Tuesday, October 14, 2008

[HEALTH INFORMATION] 2 New Entries: အစာအိမ်နာ (သို့) လေနာရောဂါ (Peptic Ulcer)

အစာအိမ်နာ (သို့) လေနာရောဂါ (Peptic Ulcer)




အများ ခေါ်သလို အစာအိမ်နာ(သို့) လေနာ လို့ရေးရပေမယ့် တကယ် အတိအကျ ပြန်ဆိုရရင်
Peptic Ulcer ဆိုသည်မှာ အစာချေ လမ်းကြောင်း တစ်လျှောက် ဖြစ်ပေါ်သော အနာခွက် ကို
ဆိုလိုခြင်း ဖြစ်ပါတယ်.. အဓိက အဖြစ်များတဲ့ နေရာတွေ ကတော့ အစာအိမ် (stomach) နဲ့
အူသိမ်ဦး (duodenum) တို့ပဲ ဖြစ်ပါတယ်... အစာအိမ် တွင် ဖြစ်ပါက Gastric Ulcer (GU)
ဟု ခေါ်ပြီး အူသိမ်ဦးတွင် ဖြစ်ပါက Duodenal Ulcer (DU)ဟု ခေါ်ပါတယ်..အားလုံးကို ခြုံပြီး
တော့ Peptic Ulcer (PU) လို့ပဲ ခေါ်ပါတယ်..ဤဆောင်းပါးတွင် ရေးသားသော အစာအိမ်နာ
အသုံးအနှုန်းသည် Peptic Ulcer ကိုသာ ရည်ညွှန်းပါတယ်..


အစာအိမ် ဟာ အစာချေဖို့ အတွက် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (Hydrochloric acid, HCl )
နဲ့ ပက်ပ်ဆင် (Pepsin) ဆိုတဲ့ အင်ဇိုင်း ထွက်ရှိ ပါတယ်.. အစာ အိမ်နဲ့ အူသိမ်ဦး နံရံ မြှေး
(Mucosa) တွေဟာ ပုံမှန်အားဖြင့် အက်ဆစ်နဲ့ ပက်ပ်ဆင်ကို ခံနိုင်ရည် ရှိပါတယ်..အကြောင်း
တစ်ခုခုကြောင့် နံရံမြှေး ခံနိုင်ရည် ကျဆင်းလာတဲ့အခါ အက်ဆစ်နဲ့ ပက်ပ်ဆင် ဟာ နံရံမြှေး
ကို စားပြီး အနာခွက် (Ulcer) ဖြစ်ပေါ်လာ စေပါတယ်... အနာ ဖြစ်စေတဲ့ အဓိက အကြောင်း
(၂)ချက် ကတော့

  • အစာအိမ်တွင်း Helicobacter pylori (H.pylori) ဘက်တီးရီးယားပိုး ဝင်ခြင်းနဲ့

  • အကိုက်အခဲ ပျောက်ဆေးများ (NSAIDs) တာရှည်သုံးစွဲခြင်း
တို့ ဖြစ်ပါတယ်..




H.pylori ပိုးဟာ အရွယ်ရောက်ပြီးသူ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် ကူးစက်ခံထားပြီး ဖြစ်
ကြောင်း WHO မှ ခန့်မှန်း ထားပါတယ်.. H.pylori ပိုးကြောင့် အစာအိမ် ရောင်ရမ်းခြင်း
(Gastritis) ဖြစ်သူများရဲ့ ၉၀% ဟာ ဘာလက္ခဏာမှ မပြပဲ ရှိနေပါတယ်.. H.pylori ပိုးဟာ
သွေးနွေး သတ္တဝါများရဲ့ အစာခြေ လမ်းကြောင်း တစ်လျှောက်မှာ တွေ့ရပြီး လူ့ခန္ဓာကိုယ်
အစာအိမ် ထဲမှာ ရှင်သန်နေထိုင် ပေါက်ဖွားကြ ပါတယ်..ကူးစက်နည်း ကတော့ မစင်မှ အ
စားအစာ၊ ရေ ကနေတစ်ဆင့် ကူးစက်ပါတယ်..


နောက်တစ်မျိုးကတော့ လေးဖက်နာ၊ ဂေါက်ရောဂါ၊ အဆစ်နာရောဂါ ရှိသူများ အကိုက်အခဲ
ပျောက်ဆေးကို တာရှည်စွာ သုံးစွဲခြင်းကြောင့် အစာအိမ်နာ ဖြစ်ပေါ်လာတတ်ပါတယ်..
Diclofenac, Ibuprofen, Naproxen, Aspirin စသည့်ဆေးများသည် အစာအိမ်နာ (Peptic
Ulcer) ဖြစ်စေပါတယ်.. Acetaminophen (Paracetamol) သည် အစာအိမ်နာရောဂါ မဖြစ်
ပေါ်စေပါ..


ဆေးလိပ် သောက်ခြင်းသည် အစာအိမ်နာ ဖြစ်စေရုံသာမက ရောဂါ၏နောက်ဆက်တွဲ ဆိုး
ကျိုးများကိုလည်း ဖြစ်ပေါ်စေပြီး အနာပျောက်ကင်းအောင် ဆေးကုသမှုကိုလည်း ကြန့်ကြာ
စေပါတယ်..စိတ်ဖိစီးမှု (Stress) နဲ့ အစပ်စာ (Spicy Food) များဟာ အစာအိမ် ရောဂါ ဖြစ်
စေတယ်လို့ အရင်က ယူဆခဲ့သော်လည်း အခုခါ H.pylori ပိုးကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်း
ဒီအယူအဆဟာ မှေးမှိန်ခဲ့ပါတယ်..


အစာအိမ်နာ ရောဂါ လက္ခဏာများမှာ

  • ရင်ညွန့် (Just below the Sternum) တွင် နာကျင်ခြင်း
    • များသောအားဖြင့် Gastric ulcer သည် အစာစားပါက ပိုနာတတ်ပြီး Duodenal ulcer သည် အစာစားပြီးပါက နာကျင်မှု သက်သာ လာတတ်ပါတယ်..
    • ရင်ပူရင်ကယ်ဖြစ်ခြင်း

    • လေထလေတက်ခြင်း (bloating & belching)
    • အစာစားချင်စိတ် လျော့နည်းလာခြင်း၊ ကိုယ်အလေးချိန် ကျလာခြင်း
    • အော့အန်ခြင်း၊ သွေးအန်ခြင်း(Hematemesis)၊ ဝမ်းအမဲသွားခြင်း(Melaena)
    တို့ ဖြစ်ပါတယ်..
    ဓါတ်ခွဲစမ်းသပ် စစ်ဆေးချက်များ
    • အစာအိမ် ဓါတ်မှန်ရိုက်ခြင်း (Barium meal X-Rays) အားဖြင့် အစာအိမ်နာ ရှိမရှိ သိနိုင်ပါတယ်..
    • H.pylori ပိုးရှိမရှိ စမ်းသပ်ရန်
      • အစာအိမ်ကြည့် မှန်ပြောင်း (Endoscope) ကြည့်ခြင်းဖြင့် အစာအိမ်နာ ကို တိုက်ရိုက်ကြည့်နိုင်သလို အစာအိမ်ရည်ကိုယူပြီး ပိုးမွေးခြင်းဖြင့် သိနိုင်ပါတယ်
      • Urea Breath Test ၊ သွေး နှင့် ဝမ်း စစ်ဆေးခြင်းဖြင့်လည်း သိနိုင်ပါတယ်..
      • /ul>

    (ဆက်လက် ရေးသားပါမည်)

    တုပ်ကွေးရောဂါ (Influenza)


    မြန်မာနိုင်ငံမှာ တုပ်ကွေး ရောဂါဟာ ပြီးခဲ့တဲ့ လ ကထဲက အခုထိ ဖြစ်ပွားဆဲ ရောဂါ တစ်ခု ပါပဲ ...

    တုပ်ကွေး ရောဂါဟာ influenza virus ပိုး ကြောင့်ဖြစ်ပြီး A,B,C ဆိုပြီး virus အမျိုးအစား (၃) မျိုး ရှိပါတယ်။ ရာသီကို လိုက်ြပီး ဖြစ်တာ မို့ Seasonal influenza လို့ သတ်မှတ်ပြီး အလွယ်တကူ Flu လို့ပဲ ခေါ်ပါတယ်။ influenza virus A နဲ့ B ဟာ နှစ်စဉ် ပုံမှန် ဖြစ်ပွား တတ်ပြီး ဒေသတွင်း ပျံ့နှံ့ ကူးစက် တတ်ပါတယ် (Epidemic disease)။ influenza virus C ကတော့ ရံဖန်ရံခါ မှသာ နေရာ ကွက်ပြီး ဖြစ်ပွား တတ်ပါတယ် (Sporadic disease) ။

    အဖြစ်အများဆုံး ကတော့ Virus A ပါဘဲ ။ Virus A ကို surface protein ပေါ် မူတည်ပြီး အုပ်စုခွဲ (subtype) များ ထပ်မံ ခွဲခြား နိုင်ပါတယ် ... surface protein များ ကတော့ Hemagglutinin (H) နဲ့ Neuraminidase (N) တို့ဖြစ်ပြီး (H)မျိုး ကွဲ (၁၆) မျိုးနဲ့ (N) မျိုးကွဲ (၉) မျိုး လောလောဆယ် စမ်းသပ် တွေ့ရှိ ထားပါတယ် ။ Virus A surface protein များဟာ ဗီဇ ပြောင်းလဲမှုများ ဖြစ်ပေါ် တတ်ပြီး အုပ်စုခွဲမျိုးကွဲများ ဖြစ်ပေါ်လာ တတ်ပါတယ် ။ Virus A (H1N1) ဟာ လတ်တလော ကမ္ဘာမှာ အဖြစ်များဆုံး အုပ်စုခွဲပဲ ဖြစ်ပါ တယ်။
    (ကြက်ငှက် တုပ်ကွေး Avian or Bird Flu ဖြစ်စေ တာကတော့ Virus A (H5N1) ပဲ ဖြစ်ပါတယ်)


    တုပ်ကွေးဟာ အနောက် နိုင်ငံ တွေမှာတော့ Winter & Spring ရာသီတွေမှာ ဖြစ်ပွား လေ့ရှိပြီး မြန်မာ နိုင်ငံမှာ တော့ မိုးနှောင်းပိုင်း (August, September) မှာ အဖြစ်များ တာ တွေ့ရပါတယ် ။ တုပ်ကွေး ဗိုင်းရပ်စ် ဟာ ရောဂါပိုး ရှိသူ၏ နှာခြေ၊ ချောင်းဆိုးခြင်း ကြောင့် အသက်ရှူလမ်း ကြောင်း မှတစ်ဆင့် အဓိက ကူးစက်ပြီး ရောဂါပိုး ရှိသူရဲ့ နှာရည်၊ တံတွေးကို တစ်ဆင့်ခံ ထိတွေ့မိ ရာမှ လည်း ကူးစက် နိုင်စေ ပါတယ်။
    ( ဥပမာ - တယ်လီဖုန်း၊ တံခါး လက်ကိုင်၊ ဇွန်းခက်ရင်း ...)

    တုပ်ကွေး ရောဂါ လက္ခဏာဟာ ရောဂါပိုး ထိတွေ့ ဝင်ရောက်ပြီး ၂-၃ ရက် အတွင်း ပေါ်ပေါက်လာ တတ်ပါတယ် ။ ရောဂါ လက္ခဏာ တွေ ကတော့

    • အဖျားတက်ခြင်း
    • ခေါင်း ကိုက်ခြင်း
    • ချောင်းဆိုးခြင်း
    • လည်ပင်း နာခြင်း
    • နှာရည် ကျခြင်း၊ နှာ ပိတ်ခြင်း
    • တစ်ကိုယ်လုံး ကိုက်ခဲခြင်း
    • နုံးခွေသွားခြင်း
    • ကလေးများတွင် ဝမ်းလျှောပြီး အန်တတ်ခြင်း

    တို့ ဖြစ်ပါတယ် ...

    တုပ်ကွေး ရောဂါ ခံစား ရပြီ ဆိုပါက ...
    • အိမ်မှာ လုံလောက်စွာ အနားယူပါ
    • အရည် များများ သောက်ပါ ... အရက်နဲ့ ဆေးလိပ် ရှောင်ပါ ...
    • ရောဂါ လက္ခဏာ သက်သာ စေသော ဆေးများ (symptom relief) သောက်နိုင် ပါတယ် ။ ဥပမာ - Paracetamol , Chlorpheniramine (Burmeton) ... လူငယ်ပိုင်း နှင့် ကလေးများ ကို Aspirin (Buspro) မတိုက်ရပါ ။
    • ချောင်းဆိုး ပျောက်ဆေး ရည်၊ ချွှဲပျော် ဆေးရည် များကို လိုအပ်ပါက ပေးနိုင်ပါတယ် ။ ရေနွေး ငွေ့ရှူခြင်းသည် လည်း နှာပိတ်ခြင်းကို သက်သာ စေပါတယ်။ အရည် ခန်းခြောက်ခြင်း ရှိပါက ဓါတ်ဆားရည် သောက်နိုင်ပါတယ် ။
    • ဗိုင်းရပ်စ် သေဆေး(antiviral drugs) များကို ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း စနစ်တကျ သောက်ပါ။ (မြန်မာနိုင်ငံ မှာတော့ ပေးလေ့ မရှိပါ ။ ဆေးလည်း ရှားပါး ပါတယ်။) ဆေးတွေ ကတော့
      • Relenza® (Zanamivir)
      • Tamiflu® (Oseltamivir) - ဒီဆေး ဆိုရင် အခု နေရာ တော်တော် များများ မှာ ဆေးမတိုးတဲ့ ပြဿနာ ရှိနေ ပါပြီ ။ (WHO Report)WHO Report

    တုပ်ကွေး ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေ ကတော့ နမိုးနီးယား (Pneumonia due to viral or bacteria)၊ နား ပိုးဝင်ခြင်း၊ ထိပ်ကပ်နာ ဖြစ်ခြင်း၊ ရောဂါ အခံ ရှိသူများ (ဆီးချို၊ နှလုံး၊ ပန်းနာ၊ ကျောက်ကပ်နာများ) ဟာ ရောဂါ ပိုဆိုးခြင်း တို့ ဖြစ်တတ် ပါတယ် ။



    ရောဂါ ကာကွယ်ရေး အနေနဲ့ ကတော့ ...
    • လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးပါ ... (ရောဂါပိုး လက်တွင် ကပ်နေ ပါက ကင်းစင် စေရန်)
    • လက်မဆေးမီ မျက်လုံးနှင့် နှာခေါင်းကို မကိုင်တွယ် မိစေရန် သတိ ထားပါ ။
    • တုပ်ကွေး ဖြစ်သော အချိန်တွင် မျက်နှာသုတ် ပုဝါ၊ လက်ကိုင် ပုဝါ အစရှိတဲ့ အသုံး အဆောင်များ အတူ သုံးခြင်း ရှောင်ကြဉ်ပါ။
    • နှစ်စဉ် တုပ်ကွေး ရာသီ ရောက်လျှင် ကာကွယ်ဆေး ထိုးခြင်းဖြင့် ကာကွယ် နိုင်ပါတယ်။

    You received this email because you are subscribed to the real_time feed for http://drwinthein.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.