက် ဖြစ်ပေါ်သော အနာခွက် ကို
ဆိုလိုခြင်း ဖြစ်ပါတယ်.. အဓိက အဖြစ်များတဲ့ နေရာတွေ ကတော့ အစာအိမ် (stomach) နဲ့
အူသိမ်ဦး (duodenum) တို့ပဲ ဖြစ်ပါတယ်... အစာအိမ် တွင် ဖြစ်ပါက Gastric Ulcer (GU)
ဟု ခေါ်ပြီး အူသိမ်ဦးတွင် ဖြစ်ပါက Duodenal Ulcer (DU)ဟု ခေါ်ပါတယ်..အားလုံးကို ခြုံပြီး
တော့ Peptic Ulcer (PU) လို့ပဲ ခေါ်ပါတယ်..ဤဆောင်းပါးတွင် ရေးသားသော အစာအိမ်နာ
အသုံးအနှုန်းသည် Peptic Ulcer ကိုသာ ရည်ညွှန်းပါတယ်..



အစာအိမ် ဟာ အစာချေဖို့ အတွက် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (Hydrochloric acid, HCl )
နဲ့ ပက်ပ်ဆင် (Pepsin) ဆိုတဲ့ အင်ဇိုင်း ထွက်ရှိ ပါတယ်.. အစာ အိမ်နဲ့ အူသိမ်ဦး နံရံ မြှေး
(Mucosa) တွေဟာ ပုံမှန်အားဖြင့် အက်ဆစ်နဲ့ ပက်ပ်ဆင်ကို ခံနိုင်ရည် ရှိပါတယ်..အကြောင်း
တစ်ခုခုကြောင့် နံရံမြှေး ခံနိုင်ရည် ကျဆင်းလာတဲ့အခါ အက်ဆစ်နဲ့ ပက်ပ်ဆင် ဟာ နံရံမြှေး
ကို စားပြီး အနာခွက် (Ulcer) ဖြစ်ပေါ်လာ စေပါတယ်... အနာ ဖြစ်စေတဲ့ အဓိက အကြောင်း
(၂)ချက် ကတော့

  • အစာအိမ်တွင်း Helicobacter pylori (H.pylori) ဘက်တီးရီးယားပိုး ဝင်ခြင်းနဲ့

  • အကိုက်အခဲ ပျောက်ဆေးများ (NSAIDs) တာရှည်သုံးစွဲခြင်း
တို့ ဖြစ်ပါတယ်..




H.pylori ပိုးဟာ အရွယ်ရောက်ပြီးသူ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် ကူးစက်ခံထားပြီး ဖြစ်
ကြောင်း WHO မှ ခန့်မှန်း ထားပါတယ်.. H.pylori ပိုးကြောင့် အစာအိမ် ရောင်ရမ်းခြင်း
(Gastritis) ဖြစ်သူများရဲ့ ၉၀% ဟာ ဘာလက္ခဏာမှ မပြပဲ ရှိနေပါတယ်.. H.pylori ပိုးဟာ
သွေးနွေး သတ္တဝါများရဲ့ အစာခြေ လမ်းကြောင်း တစ်လျှောက်မှာ တွေ့ရပြီး လူ့ခန္ဓာကိုယ်
အစာအိမ် ထဲမှာ ရှင်သန်နေထိုင် ပေါက်ဖွားကြ ပါတယ်..ကူးစက်နည်း ကတော့ မစင်မှ အ
စားအစာ၊ ရေ ကနေတစ်ဆင့် ကူးစက်ပါတယ်..


နောက်တစ်မျိုးကတော့ လေးဖက်နာ၊ ဂေါက်ရောဂါ၊ အဆစ်နာရောဂါ ရှိသူများ အကိုက်အခဲ
ပျောက်ဆေးကို တာရှည်စွာ သုံးစွဲခြင်းကြောင့် အစာအိမ်နာ ဖြစ်ပေါ်လာတတ်ပါတယ်..
Diclofenac, Ibuprofen, Naproxen, Aspirin စသည့်ဆေးများသည် အစာအိမ်နာ (Peptic
Ulcer) ဖြစ်စေပါတယ်.. Acetaminophen (Paracetamol) သည် အစာအိမ်နာရောဂါ မဖြစ်
ပေါ်စေပါ..



ဆေးလိပ် သောက်ခြင်းသည် အစာအိမ်နာ ဖြစ်စေရုံသာမက ရောဂါ၏နောက်ဆက်တွဲ ဆိုး
ကျိုးများကိုလည်း ဖြစ်ပေါ်စေပြီး အနာပျောက်ကင်းအောင် ဆေးကုသမှုကိုလည်း ကြန့်ကြာ
စေပါတယ်..စိတ်ဖိစီးမှု (Stress) နဲ့ အစပ်စာ (Spicy Food) များဟာ အစာအိမ် ရောဂါ ဖြစ်
စေတယ်လို့ အရင်က ယူဆခဲ့သော်လည်း အခုခါ H.pylori ပိုးကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်း
ဒီအယူအဆဟာ မှေးမှိန်ခဲ့ပါတယ်..


အစာအိမ်နာ ရောဂါ လက္ခဏာများမှာ
  • ရင်ညွန့် (Just below the Sternum) တွင် နာကျင်ခြင်း
    • များသောအားဖြင့် Gastric ulcer သည် အစာစားပါက ပိုနာတတ်ပြီး Duodenal ulcer သည် အစာစားပြီးပါက နာကျင်မှု သက်သာ လာတတ်ပါတယ်..
    • ရင်ပူရင်ကယ်ဖြစ်ခြင်း

    • လေထလေတက်ခြင်း (bloating & belching)
    • အစာစားချင်စိတ် လျော့နည်းလာခြင်း၊ ကိုယ်အလေးချိန် ကျလာခြင်း
    • အော့အန်ခြင်း၊ သွေးအန်ခြင်း(Hematemesis)၊ ဝမ်းအမဲသွားခြင်း(Melaena)
    တို့ ဖြစ်ပါတယ်..
    ဓါတ်ခွဲစမ်းသပ် စစ်ဆေးချက်များ
    • အစာအိမ် ဓါတ်မှန်ရိုက်ခြင်း (Barium meal X-Rays) အားဖြင့် အစာအိမ်နာ ရှိမရှိ သိနိုင်ပါတယ်..
    • H.pylori ပိုးရှိမရှိ စမ်းသပ်ရန်
      • အစာအိမ်ကြည့် မှန်ပြောင်း (Endoscope) ကြည့်ခြင်းဖြင့် အစာအိမ်နာ ကို တိုက်ရိုက်ကြည့်နိုင်သလို အစာအိမ်ရည်ကိုယူပြီး ပိုးမွေးခြင်းဖြင့် သိနိုင်ပါတယ်
      • Urea Breath Test ၊ သွေး နှင့် ဝမ်း စစ်ဆေးခြင်းဖြင့်လည်း သိနိုင်ပါတယ်..
      • /ul>

    (ဆက်လက် ရေးသားပါမည်)

    You received this email because you are subscribed to the real_time feed for http://drwinthein.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.