Tuesday, October 14, 2008

[MANORHARY] 1 New Entry: လပြည့်နေ့

လပြည့်နေ့

ဒီနေ့သီတင်းကျွတ်လပြည့်နေ့ဖြစ်တာရော၊ဘာမှလုပ်လို့မရနိုင်တာသေချာလို့ရော (သူများတွေအကုန်လုံးရုံးပိတ်ကြတယ်လေ ) ကြောင့်ကျွန်မတို့လည်းရုံးပိတ်တယ်...ကေ ကအဝေးကနေလှမ်းလွမ်းနေတဲ့ပို့စ်ကိုတင်ထားလို့ ကလိခဲ့လိုက်သေးတယ်း)
တစ်ယောက်ကလည်းအိပ်မက်အဆန်းတွေမက်လို့တဲ့...လပြည့်နေ့ကြီးမှာသူမက်တဲ့အိပ်မက်က
တစ်မျိုးကြီးပဲ..ကိုယ်တိုင်မက်နေ
သလိုဖြစ်သွားတာ...ဒါနဲ့မေးခဲ့လိုက်သေးတယ်..
အဲဒီလိုအိပ်မက်တွေအခန်းဆက် လဆက်မက်နေရင်ဘာလုပ်ရမလဲလို့...ဒါကတော့ ကလိတာ
မဟုတ်ဘူး...တကယ်ဖြစ်နေတာ...ကြာပြီ..မအိပ်ရင်ညလုံးနီးပါးမအိပ်ဘူး..အိပ်တာနဲ့ အိပ်မက် က စတော့တာပဲ...နိုးလာရင်
ပင်ပန်းနွမ်းနယ်ပြီးကိုကျန်ခဲ့တာ..နေ့တိုင်း...။ အိပ်မက် အဆိုးနဲ့ အပျော့ (အကောင်းမပါဘူးနော်)ပေါ်မူတည်ပြီး
လူကနည်းနည်းလန်းတဲ့နေ့လန်းတယ် ...မဟုတ်ရင်နုံးခွေနေတာပဲ..ဘာမှမလုပ်ချင်ဘူး...။
လွယ်လွယ်ကူကူပြောရရင်တော့ သူများတကာတွေကို အရင်ဘ၀ကဘယ်လိုနည်းတွေနဲ့များနှောက်ယှက်ထားမိလဲမသိဘူး..။
သေချာတာကတော့ လူက အဲဒီအခန်းဆက်အိပ်မက်တွေကိုတော်တော်မုန်းနေပြီ..ဆိုတာပဲ...
ဘာမှမရေးချင်တော့သူများရေးထားတာတွေလည်ဖတ်ရတာ တစ်မျိုးတော့ကောင်းသား....စာရေးရမှာပျင်းရင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့နည်းလေးလည်း စိုးဇေယျထွန်း ဆီကဆည်းပူးခဲ့သေးတယ်...
သူများတွေလပြည့်နေ့ကိုအမှတ်တရပို့စ်တွေတင်ကြတာတွေ့တော့ကိုယ်လည်းတင်မယ်ဆိုပြီး
လျှောက်ရေးနေတာ..
ဘာမှလည်းမယ်မယ်ရရမရှိဘူး..လမ်းပေါ်မှာတော့လူတွေ လူတွေ...အများကြီးပဲ..
ကန်တော့ဖို့ထွက်တဲ့သူကထွက်တယ်.
.ကန်တော့ပစ္စည်းရှာဝယ်သူက၀ယ်ကြတယ်...ဘုရားဖူးတဲ့သူကဖူးကြတယ်...
နိဗ္ဗာန်ဈေးမျှော်သူကမျှော်တယ်...တိုးဝှေ့ဖို့အင်အားမွေးတဲ့သူကမွေးတယ်..
နေရာကြိုယူတဲ့သူကယူတယ်...
ဒီကြားထဲမှာမှ..လပြည့်နေ့ကြီး မဖွယ်မရာလုပ်ဖို့ကြိုးစားသူကြိုးစားတယ်...မတရားကားခတွေဈေးတင်
သူနဲ့ အသားယူပြီး နှမသားချင်းမစာမနာ မဖွယ်မရာလုပ်တဲ့သူ..ဘယ်သူကပိုပြီး အကုသိုလ်များလဲလို့လည်းစဉ်းစားနေမိသေးတယ်.။
သီတင်းကျွတ် ပွဲတော်ဆိုတာ ဘာကြောင့်ဖြစ်လာတာလဲဆိုတာကို မသိကြတာလား၊မေ့နေကြတာလား ...ဘာမှန်းကိုမသိတော့ဘူး။
သေချာတာကတော့..လူတချို့ ဟာ ပွဲတော်တွေကိုတောင့်တကြတယ်..သူတို့ရင်ထဲကအကြောင်းပြချက်ကိုတော့ ကိုယ်တို့ဘယ်သိ
နိုင်ပါ့မလဲနော်..ကိုယ်ကတော့..ပွဲတော်တွေကိုမုန်းတယ်...မပျော်တတ်လို့လေ..ငယ်ငယ်တည်းက စိတ်ပါလက်ပါဘယ်လိုပွဲကိုမှ
မနွှဲခဲ့ဖူးဘူး..။ဒါကရိုက်မစစ်ရပဲဝန်ခံတာပါ...။ သူတို့တွေကော...တကယ်ပျော်နေကြတာလား...ပျော်ဖို့ကြိုးစားကြည့်နေကြတာ
လား..ပျော်တယ်ဆိုတဲ့အရာကိုမေ့လျော့သွားမှာစိုးလို့ ပြန်လေ့ကျင့်နေကြတာလား..ဒါမှမဟုတ် ကိုယ်ငယ်ငယ်ကလိုပဲ..အလိုမတူ
ပဲ လိုက်ပါဆင်နွှဲနေကြတာလား...တွေးရင်းကိုယ်ခေါင်းတွေကိုက်လာတယ်.။ဒါတောင်..နိဗ္ဗာန်ဈေးဆိုပြီး လက်မှတ်တွေဝေပြီး
အဲဒီလက်မှတ်တွေကို ကြားဖြတ်တာ၊နီးစပ်ရာလက်သင့်ရာလုပ်ပစ်တာ..လုတိုးယူရတာ ဘာဖြစ်လို့လဲလို့မတွေးရသေးဘူး...
တော်ပါပြီ..ရှင်တို့ပဲဆက်တွေးကြတော့...း)

You received this email because you are subscribed to the real_time feed for http://manorhary.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.